တာလတ်ပစ် ဒုံးပျံ အမြောက်အများ ထုတ်လုပ်ရန် မြောက်ကိုရီးယား အသင့် ရှိနေပြီဟု ဆို

တာလတ်ပစ် ဒုံးပျံ အမြောက်အများ ထုတ်လုပ်ရန် မြောက်ကိုရီးယား အသင့် ရှိနေပြီဟု ဆို
May 24, 2017 Asian Fame

10:57 am
တာလတ်ပစ် ဒုံးပျံ အမြောက်အများ ထုတ်လုပ်ရန် မြောက်ကိုရီးယား အသင့် ရှိနေပြီဟု ဆို

North-Korea-says2(ဆိုးလ်၊ မေ ၂၃)

မြောက်ကိုရီးယား တို့သည် တာလတ်ပစ်ဒုံးပျံတစ်ခုကို ပြီးခဲ့သည့် တနင်္လာနေ့က စမ်းသပ်ပစ် လွှတ်ခဲ့ပြီး၊ ထိုသို့သော ဒုံးပျံတို့ကို အမြောက် အများ ထုတ်လုပ်ရန် အတွက် နည်းပညာနှင့် ပစ္စည်းများ အပြည့်အစုံ လက်ဝယ် ရှိပြီးဖြစ်နေကြောင်း သိရသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမေရိကန် ကျွမ်းကျင်သူတို့က လေ့လာ သုတေသနပြုနေဆဲပင် ဖြစ်သော်လည်း မြောက်ကိုရီးယား တို့က ယခု ကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

North-Korea-saysအဆိုပါ တာလတ်ပစ် ဒုံးပျံမှာ ”Pukguksong-2” အမျိုးအစား လောင်စာခဲ အသုံးပြု သည့် ဒုံးပျံ ဖြစ်ပြီး၊ စမ်းသပ်မှု အနည်းငယ် မျှသာပြု လုပ် ခဲ့ခြင်းကြောင့် ယင်းဒုံးပျံ၏ စိတ်ချ ရမှု အတွက် အမေရိကန် သုတေသီ တို့က သံသယ ရှိနေသော ဒုံးပျံ လည်းဖြစ် သည်။

ထိုသို့ စမ်းသပ်မှု အနည်းငယ်နှင့် ပင် ယင်းဒုံးပျံ များကို အမြောက်အများ ထုတ်လုပ် ဦးမည် ဆိုသဖြင့် အမေရိကန် တို့က မြောက်ကိုရီးယား အပေါ် ပြစ်တင် ဝေဖန် လျှက်ရှိကြသည်။

PN002
Ref: North Korea says missile ready for mass production, U.S. questions progress

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*