”ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြန်ခဲ့တာ မဟုတ်တဲ့ အနိုင်မခံ”

”ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြန်ခဲ့တာ မဟုတ်တဲ့ အနိုင်မခံ”
May 19, 2017 Asian Fame

3:09 pm
”ဗိုလ်ချုပ်အောင်ဆန်း မြန်မာပြန်ခဲ့တာ မဟုတ်တဲ့ အနိုင်မခံ”

NyoMyaဗိုလ်ချုပ်အောင်ဆန်း မြန်မာ ဘာသာသို့ ပြန်ဆိုခဲ့သည်ဟု လူသိများနေသော ”အနိုင်မခံ”ကဗျာမှာ အိုးဝေ ဦးညိုမြ မြန်မာပြန် ခဲ့ခြင်း သာဖြစ်ပြီး၊ ထိုသို့ပြန်ဆို ဖြစ်ခဲ့ခြင်း ကိုလည်း သူကိုယ်တိုင်စာနှင့် ရေးသား၍ ပြောဆိုခဲ့ပါသည်။

“အနိုင်မခံ”

ငါ့အားဖုံး လွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံ တရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး။ ကံတရား ၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

ဤ ဒေါသ လောဘတို့ ကြီးစိုးရာ ဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျှက်ရှိ၏။ သို့သော်လည်း ငါ့အား မတုန်လှုပ်သည် ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သား ထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်သာဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်တော့သည်။

ဆရာညိုမြ(၁၉၁၄ – ၁၉၈၅)

– အိုးဝေမဂ္ဂဇင်း၊ စာတည်း မောင်ညိုမြ(၁၉၁၄ – ၁၉၈၅) ၏ ခေါင်းကြီးပိုင်း။
တက္ကသိုလ် သမဂ္ဂအသင်း၏ “အိုးဝေမဂ္ဂဇင်း”၊
အတွဲ ၆၊ အမှတ် ၁၊ မြန်မာသက္ကရာဇ် ၁၂၉၈ခု(ခရစ်နှစ် ၁၉၃၆) တော်သလင်းလ။
================
“Invictus”
Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find me, unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.

W. E. Henley

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*