ဟောင်ကောင်သို့ မြန်မာအိမ်အကူများ စေလွှတ်နိုင်ရေးအတွက် သွားရောက်လေ့လာမည်

ဟောင်ကောင်သို့ မြန်မာအိမ်အကူများ စေလွှတ်နိုင်ရေးအတွက် သွားရောက်လေ့လာမည်
May 17, 2017 Asian Fame

2:56 pm
ဟောင်ကောင်သို့ မြန်မာအိမ်အကူများ စေလွှတ်နိုင်ရေးအတွက် သွားရောက်လေ့လာမည်

ရဲလွင်
ရန်ကုန်၊ မေ ၁၅

ဟောင်ကောင်သို့ အိမ်အကူ လုပ်သားပို့နိုင်ရေးအတွက် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် MOEAF က စစ်တမ်းကောက်ယူ မည်ဖြစ်ကြောင်း အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”အခုက မလေးရှားကိုလည်း ပိတ်ထားတော့ ထိုင်းတစ်ခုပဲရှိတယ်။ ဆာဗေးဆင်းတဲ့ သဘောမျိုးနဲ့ ဟောင်ကောင်ကိုသွားပြီး ကြည့်ဖို့ရှိပါတယ်” ဟု အဆိုပါ အသင်းချုပ် တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ အိမ်အကူ ပို့ဆောင်ရန် အတွက်ဖြစ်ပြီး ယင်းအတွက် ဟောင်ကောင်နှင့် MOEAF ကြား လက်မှတ် ရေးထိုးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိုသို့ လက်မှတ်ရေးထိုးပြီး နောက် ဟောင်ကောင်သို့ ပထမအကြိမ်အဖြစ် သွားရောက် လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ ပြည်ပသို့ မြန်မာနိုင်ငံမှ အိမ်အကူ များ အများဆုံးသွားရောက်လုပ် ကိုင်လျက်ရှိသော စင်ကာပူနိုင်ငံ ထက် သာလွန်ပြီး အိမ်အကူများအနေဖြင့် ပိုမိုသာလွန်သော အနေ အထားဖြင့် နေထိုင်ရကြောင်း၊ ယခု ဒုတိယအကြိမ်ဆာဗေးဆင်းပြီးပါက ဟောင်ကောင်သို့ တရားဝင်အိမ်အကူ ပို့ဆောင်ခွင့်ပြု ပေးရန် အစိုးရသို့ တင်ပြသွား မည်ဖြစ်ကြောင်း MOEAF မှ သိရသည်။ လက်ရှိတွင် အစိုးရက မြန်မာ အိမ်အကူများကို ပြည်ပသို့စေလွှတ် ခွင့်လုံးဝ ပိတ်ပင်ထားသည်။

သို့သော် စင်ကာပူသို့ မြန်မာနိုင်ငံမှ တရားမဝင်သွားရောက်နေသော အိမ်အကူများများစွာရှိ နေကြောင်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO အပါအဝင် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုထားပြီး အစိုးရကလည်း အဆိုပါဖြစ်ရပ်ကို သိရှိ ကြောင်း၊ စစ်ဆေးကြပ်မတ်နေကြောင်း ဆိုထားသည်။မေလ ၁၄ ရက်နေ့က ပြုလုပ်သော အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန၏ လေးလပတ်အစည်း အဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယူအေအီး၊ ကာတာနှင့် တရုတ် (တိုင်ပေ) သို့ အလုပ်သမား စေလွှတ်နိုင်ရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*