ဒီနှစ်သင်္ကြန် သူတို့ ဘယ်မှာ ဘယ်လို . . .

ဒီနှစ်သင်္ကြန် သူတို့ ဘယ်မှာ ဘယ်လို . . .
April 5, 2017 Asian Fame

2:42 pm
ဒီနှစ်သင်္ကြန် သူတို့ ဘယ်မှာ ဘယ်လို . . .

celeဒီနှစ် သင်္ကြန်မှာ စီးပွားဖြစ် မဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဒေသ ကြီး အစိုးရ အဖွဲ့က ကြေညာထားပါ တယ်။ ဖျော်ဖြေရေးပွဲ ပြုလုပ်လို သူများ အနေနဲ့ မဟာသင်္ကြန်ပွဲ တော် ကျင်းပရေး ကော်မတီဆီ ကိုလျှောက်ထားရမှာ မဟုတ်ဘဲ တိုင်း အစိုးရ ဆီကိုသာ သီးခြားလျှောက် ထားရမှာဖြစ်တယ် လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားထား ပါတယ်။ အဲဒီလို ကြေညာထား တာကြောင့် ဖျော်ဖြေရေး မဏ္ဍပ် တွေနည်း သွားနိုင်ပြီး သင်္ကြန်မစည် ကားနိုင်ဘူးလို့ သုံးသပ်မှုများ လည်း ရှိနေပါတယ်။ အဲဒါကြောင့် သင်္ကြန်တွင်း ဖျော်ဖြေရေးအစီ အစဉ်များနဲ့ ပတ်သက်ပြီး အနုပညာ ရှင်အချို့ရဲ့ အသံများကို စုစည်း ဖော်ပြလိုက်ပါတယ်။

ဇွဲပြည့်

ဒီနှစ်သင်္ကြန် အတွက် မဏ္ဍပ် မှာသီဆိုဖို့ ဘယ်မဏ္ဍပ်လဲ လို့မေး ရင် မရှိသေးပါဘူးပဲ ဖြေရမလို ဖြစ်နေတယ်။ လာကမ်းလှမ်းထား တဲ့ မဏ္ဍပ်တွေက ကန့်သတ်လိုက် တော့သူတို့လည်း ဆောက်မယ်၊ မဆောက်ဘူး အဲဒီလိုနဲ့ ခုချိန်ထိ ပြန် မဆက်သွယ်သေးဘူး။ လာ ပြောထားတာတော့ အများကြီးပဲ။ ဒါပေမယ့် ပြန်ပြီး မဆက်သွယ်ကြ သေးဘူး။ အဆိုတော်ဆိုတော့ သီချင်းတော့ ဆိုချင်တာပေါ့။ ကိုယ် တွေက တစ်နှစ်မှာ သုံးခါပဲ အဆို တော်အလုပ် နဲ့တူတဲ့အလုပ် လုပ် ရတာလေ။ Happy New Year ၊ တောင်ကြီး တန်ဆောင်တိုင်၊ ဒီ မြန်မာ နှစ်သစ်ကူး သင်္ကြန် ကာလရယ် ဒီသုံးခုလောက်ပဲ အလုပ် လုပ်ရ တာ။ အရင်နှစ် ကဆို တောင်ကြီး၊ မန္တလေး၊ ထားဝယ်၊ မြိတ် ခေါ် တယ်။ ရွေးချယ်စရာ တွေလည်း အများကြီးပဲ။ ဒီနှစ်တော့ သီချင်း ဆိုဖြစ်ဖို့ နည်းပါတယ်။ အရင်နှစ် က ကိုယ်ကရွေးချယ်တာ။ ဒီနှစ်က တော့ ကိုယ့်ကိုရွေးချယ်တဲ့ နှစ်ဖြစ် နေပြီ။ ဒီအချိန်ဆို ဘယ်နေရာ ဘယ် မဏ္ဍပ်မှာ ဘယ်အဆိုတော် ဆိုမယ် တော်တော်များများ ပရိသတ်တွေဆီ သတင်းရောက် နေပြီ။ ဒီနှစ်တော့ ပရိသတ်တွေအ တွက်လည်း ပျင်းစရာတော့ ရှိမယ်။ ဒီလိုစီးပွားဖြစ် မဏ္ဍပ်တွေ ကန့် သတ်လိုက်တာ တချို့ဂီတ အနု ပညာသမားတွေ အတွက် အခက် ခဲလေးတွေတော့ ရှိမယ်။ ဂီတလော ကမှာ လျှောက်လှမ်းနေရတာ အခွေရောင်း ရတာနဲ့ ရပ်တည်လို့ မရဘူး။ ရှိုးဆိုရမှ ရပ်တည်လို့ရ တယ်။ ဒီပွဲတော်တွေက ကိုယ်တွေ အတွက် အဓိက ဖြစ်နေတယ်။ မိုး တွင်းမှာ အခွေ ထုတ်နိုင်ဖို့ ဒီ သင်္ကြန်ကာလက အဓိကပဲ။ ဒါပေမယ့်လည်း ဒီလိုမဏ္ဍပ်တွေ ကန့်သတ် လိုက်တာသည် ကောင်း စေချင်လို့ လုပ်တယ် လို့ပဲမြင်တယ်။ တိုင်းပြည်တစ်ခုလုံး အတွက် လုပ် တာဖြစ်တဲ့အတွက် ကိုယ်တွေပဲ ကွက်ပြီး ပျက်နေလို့ မရဘူးလေ။ ဒီ နှစ်ကတော့ သီချင်း မဆိုဖြစ်ဖို့များ တဲ့အတွက် ကျွန်တော် ဥရောပ သွားဖို့ လုပ်ထားတယ်။

ဝိုင်းလမင်းအောင်

ဒီနှစ် သင်္ကြန် နောက်ဆုံးရက် ကို စင်ကာပူမှာရှိမယ်။ မြန်မာ ပြည်မှာဖျော်ဖြေရေး အတွက်က တော့ ဘယ်မှာ ရှိနေမလဲ အတိ အကျပြောလို့ မရသေးဘူး ဖြစ်နေ တယ်။ သေချာတာကတော့ ရန် ကုန်မှာပဲရှိမယ်။ သီချင်းမဆိုရ လည်း အိမ်မှာပဲရှိဖြစ်ဖို့ များတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သီချင်းဆိုဖို့ လာမချိတ်ဖြစ်သေးဘူး။ လာပြော ထားတာတွေလည်း အတည်ပြုပြီး လာမပြောသေးဘူး။ ပြီးတော့ ဒီနှစ် က မဏ္ဍပ်တွေ တော်တော် နည်းသွား တော့ သင်္ကြန်ရေကစားတာ အဆင်မပြေသလို ဖျော်ဖြေရေး အနုပညာရှင်တွေ အတွက်လည်း အခက်အခဲတော့ ဖြစ်မှာပဲ။ အရင် နှစ်ကတော့ အဆိုတော်တွေ အတွက်ရော၊ ရေကစားသူတွေ အတွက်ရော ပျော်စရာကောင်း တယ်လေ။ ဒါပေမယ့်လည်း အရင် ကလို သပြေခက်နဲ့ ရေပက်တဲ့ ခေတ် ပြန်ရောက်မလား။ အခု ကရေပိုက်နဲ့ ရေပက်တယ် ဆိုတော့ ဘာပဲပြောပြော ရှေး အစဉ်အလာ အတိုင်းလေး ပြန်ဖြစ်မလား။ ဖျော်ဖြေမှုတွေကို မြန်မာမှုတွေကို အလေးထားပြီး ပြန်ပြီး ဖျော်ဖြေ မှာလား။ ကိုယ့် အိမ်ရှေ့မှာ ရေပုံး ထားပြီး ပက်တဲ့အခြေအနေ ပြန် ဖြစ်မလား။ အဲဒီလို ပြန်ဖြစ်ရင် လည်း ကောင်းတာပဲ။ အခုက ခေတ်ပေါ်တွေ များလာတော့ မြန်မာမှုတွေ နည်းသွားတာပေါ့။ ဘယ်လိုပဲပြောပြော ကျွန်တော် တို့က မြန်မာ လူမျိုးတွေလည်း ဖြစ် တယ် မြန်မာ နှစ်သစ်ကူးမှာ ဒီလို မျိုးကန့်သတ်လိုက်တာ အဆိုးထဲ က အကောင်းပါပဲ။

အိုင်ရင်းဇင်မာမြင့်

မနှစ်ကတော့ နေပြည်တော် မှာ သီချင်းဆိုတယ်။ ဒီနှစ် သင်္ကြန် မဏ္ဍပ်တွေ နည်းသွားတယ်။ အခု လို ကန့်သတ်ပြီး စီးပွားဖြစ် မဏ္ဍပ် တွေကိုလျှော့ချတာ အိုင်ရင်း သေချာ နားမလည်ပေမယ့် ဒီနှစ် သင်္ကြန်ကို မနှစ်ကလိုပဲ ပျော်ပျော် ပါးပါးပဲ ဖြစ်စေချင်တယ်။ ဒီနှစ်ဆို သံချပ်ထိုးတာတွေလည်း ပြန်စည် ကားလာမယ် လို့ယုံတယ်။ ပရိသတ် တွေအတွက် ညီမတို့လို မြင်ရခဲတဲ့ လူငယ်တွေ အတွက်လည်း ထူးထူး ခြားခြားဖြစ်လာမယ်။ တကယ် ဗဟု သုတတစ်ခု တိုးလာမယ်။ သံချပ်ဆို တဲ့ သဘော သဘာဝကိုလည်း ရင်းနှီး လာမယ်လို့ထင်ပါတယ်။ ပြည်သူ တွေကြားမှာ အပြောင်းအလဲ တစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။

ဇွန်သဉ္ဇာ

ဒီနှစ်သင်္ကြန် အတွက်က တော့ လောလောဆယ် သီဆိုဖို့ မဏ္ဍပ် ဘာမှကို မရှိသေးဘူး။ ဒီ ကြားထဲမှာတော့ နယ်ရှိုးတွေပဲ လိုက်ဆို ဖြစ်တယ်။ ဒီနှစ်သင်္ကြန်က တော့ မဏ္ဍပ်ရတဲ့ အဆိုတော်နည်း မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆို တော့ မဏ္ဍပ်တွေ တော်တော်နည်း သွားတယ်။ အိမ်မှာပဲနေမလား ခရီးပဲ သွားရမလား ဒါမှမဟုတ် ရွာသင်္ကြန်ပဲ ဆိုရမလား ဘာမှကို အတိအကျ မပြောနိုင်သေးဘူး။ အခုက မဏ္ဍပ်ကို ကန့်သတ်လိုက် တော့အရင်နှစ်လို အဆိုတော်တွေ အတွက် အလုပ် မများတော့ဘူး ပေါ့။ အရင်နှစ်တွေ ဆိုရင် သင်္ကြန် ကာလ အတွင်း သုံးလေးမြို့ဆိုတဲ့ လူ လည်းရှိတယ်လေ။ ပရိသတ်တွေ လည်း ဒီအချိန်ဆို ဘယ်အဆိုတော် ဘယ်နေရာမှာ သီဆိုဖျော်ဖြေမလဲ စာစောင်တွေမှာ၊ facebookပေါ်ကတစ်ဆင့် သိရပြီ။ တစ်ခု တော့ရှိတယ် ဒီလိုစီးပွားဖြစ် မဏ္ဍပ် တွေကန့်သတ် လိုက်တော့ အဆို တော်တွေအတွက် အခက်အခဲ တော့ဖြစ်တယ်။ လူငယ်တွေ အတွက်လည်း ပျော်စရာမကောင်း တော့ဘူး။ အဆိုတော်တွေ အတွက် လည်း အလုပ်နည်းသွားမယ်။ အထူးသဖြင့် DJ သမားတွေဆို အရင်နှစ် သင်္ကြန်ဆို မဏ္ဍပ်တွေ အများကြီး ရထားကြတယ်။ ဒီနှစ် ကတော့ သူတို့ DJ သမားတွေ အလုပ်လက်မဲ့ ဖြစ်သွားနိုင်တာ ပေါ့။ အဲဒီတော့ ပျင်းစရာတော့ ကောင်းသွား မလားပေါ့။ ဒါပေမယ့် လည်း ဒါကနိုင်ငံတော် အဆင့်က သတ်မှတ်ထားတာမို့ ညီမတို့က ဘာတတ်နိုင်မှာလဲ။ ဒီသင်္ကြန်မှာ မဆိုရလို့ဘာမှတော့ မထိခိုက် သလို မိုးတွင်းကျရင် ဘာမှလည်း အခက်အခဲ မဖြစ်လောက်ပါဘူး။ လူငယ်တစ်ယောက် အနေနဲ့က တော့ ပျင်းစရာကောင်းမယ်။

ပိုပို

ဒီနှစ်သင်္ကြန် ကတော့ နောက် ဆုံးရက်မှာ ကိုရီးယား မှာရှိမယ်။ ရှေ့သုံးရက် ကတော့ ဘယ်မှာရှိနေ မလဲ မပြောနိုင်သေးဘူး။ နေပြည် တော်ဖြစ်မလား၊ ရန်ကုန်ဖြစ်မလား မပြောနိုင်သေးဘူး။ မနှစ်က ရန် ကုန်မှာပဲ သီချင်းဆိုဖြစ်တယ်။ ဒီ နှစ်သင်္ကြန် ကတော့ အကျပ်ရိုက် တယ်။ စိတ်လည်း ညစ်မိတယ်။ ဒီနှစ်မှာ စီးပွားဖြစ် မဏ္ဍပ်တွေ အများကြီး ဆောက်ခွင့်မပေးဘူး ဆိုတာကလည်း ဒါက နိုင်ငံရေး၊ စီး ပွားရေးနဲ့ ဆိုင်တော့ ကိုယ်တွေက အနုပညာရှင် သမားတွေ ဆိုတော့ ဘာမှ ပြောလို့မရဘူးလေ။ ဒီ သင်္ကြန်ကာလမှာ သီချင်း ဆိုရရင် ပွဲရှားတဲ့ မိုးတွင်းမှာ အခွေကို စီစဉ် နိုင်တာပေါ့။ မိုးတွင်းရောက်ရင် ပွဲက ရှားကို ရှားတာ။ အဲဒီတော့ သင်္ကြန်ကာလက မိုးတွင်းအတွက် ဝမ်းစာပဲ။ သင်္ကြန် အဆင်မပြေ တော့ အနုပညာရှင် တွေ ထိခိုက် တာပေါ့။ မဏ္ဍပ်တွေကန့်သတ် လိုက်တော့ အဆိုတော် တော်တော် များများ ပွဲမရတာတွေရှိတယ်။ အဲဒီတော့ အခက်အခဲတော့ ဖြစ် တယ်။ အရင်ကဆို အဆိုတော်တွေ ကဒီအချိန်ဆို ဘယ်မှာ ရှိနေမလဲ သိကြပြီ။ ပြီးတော့ လာကမ်းလှမ်း တဲ့မဏ္ဍပ်တွေကို ရွေးချယ်လို့ရ တယ်။ ပရိသတ်တွေကလည်း ဘယ်အဆိုတော် ဘယ်မှာ ရှိနေမလဲ သိရပြီ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*