မန္တလေးတွင် အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်လုပ်ဆောင်

မန္တလေးတွင် အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်လုပ်ဆောင်
April 5, 2017 Asian Fame

2:25 pm
မန္တလေးတွင် အပူဒဏ် ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်လုပ်ဆောင်

(မန္တလေး၊ ဧပြီ ၄ )

ပူပြင်းသော နွေရာသီတွင် အပူဒဏ် ကာကွယ်ရေး နှိုးဆော် ချက်များအား ဒေသတွင်း မြို့ နယ်/ ရပ်ကွက် အလိုက် ထုတ်ပြန် ထားပြီးဖြစ် သည့် အတွက် ပြည် သူလူထုက လိုက်နာ နေထိုင်သွား လာကြရန် မန္တလေး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်းထား သည်။

”ဒီနှစ်က ပိုပြီး ပူလာနိုင်တယ် ဆိုတော့ ပူပြင်းတဲ့ ရာသီမှာ ဆီးချို သမားတွေ၊ သွေးတိုးတတ်သူတွေ နဲ့ နှလုံးရောဂါသည်တွေ၊ အဝလွန် သူတွေ ၊ နေပူထဲ အလုပ်လုပ်ရသူတွေ၊ အရက်သောက်သူတွေ၊ သက်ကြီး ရွယ်အိုတွေဟာ အပူဒဏ်ကာကွယ် မှုကို  ပိုဂရုစိုက် နေထိုင် သင့်တယ်” ဟု မန္တလေးတိုင်း ဒေသကြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အထူး ရောဂါ နှိမ်နှင်းရေး အဖွဲ့ခေါင်း ဆောင် ဒေါက်တာ နှင်းနွယ်နီအေး က ပြောသည်။

တိုင်းကျန်းမာရေး ဦးစီးဌာန အနေဖြင့် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များအား ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းခန့် မှ စတင်ကာ လက်ကမ်း စာစောင်ဖြန့် ဝေခြင်း၊ လိုအပ်သော ဆေးဝါးများ ပြင်ဆင်ထား ရှိခြင်း ရာသီဥတု အလွန် ပူပြင်းလာပါက အပူရှောင် နိုင် ရန် နေရာ ပြင်ဆင်ထားရှိခြင်း တို့ဖြင့် ကြိုတင် ကာကွယ်မှုလုပ်ငန်း များ ဆောင်ရွက်ခဲ့ပြီး  မြို့နယ်/ ရပ်ကွက် အလိုက် အသိပညာပေး လုပ်ငန်းများလည်း ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ရာသီဥတုပူလာလျှင် အပူဒဏ် ကြောင့် Heatstroke (အပူလျှပ်ခြင်း) အများဆုံး ဖြစ်တတ်ကြပြီး ဝမ်းလျှော ခြင်း၊ မျက်စိနှင့် ပတ်သက်သော ရောဂါ၊ အရေပြားနှင့် ပတ်သက်သည့် ရောဂါ၊ ဦးနှောက် အမြှေးရောင် ရောဂါအပြင် ဆက်စပ်ရောဂါများ လည်းဖြစ် တတ်ကြောင်း သိရသည်။

အလွန်အမင်း ပူပြင်းချိန်တွင် မလိုအပ်ဘဲ နေပူထဲ မထွက်သင့် ကြောင်း၊ မဖြစ်မနေ ထွက်ရပြီဆို လျှင်လည်း အကာအကွယ်ဖြင့် ထွက်သင့်ကြောင်း၊ နေပူထဲ အား ကစား ပြင်းပြင်း ထန်ထန် မလုပ် သင့်ကြောင်း၊ အလုပ်လုပ်စဉ် ချွေး ထွက်လွန်ပါက ချက်ချင်း ဆိုသလို ရေနှင ဓာတ်ဆား သောက်သုံးပေး ရမည် ဖြစ်ကြောင်း  ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက နှိုးဆော်ထားသည်။

၂ဝ၁၄ ခုနှစ်က မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး အရေးပေါ် ဌာနသို့ အပူဒဏ်ကြောင့် Heatstroke ဖြင့်ရောက်လာသူ ၉၁ ဦးအထိ ရှိခဲ့ပြီး ၆ ဦး သေဆုံးခဲ့ ကြောင်း  ဆေးလူမှု ဆက်ဆံရေးရုံး စာရင်းအရ သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*