မန်းသင်္ကြန်တွင် Iron Cross အဖွဲ့ လာရောက် ဖျော်ဖြေမည်

မန်းသင်္ကြန်တွင် Iron Cross အဖွဲ့ လာရောက် ဖျော်ဖြေမည်
April 5, 2017 Asian Fame

2:32 pm
မန်းသင်္ကြန်တွင် Iron Cross အဖွဲ့ လာရောက် ဖျော်ဖြေမည်

Mdy-IC(မန္တလေး၊ ဧပြီ ၄)

ယခုနှစ် မန္တလေး သင်္ကြန်ပွဲတော် တွင် Iron Cross အဖွဲ့လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော် မတီမှ သိရသည်။

”စီးပွားဖြစ်လုပ်တာ မဟုတ်ပါ ဘူး။ အိုင်စီက မန္တလေးပရိသတ်ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ လာဖျော် ဖြေတာပါ။ မန္တလေး ပရိသတ်ကို ချစ်လို့ ဖျော်ဖြေချင်လွန်းလို့ မနှစ် ကလိုပဲ ကျုံးမြောက်ဘက်မှာ လာ ဖျော်ဖြေမှာပါ” ဟု မန္တလေးမြို့တော် ဝန် ဒေါက်တာရဲလွင်က ပြောသည်။

IC အဖွဲ့သည် ၄င်းတို့၏ ကိုယ်ပိုင်မဏ္ဍပ်ဖြင့် လာရောက် ဖျော်ဖြေမည် ဖြစ်ပြီး ဧပြီ ၁၄ ရက် မှ ၁၆ ရက်အထိ ဖျော်ဖြေမည်ဖြစ် ကြောင်း၊ မဏ္ဍပ် တည်နေရာသည် မန္တလေးမြို့ ကျုံးမြောက်ဘက် တိရစ္ဆာန် ဥယျာဉ်ရှေ့တွင်ဖြစ်ပြီး ပင်တိုင် တေးသံရှင် များဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်းနှင့် လမင်းခ၊ ငဲငယ်လေး တို့က ပါဝင် သီဆိုကြမည် ဖြစ်ကြောင်း IC အဖွဲ့ ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

Iron Cross သည် ယမန်နှစ် မန္တလေး သင်္ကြန်တွင်လည်း ကျုံး မြောက်ဘက် ရတနာပုံ တိရစ္ဆာန် ဥယျာဉ်ရှေ့၌ MPT နှင့်အတူ မန္တလေးသင်္ကြန်ပွဲ လာရောက် ဆင်နွှဲ ခဲ့ဖူးပြီး ယခုနှစ်တွင်မူ ကိုယ်ပိုင် မဏ္ဍပ်ဖြင့် လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*