ရန်ကုန်ညဈေး ပြန်အသက်သွင်းပေးပါ

ရန်ကုန်ညဈေး ပြန်အသက်သွင်းပေးပါ
May 16, 2017 Asian Fame

3:49 pm
ရန်ကုန်ညဈေး ပြန်အသက်သွင်းပေးပါ

Cover

လွန်ခဲ့သည့်ငါးလခန့်က ယခု နေရာတွင် မီးရောင်ထိန်ထိန်ညီး လျက် ရောင်းသူဝယ်သူများဖြင့် စည်ကားခဲ့သည်။ မြန်မာအစားအစာ၊ ရှမ်းအစားအစာ၊ တရုတ်အစားအ စာ၊ အိန္ဒိယအစားအစာမှအစ သစ်သီးဝလံအဆုံး အားလုံးစုံစုံလင်လင် ရနိုင်သည့် ဈေးတန်းကြီးက ရှုလို့မဆုံး တမျှော်တခေါ်။ အချို့ဆိုင်များတွင် ထိုင်ခုံနေ ရာရဖို့ပင် ရပ်စောင့်ရသည်အထိ စည်ကားခဲ့သည့်ဈေးတန်း၊ ထိုဈေး တန်းမှာ လက်ရှိအစိုးရသစ်က အကောင်အထည်ဖော်ပေးလိုက်သော ကမ်းနားလမ်းညဈေး ဖြစ်သည်။ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက် တံတား၊ လသာ လေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို နေရာချထား ပေးခဲ့သည့် ညဈေးတန်းသည် ဖွင့် ခါစအချိန်က လွန်စွာစည်ကားခဲ့သ လောက် ခြောက်လနီးပါး ကြာလာသည့်အခါ တစ်စတစ်စ တိတ်ဆိတ် ခြောက်ကပ်လာခဲ့သည်။

ညနေပိုင်းမှ စည်ကားသည့် ဈေးဖြစ်သော်လည်း ညနေ ၆ နာရီ ကျော်သည်အထိ လူများများစား စားမရှိ။ ခရီးသွားဟန်လွဲ ဖြတ်သွား ကြသော လူနည်းစုလောက်သာ ရှိ သည်။ ထို့အပြင် လည်ပတ်စားသောက် သူများသာ နည်းပါးနေသည်မဟုတ် ဘဲရောင်းချသော ဈေးဆိုင်ခန်းများ မှာလည်း ယခင်နှင့်မတူ ကျိုးတိုး ကျဲတဲသာရှိတော့သည်။ နေရာ လပ်အကျယ်ကြီးတစ်ခုနှင့် တစ်ခု ကြားထဲတွင်မှ ဆိုင်ထွက်သောဈေး သည်များမှာ ဟိုနေရာသည်နေရာ တစ်စုတစ်စုနှင့်။ ရောင်းချနေသော ဈေးသည်များမှာလည်း တစ်ယောက် စ နှစ်ယောက်စ ဖြတ်သွားသော ဈေးဝယ်သူများကိုကြည့်ကာ ငေးတိ ငိုင်တိုင် အမူအရာများနှင့် ဈေး ရောင်းနေကြသည်။

စားသုံးသူ မရှိသော်လည်း ဗန်းထဲရှိ ဝက်သားများကို လှီးနေ သည့် ဦးမြင့်ကြိုင်က စိတ်ပျက် လက်ပျက်ပုံစံဖြင့် ”အရောင်းအ ဝယ်မကောင်းဘူး။ ဈေးကအသစ် လိုဖြစ်သွားတော့ ပြီးတော့ အစား အသောက် ရောင်းတာလည်းဖြစ် တော့ အရောင်းအဝယ် အေးတာ ပေါ့။ လောလောဆယ်တော့ ရောင်း ကောင်းကောင်း မကောင်းကောင်း ရောင်းနေရတာပဲလေ။ ဘေးကဆိုင် တွေကတော့ မထွက်ကြတော့ဘူး” ဟု ဘေးမှ ကွက်လပ်ဖြစ်နေသော ဆိုင်ခန်းနေရာများကို လက်ညှိုးထိုး ရင်း ပြောသည်။

ဈေးသည်တွေ
ဈေးလာရောင်းဖို့ သတိပေး

ယခုရက်ပိုင်းအတွင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော် မတီက သတိပေးစာတစ်စောင်ထုတ် ပြန်ထားသည်။ ယင်းသတိပေးစာ မှာ ကမ်းနားလမ်းညဈေးတွင် ဈေး ရောင်းချနေကြသော ဈေးသည် များကို မေလ ၁ဝ ရက်နေ့ နောက် ဆုံးထားပြီးဆိုင်များ ပြန်လည်ထွက် ပေးကြရန်ဟူ၍ ဖြစ်သည်။ အ ကြောင်းမှာ ကမ်းနားလမ်းညဈေးရှိ ဆိုင်ခန်းနေရာ ယူထားကြသော ဈေးသည်များ ဆိုင်မထွက်ကြသော ကြောင့်ပင် ဖြစ်သည်။ ထိုအတွက်ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်း ဖြစ်ပြီး သတ်မှတ် နေ့ရက် နောက်ဆုံးထား၍ ဆိုင်မ ထွက်ပါက ထိုဆိုင်နေရာများကို ပြန်လည်သိမ်းဆည်းသွားမည်ဟု ဆိုသည်။

ရန်ကုန်ညဈေးဖွင့်အပြီး ၆ လ ကြာမြင်ကွင်း

ရန်ကုန်ညဈေးဖွင့်အပြီး ၆ လ ကြာမြင်ကွင်း

ထို့နောက် ယခင်က နေရာမရ ခဲ့ကြသော ဈေးသည်များကို ပြန် လည်နေရာချပေးမည်ဟု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော် မတီ၊ ပန်းဘဲတန်းမြို့နယ်မှ စီမံရေး ရာဌာနမှူး ဦးလင်းဇော်ထွန်းက ပြောသည်။ ”ဒီဘက်မှာ ရောင်းချချင်တဲ့ ဈေးသည်တွေ ရှိရင်လည်း ရောင်း လို့ရအောင် အလဟဿ မဖြစ်အောင်ပေါ့။ လာမရောင်းတဲ့ဈေး သည်တွေကို ပထမအဆင့်အနေနဲ့ ဧပြီ ၂၄ ရက်နေ့ကတည်းက သတိ ပေးစာပေးပို့ခဲ့တယ်။ ပြန်ရောင်း ကြဖို့ပေါ့”ဟု ၎င်းကပြောသည်။နေရာမရရှိသေးသော ဈေး သည်များထဲမှ ဆိုင်ခန်းနေရာ ရရှိ လိုကြောင်း ၎င်းကို တင်ပြထားမှု များရှိကြောင်း ပြောသည်။

ညဈေးတွင် ရောင်းချနေသော ဈေးသည်များမှာ ယခင်က လမ်းမ ကြီးများပေါ်တွင် ရောင်းချခဲ့သူ များဖြစ်ကြပြီး ယခုအခါနေရာ အနေအထားပေါ် မူတည်ကာ အ ရောင်းအဝယ် မကောင်းသော ကြောင့် လာမရောင်းကြခြင်းဖြစ် သည်ဟု ဦးလင်းဇော်ထွန်းက ရှင်း ပြသည်။ လာရောက်ရောင်းချသော ဈေးသည်မှာ ပန်းဘဲတန်းမြို့နယ်မှ ဈေးသည် ၂၉၅ ဦးရှိသည့်အနက် ၁၈ ဦးခန့်သာ လာရောက်ရောင်း ချသည်ကို တွေ့ရကြောင်း သူက စာရင်းပြသည်။ ထိုပမာဏမှာ ပန်း ဘဲတန်းမြို့နယ်အတွင်း ဆိုင်ခန်း ရရှိသည့်ဈေးသည်များ၏ ၅ ရာခိုင် နှုန်းခန့်သာရှိသည်။ လေးမြို့နယ် စလုံးတွင်မူ ဈေးသည် ၂ဝဝဝ ကျော် အနက် ၁ဝဝဝ ကျော်လာ ရောက် ရောင်းချသောကြောင့် ၅ဝ ရာခိုင် နှုန်းခန့် ရောင်းချသူရှိနေကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အ မှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။ ယခုကဲ့သို့ သတိပေး စာများထုတ်ပြန်၍ စီစဉ်ရခြင်းမှာ ညဈေးကို ပြန်လည်စည်ကားစေ လိုသောကြောင့် ပြင်ဆင်ခြင်းဖြစ် ကြောင်း သူက ပြောသည်။

ညဈေးတန်းအစ

ရန်ကုန်မြို့တွင်း လေးမြို့နယ် ဖြစ်သည့် လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကျောက်တံတားမြို့ နယ်တို့တွင် လမ်းဘေးဈေးသည် စုစုပေါင်း ၆၄ဝ၁ ဦးကျော်ရှိသည့် အနက်မှ ၂ဝဝဝ ကျော်ကို မဲနှိုက် စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကမ်းနားလမ်းတစ်လျှောက် တွင် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလအ တွင်းက နေရာချပေးခဲ့သည်။ ၂၄ နာရီ ဈေးမရောင်းရ လမ်းများအ ဖြစ် ဗိုလ်ချုပ်လမ်း၊ အနော်ရထာ လမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည် လမ်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်း လမ်း၊ ဆူးလေဘုရားလမ်း၊ ရွှေတိ ဂုံဘုရားလမ်း၊ လသာလမ်း၊ လမ်းမ တော်လမ်းနှင့် ဘုန်းကြီးလမ်းတို့ကို သတ်မှတ်ခဲ့ပြီး ယင်းနေရာများတွင် ရောင်းချနေခဲ့သော ဈေးသည်များထဲမှ အစားအသောက်ရောင်းချ သောဈေးသည်များကို ကမ်းနား လမ်းသို့ ပြောင်းရွှေ့ရောင်းချစေခဲ့ ခြင်း ဖြစ်သည်။

ထိုစဉ်က ဈေးရောင်းချသူများ အနေဖြင့် ၈ ပေပတ်လည် ဆိုင် နေရာအတွက် သန့်ရှင်းရေးဆောင် ရွက်ခ တစ်ရက်လျှင် ကျပ်၃ဝဝ၊ Aerial Mast များအတွက် ကျပ် ၇ဝဝ၊ ရေဖိုးကျပ် ၃ဝဝ၊ တစ်ရက် လျှင် စုစုပေါင်းကျပ် ၁၃ဝဝ၊ ၄ ပေ ၈ ပေနှင့် ၄ ပေ ၆ ပေ ပတ်လည် ဆိုင်ခန်းများအတွက် သန့်ရှင်းရေး ဆောင်ရွက်ခ ၁၅ဝ၊ Aerial Mast များအတွက် ကျပ် ၃၅ဝ၊ ရေအဖိုး အခအနေဖြင့် ကျပ်၁၅ဝ၊ စုစုပေါင်း ကျပ် ၆၅ဝ တို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံ သို့ ပေးသွင်းရသည်။

ထိုသို့ ကမ်းနားလမ်းတစ် လျှောက် (အောင်ရတနာလမ်းမှ ပန်းဆိုးတန်းလမ်းအထိ)၊ ကျောက် တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ လမ်း (မဟာဗန္ဓုလမ်းမှ ကမ်းနား လမ်းကြားနှင့်ဘဏ်လမ်း (မဟာ ဗန္ဓုလပန်းခြံလမ်းမှ ပန်းဆိုးတန်း လမ်းကြား)တို့ကို ညဈေးအဖြစ်ဖွင့် လှစ်ခဲ့မှုကို တိုင်းဒေသကြီး အစိုးရက နိုင်ငံတကာအဆင့်မီ ညဈေးတစ် ခုအဖြစ်၊ ခရီးသွားဆွဲဆောင်မှုအဖြစ် ပါ ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။ ထို့အပြင် ပလက်ဖောင်းများ ပေါ်တွင် ဈေးရောင်းချနေမှုများကို ပပျောက်အောင်ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ငွေကြေးအ မြောက်အမြားပင် အကုန်အကျခံ ကာ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ စနစ် တကျ သိမ်းဆည်းရေး၊ သန့်စင်ခန်း စသည်တို့ကို ပြုလုပ်ပေးခဲ့သည်။ ထိုအတွက်ဈေးရောင်းချသူများက မှတ်ပုံတင်ကြေး ၅ဝဝ ကျပ်သာ ပေး သွင်းရသည်။ ဆိုင်ခန်းနေရာကိုမူ တစ်ဆင့် လွှဲပြောင်းရောင်းချ၍ မရပေ။

အသက်မဝင်တော့တဲ့ ညဈေး

ထိုသို့ စနစ်တကျ လုပ်ဆောင်ပေးခဲ့သော်လည်း ကမ်းနားလမ်းည ဈေးမှာတိုင်းအစိုးရက မူလရည်ရွယ်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။ လသာမြို့နယ်နှင့် လမ်းမတော် မြို့နယ်တို့ရှိဈေးသည်များမှာ အ ရောင်းအဝယ် ကောင်းကြသော်လည်း ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်ဆိုလျှင် ဈေးရောင်းချသူ အလွန်ပင်နည်းပါးနေ သည်ကိုတွေ့ ရသည်။ ဈေးသည်အချို့ကို မဟာဗန္ဓု လပန်းခြံလမ်းတွင် ညဈေးအဖြစ် နေရာချပေးခဲ့မှုကြောင့် ကမ်းနာ လမ်းအထိ စားသုံးသူများက မဆင်း ကြတော့ကြောင်း၊ ထို့ကြောင့် ပန်း ဘဲတန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်အတွင်းရှိ ဈေးသည်များမှာ အရောင်းအဝယ်ကျဆင်းကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ်အ မှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။ ”ဈေးသည်တွေအနေနဲ့ကတော့ ရာနှုန်းပြည့် ရောင်းမကောင်း ကြဘူး။ ဖြေရှင်းဖို့ကျတော့လည်း ဒီနေရာကို သတ်သတ်မှတ်မှတ်နဲ့ဈေးတစ်ခုအနေနဲ့ အောင်မြင်ဖို့ကို ဈေးရောင်းချတဲ့ သူတွေရော စီမံခန့်ခွဲတဲ့သူတွေရော အများပြည်သူ ကလည်း ဒီနေရာမှာပဲ သွားဝယ်ဖို့ဆိုတဲ့ အနေအထားတစ်ခု ဖန်တီး နိုင်ဖို့လိုပါတယ်” ဟု၎င်းက ပြောသည်။

စတင်ဖွင့်လှစ်စဉ်အခါက ည ဈေးတန်း နေရာချထားပေးမှုတွင် ဆိုင်ခန်းမရရှိခဲ့ကြသော လမ်းဘေးဈေးသည်များအား မူလနေရာတွင် ဆက်လက်ရောင်းခွင့် မပြုပါက အ ခြားနေရာတစ်ခု စီစဉ်ပေးစေလိုသည်ဟူ၍ သတင်းစာရှင်းလင်းပွဲ များ၊ ဆန္ဒပြမှုများပင် ရှိခဲ့သည်။ ယခုအခါမူ နည်းပါးလှသော ဈေးဝယ်သူကြောင့် ဈေးဦးပင် မပေါက် သည့် ရက်များရှိခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်အတွင်း ဈေးရောင်းချ သောဈေးသည်တစ်ဦးက ဆိုသည်။

”ဒါ ကျွန်တော့်ဘေးမှာဆိုရင် တရုတ်တန်းက ကိုကိုညီညီထမင်း ကြော်ဆိုင်၊ ၁၈ လမ်းက တုတ်ထိုး ဆိုင်၊ ဟိုးဘက်က သင်္ဃန်းကျွန်းအဖွဲ့ တွေ ဒါတွေက အရင်းမရလို့ပြန်သိမ်း သွားကြတာလေ။ တစ်ရက် အရင်းမရ နှစ်ရက်လည်း အရင်းမရနဲ့ ဆိုတော့ ကြာတော့ဘယ်ခံနိုင်တော့ မလဲ။ အိမ်ကမိသားစုက နေ့ည အမြဲ တမ်းစားနေတာလေ”ဟု ၎င်း၏ ခံစားချက်ကို ပြောသည်။

ပစ္စည်းများမှာ ညဈေးတွင် ထားခဲ့၍မရသောကြောင့် ရရှိသော အမြတ်ငွေနှင့် ပစ္စည်းထားခ၊ သိမ်းခ များနှင့် မကိုက်ကြသောကြောင့် ဆိုင်ခန်းများ မထွက်ကြခြင်းဖြစ် ကြောင်း ညဈေးတွင် စာအုပ်အဟောင်းရောင်းသော ဦးသန်းဝင်းက ပြောသည်။

”အရင်းမရတဲ့သူတွေက အများကြီးပဲလေ။ ဒီဘက်တောက်လျှောက် ဆို ပြောင်သလင်းနေတာပဲ။ ဒီဈေး တန်းက နောက်ပိုင်း ဘာဖြစ်သွား လဲဆိုတော့ နိုင်ငံရေးစကားဝင်ရင် ချမ်းသာတဲ့သူတွေက သူဌေးဖြစ်ကုန် တယ်။ ဆင်းရဲတဲ့သူ မွဲကုန်တယ်။ သိချင်ရင် လမ်းတစ်လျှောက်သာ လိုက်ကြည့်။ ကိုယ်ပိုင်ကားနဲ့ လာ ဖွင့်တဲ့သူက ၁၅၊ ၂ဝ ပေလောက် ရှိတယ်။ တကယ် စားစရာမရှိလို့ ရောင်းစားကြတဲ့သူတွေက လေးပေ ပဲရှိတယ်” ဟု ပြောသည်။

ညဈေး မစည်ကားတော့တဲ့
အကြောင်းရင်း

ယခုကဲ့သို့ ကမ်းနားလမ်း ညဈေး ခြောက်ခြောက်ကပ်ကပ် ဖြစ် နေရခြင်းမှာ စည်ပင်၏စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း ကမ်းနားလမ်းညဈေးကို အကောင် အထည်ဖော်ရန် လွှတ်တော်သို့ အ ဆိုတင်သွင်းခဲ့သူ ကျောက်တံတား မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ် ကြည်ပြာက ဆိုသည်။

ကမ်းနားလမ်းတွင် ဈေးဆိုင် များမထွက်ကြခြင်းမှာ နေရာရပြီး သူများက ညဈေးသို့မရွှေ့ဘဲ ယခင် နေရာများတွင်သာ ရောင်းချနေခြင်း ကို ထိထိရောက်ရောက်အရေးယူမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း သူမက ပြောသည်။ ထို့ကြောင့် ပြောင်းရွှေ့ ရောင်းသော ဈေးသည်များပါ ယခင်နေရာများတွင်သာ ဆိုင်ပြန် ထွက်မှုများပြုလုပ်ကြခြင်းဖြစ် ကြောင်း ရှင်းပြသည်။

”ဈေးသည်တွေ အားလုံးကို တစ်ပြိုင်တည်း ရွှေ့ရမယ်၊ ဘယ် ဈေးသည်မှ ဘယ်လမ်းထဲမှ ဝင် ရောင်းလို့မရဆိုတာမျိုးလည်း မလုပ် နိုင်ဘူး။ နေရာအခက်အခဲကြောင့် ရွှေ့တဲ့သူက ရွှေ့တယ် မရွှေ့တဲ့သူ တွေက မရွှေ့ဘူး။ ဆိုင်ခန်းနေရာ ပေါက်ထားတဲ့ ၃၇ လမ်းက သစ် သီးသည်တွေကိုတောင် ရွှေ့အောင် စည်ပင်က မလုပ်နိုင်ဘူး။ အဲဒီတော့ ဈေးသည် အချင်းချင်းက သူတို့ တောင်မပြောင်းဘဲ အရင်နေရာမှာ ကပ်ရောင်းနေလို့ရတယ်၊ ငါတို့ လည်း အရင်နေရာမှာပဲ ကပ်ပြီး တော့ ရောင်းတော့မယ် ဆိုပြီးဖြစ် လာတယ်”ဟု ၎င်းက ပြောသည်။

ညဈေးကို ဈေးသည်များ စ တင်ပြောင်းရွှေ့စဉ် အချိန်ကတည်း ကပင် နေရာမရသောဈေးသည်များ ကို လမ်းသွယ်များအတွင်း ရောင်း ချစေသောကြောင့် လမ်းအတွင်း နေထိုင်သူများနှင့် ပြဿနာများ ရှိခဲ့ကြောင်း၊ နေရာမဲပေါက်သော ဈေးသည်များကိုလည်း စည်ပင်က ကမ်းနားလမ်းတွင် သွားရောက် ရောင်းချရန်၊ မရောင်းချပါက ထိ ရောက်စွာအရေးယူရန်မဆောင်ရွက် နိုင်ခဲ့ကြောင်းဆိုသည်။ ထို့အပြင် စည်ပင်ဝန်ထမ်းတချို့က လမ်းမ ပေါ်ဈေးရောင်းနေမှုများကို ဖမ်းဆီး ရန်သွားပါက ၎င်းတို့ကပင်ဈေးသည် များကို ကြိုတင်အကြောင်းကြား သဖြင့် ဈေးသည်များမှာ ခဏတာ ပုန်းခိုကြပြီး ¤င်းတို့ကျော်သွားပါက နေရာပြန်ခင်းကာ ဈေးရောင်းကြ ကြောင်းဒေါ်ကြည်ပြာကပြောသည်။

”ဒီတော့ စည်းစနစ်ဆိုတာ ဘာမှန်းကို မသိတော့ဘူး။ မရွှေ့ တဲ့ဈေးသည်ရဲ့အပြစ်လား။ မဖမ်း တဲ့ စည်ပင်အပြစ်လား”ဟု ¤င်းက မေးခွန်းထုတ်သည်။
မကြာမီအချိန်တွင် မိုးရာသီ သို့ရောက်တော့မည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးရွာသွန်းခဲ့ရာ တွင် ကမ်းနားလမ်း ညဈေးဆိုင် နေရာများမှာ ရေနစ်မြုပ်ခဲ့သည်ကို တွေ့ရသည်။ ထိုအတွက် မည်သို့ ပြင်ဆင်ဆောင်ရွက်ထားသည်ကိုမူ သက်ဆိုင်ရာဌာနများက ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးပေ။
မိုးရာသီရောက်လာလျှင်တော့ တွန်းလှည်းကလေးဖြင့်သာ လှည့် လည်ရောင်းချတော့မည်ဟု ကမ်းနား လမ်းညဈေးတွင် စာအုပ်ဟောင်း ရောင်းချသူ ဦးသန်းဝင်းကပြောသည်။ ”လှည်းပေါ်တင် လွတ်တဲ့နေရာ ရောင်းပေါ့ကွာ။ ဒီနေရာမှာတော့ မိုးတွင်းကျအဆင်မပြေဘူးကွာ”ဟု စာအုပ်ထည့်ထားသော တွန်းလှည်း ကို လက်ညှိုးထိုးရင်း ပြောသည်။

လက်ရှိတွင် မရောင်းချသော နေရာများကို စည်ပင်က ပြန်လည် သိမ်းယူပြီး ယခင်နေရာမရခဲ့သူများ ကို နေရာပေးသွားမည်ဟုဆိုသော် ငြား ယခင်နေရာမရလိုက်သော ဈေးသည်များမှာမူ သွားရောက် ရောင်းချရန် အားတက်သရောဟန် မတွေ့ရ။ ဝေခွဲရခက်နေကြောင်း သာ ပြောကြသည်။ လမ်းကြားများ ထဲတွင် လက်ရှိ ရောင်းချနေရသ လောက်ပင် အရောင်းအဝယ်မဖြစ် မှာကို စိုးရိမ်နေကြကြောင်း ဈေး သည် အများစုက ပြောပြသည်။

”အရင်ကတော့ ဆိုင်ခန်းမ ရတော့ လမ်းလေးတွေထဲဝင်ရောင်း ဆိုလို့ဝင်ရောင်းတောာ့ လမ်းထဲက လူတွေနဲ့ အစကပြဿနာနည်းနည်း ရှိတာပေါ့။ အခုတော့ နည်းနည်း အဆင်ပြေသွားပြီ။ ဒါပေမယ့် အရင်ရောင်းခဲ့တဲ့နေရာလောက် တော့ အရောင်းအဝယ် မဖြစ်ဘူး။အရင်နေရာမှာက နှစ်နဲ့ချီပြီး ရောင်း ခဲ့တာလေ။ အခု ညဈေးမှာ ရောင်း မလားဆိုတော့ အရင်ရောင်းတဲ့လူ တွေဆီကလည်း ပြန်ကြားထားတာ တွေရှိနေတော့ ဘာလုပ်ရမှန်းကို မသိဘူး။ ဆိုင်ခန်းလေးဘာလေး တော့ သတ်သတ်မှတ်မှတ်မှတ် လို ချင်တာပေါ့။ ဒါပေမယ့် အကုန်အ ရင်းပြုတ်ကုန်တယ်ဆိုပြီးကြားထား ရတော့လေ” ဟု ၃၂ လမ်းအတွင်း အသုတ်စုံရောင်းသည့် မသန်းသန်း စိုးက ပြောပြသည်။

ဈေးသည်များက ထိုသို့ပြော ကြသော်လည်း စည်ပင်အနေဖြင့် လူသွားလူလာအချက်အချာကျ အောင် စည်ပင်ကလုပ်ထားပေးပြီး ဖြစ်ကြောင်း၊ အရောင်းအဝယ် ကောင်းခြင်း၊ မကောင်းခြင်းကိစ္စ ရပ်မှာမူ ဈေးသည်တစ်ဦးချင်းစီ၏ စေတနာပါမှု၊ စားသောက်ကုန် ကောင်းမွန်မှုတို့နှင့်သက်ဆိုင်ကြောင်း ပန်းဘဲတန်းမြို့နယ် စည်ပင်သာ ယာရေးကော်မတီမှ စီမံရေးရာဌာန မှူးဦးလင်းဇော်ထွန်းကပြောသည်။ ”အစီအစဉ်တစ်ခုကတာ့ အစ မကောင်းရင် အနှောင်းကတော့ ပလုံမှာပဲ။ အခုကစတော့လည်း ဝုန်း ဝုန်းဒိုင်းဒိုင်းဆိုပြီး စတယ်။ အစိုးရ က စတော့မှသာ နောက်ကဒလိမ့် ခေါက်ကွေး အကောင်အထည်လိုက် ဖော်ပေးနေရတယ်။ ဒါပေမယ့်သူတို့ ကစနစ်တကျ ရှေ့ကမလုပ်ဘူး”ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည် ပြာက ဝေဖန်သည်။

ညဈေးတန်း စည်ကားအောင်လုပ်မယ်ဆိုရင်

ပန်းဘဲတန်းမြို့နယ်မှ လွှတ် တော်ကိုယ်စား လှယ်ဦးသန်းနိုင် ဦးကမူ ညဈေးတန်းအောင်မြင် အောင် ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းပေးသင့်ကြောင်းဆိုသည်။ ပန်းဘဲတန်းမြို့နယ်အတွင်းမှ LED မီးဆိုင်းဘုတ်ကြီးကို စာချုပ်ပြည့် ပါကပြန်ယူပြီး ဘောလုံးပွဲပြခြင်း မျိုးဆောင်ရွက်ပေးရန်စီမံရေးရာ ဌာနသို့ အကြံပြုတင်ပြထားကြောင်း သူကဆိုသည်။ ”လူသုံးကုန်ပစ္စည်းတွေထည့် ရောင်းစေရင် ပိုကောင်းမယ်လို့ ကျွန်တော်တို့အကြံပြုထားပါတယ်။ ပြီးတော့ကားဂိတ်တွေပါ စီမံပေးဖို့ တွေရောပေါ့”ဟု ၎င်းကပြောသည်။

ထို့အပြင် ညဈေးမအောင် မြင်ဖြစ်ရခြင်းမှာ ပြောင်းလဲသွား သော သယ်ယူပို့ ဆောင်ရေးစနစ် နှင့်လည်းသက်ဆိုင်ကြောင်း ၎င်းက ထောက်ပြသည်။ တစ်ဆင့်ပြောင်း စီးရသောနေရာများမှာ သခင်မြ ပန်းခြံဘက်ရောက်သွားကြ၍ လူ နည်းသွားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ ငွေသန်းပေါင်းများစွာ အကုန် အကျခံကာပြုလုပ်ခဲ့သော ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကမ်းနားလမ်းညဈေးတန်းမှာ ယခု အခါ စားသုံးသူ၊ ရောင်းချသူများ ကင်းဆိတ်လုနီးပါး ဖြစ်နေပြီဖြစ် သည်။ စတင်ဖွင့်လှစ်စဉ်က နိုင်ငံ တကာအဆင့်မီ ညဈေးတန်းတစ်ခု အဖြစ် ဆောင်ရွက်သွားမည်ဟုဆို ခဲ့သော်လည်း ၆ လ နီးပါးကြာမြင့် ချိန်အထိ အောင်မြင်ခြင်းမရှိသေး။ ဈေးမရောင်းရလမ်းမ များပေါ်တွင် လည်း ဈေးသည်အချို့ ယခင် အတိုင်း ပြန်လည်ရောင်းချနေကြ သည်။ ယခင်နေရာမရခဲ့သော ဈေးသည်များမှာလည်း ကမ်းနားလမ်း ညဈေးတွင် သွားရောက်ရောင်းချ ရန် ယခင်ကလောက် စိတ်အား မတက်ြ<ွကတော့။ စည်ပင်အနေ ဖြင့်လည်း လာမည့်မိုးရာသီအတွက် စီမံထားမှုအခြေအနေများနှင့် ပြန် လည်စည်ကားအောင် မည်သို့ မည်ပုံဆောင်ရွက်သွားမည် ဆို သည်ကို ယခုအချိန်ထိ မထုတ်ပြန် သေးပေ။ သို့ဖြစ်ရာ ရန်ကုန်တိုင်း အစိုးရအနေဖြင့် ကမ်းနားလမ်း ညဈေးကို ကောက်ရိုးမီးကဲ့သို့ တစ်ခဏတာ မဖြစ်စေရေးအတွက် လိုအပ်သည်များကိုပြန်လည်သုံးသပ် လုပ်ဆောင်သင့်သည်မှာ အသေ အချာပင် ဖြစ်သည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*