ကယားပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးနှင့် ဘီးခွန်ကောက်ခံသောဂိတ်အားလုံး ဖျက်သိမ်းမည်

ကယားပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးနှင့် ဘီးခွန်ကောက်ခံသောဂိတ်အားလုံး ဖျက်သိမ်းမည်
March 23, 2017 Asian Fame

11:00 am
ကယားပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးနှင့် ဘီးခွန်ကောက်ခံသောဂိတ်အားလုံး ဖျက်သိမ်းမည်

ရဲလွင်၊ ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂ဝ

ကယားပြည်နယ်အတွင်းရှိ မြို့ဝင်ကြေးကောက်ခံသောဘီးခွန်ဂိတ်အားလုံးကို ဧပြီလမှစတင်၍ ဖျက်သိမ်းသွားတော့မည်ဖြစ် ကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့မှ သိရသည်။ ကယားပြည်နယ်အတွင်းမှ မြို့ဝင်ကြေး ဂိတ်အားလုံးကို ပိတ်သိမ်းကာ ယင်းအတွက်ကောက်ခံရမည့် နှုန်းထားများကို မော်တော်ယာဉ်များ ကညနတွင် အခွန်ပေးဆောင်မှသာ တစ်ပေါင်းတည်း ကောက်ခံသွားတော့မည်ဖြစ်ကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးဦးအံ့မော်က ပြောသည်။

”လူတွေကသိပ်မကြိုက်ကြဘူး လေ။ ဝင်ငွေကလည်းဒီလောက် ကြီးရတာလည်းမဟုတ်ဘဲနဲ့။ အဲဒါတွေက လေလံပေးထားတာ ပေါ့လေ။ မြို့ဝင်ကြေးဆိုတာက ဆိုင်ကယ်တို့ဘာတို့က အဓိကရတာပေါ့။ ဆိုင်ကယ်လိုင်စင်တွေ ဘာတွေဆောင်တဲ့ အချိန်ကျမှ ကညနမှာ တစ်ခါတည်းပေါင်းကောက်လိုက်တော့မယ်” ဟု ၎င်းကပြောသည်။

ကယားပြည်နယ်အတွင်းရှိ ဂိတ်တစ်ဂိတ်ကိုဖြတ်သန်းခ အနေ ဖြင့် မော်တော်ဆိုင်ကယ်တစ်စီးကို ငွေကျပ် ၂ဝဝ၊ မော်တော်ယာဉ် တစ်စီးလျှင် ငွေကျပ် ၃ဝဝ မှ ၁ဝဝဝ အထိ ဘီးခွန်ကောက်ခံလျက်ရှိသည်။ မြို့ဝင်ကြေးဂိတ်များမှာ ကန် ထရိုက်များပေးထားခြင်းဖြစ်၍ ပိုက်ဆံရလိုဇောဖြင့် ကန်ထရိုက် များက ဝါးတန်းများဖြင့်တားပြီး ကောက်ခံနေခြင်းမှာ လူမြင်၍ မကောင်းကြောင်း၊ အများပြည်သူကလည်းမနှစ်သက်၍ ယခုကဲ့သို့ ကောက်ခံမည့်စနစ် ပြောင်းလဲရ ခြင်းဖြစ်ကြောင်း ဦးအံ့မော်က ဆို သည်။ ကညနတွင် ဘီးခွန်တစ်ပါတည်း ကောက်ခံသည့်စနစ်ကို ပြောင်းလဲပါက တစ်နှစ်လုံးစာအတွက် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၃ဝဝဝ၊ မော်တော်ယာဉ် တစ်စီး လျှင် ငွေကျပ် ၅ဝဝဝမှ နှစ်သောင်း အထိ တစ်ပါတည်းကောက်ခံ မည်ဖြစ်ပြီး မော်တော်ယာဉ်သက်တမ်း တိုးမည့်သူများသည် စည်ပင်သာယာရေး ကော်မတီကို အဆိုပါ ဘီးခွန်နှင့် အာမခံကြေးပေးဆောင်ထားသော အထောက်အထားပါရှိ မှသာ ယာဉ်သက်တမ်းတိုးခွင့်ရရှိ မည်ဖြစ်သည်။ ကယားပြည်နယ်၌ ဘီးခွန် ကောက်ခံခွင့်ကို ယခင်ကတင်ဒါ ခေါ်ယူခဲ့ရာ လုပ်ငန်းတင်ဒါအောင် မြင်သောကုမ္ပဏီများ၊ လုပ်ငန်းရှင်များက ဘီးခွန်ကောက်ခံသည့် စနစ်ကိုကျင့်သုံးလာခဲ့ပြီး ယင်း လုပ်ငန်းများသက်တမ်းသည် ယခုလကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*