ဘရာဇီးတွင် ထောင်ဆူမှု ဖြစ်ပွားရာ အကျဉ်းသား၂၅ ဦးထက် မနည်းသေဆုံး

ဘရာဇီးတွင် ထောင်ဆူမှု ဖြစ်ပွားရာ အကျဉ်းသား၂၅ ဦးထက် မနည်းသေဆုံး
October 19, 2016 Asian Fame

8:34 am
ဘရာဇီးတွင် ထောင်ဆူမှု ဖြစ်ပွားရာ အကျဉ်းသား၂၅ ဦးထက် မနည်းသေဆုံး
In International News

ဘရာဇီးတွင် ထောင်ဆူမှု ဖြစ်ပွားရာ အကျဉ်းသား၂၅ ဦးထက် မနည်းသေဆုံး

brazil-prison-clashes

(ဘရာဇီး၊ အောက်တိုဘာ ၁၈)

ထောင်ဆူမှု တစ်ခုကြောင့် အကျဉ်း သား ၂၅ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ မြောက်ပိုင်းရှိ ဘိုအာ ဗစ္စတာမြို့ အကျဉ်းထောင် တွင် အကျဉ်း သားအချင်းချင်း ခိုက်ရန်ဖြစ်ပွား ကြရာမှ ထောင်ဆူခဲ့ပြီး အကျဉ်းသား ၇ ဦး ခေါင်း ဖြတ်ခံရ ခဲ့ကာ အခြား ၆ ဦးမှာမီးရှို့ အ သတ်ခံ ခဲ့ရခြင်း များ အပါအဝင် စုစုပေါင်း အကျဉ်းသား ၂၅ ဦးမျှ သေဆုံးခဲ့ကြောင်း ဒေသခံ မီဒီယာ သတင်း တစ်ခု ဝယ် ရေး သားထားသည်။

ထောင်ကျ အကျဉ်းသား အုပ်စုနှစ်စု အကြား ခိုက်ရန် ဖြစ်ပွားကြ ရာမှ သတ်ဖြတ် မှုများ တနင်္ဂနွေနေ့ ကတည်းက စတင်ဖြစ် ပွားခဲ့ကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူ ဂျက်ဆီကာလောရီ က ပြောပါသည်။

”အကျဉ်းသားတွေ ဟာ ဓားတွေ၊ ကျောက်တုံးတွေ နဲ့ သစ်သားချောင်းတွေ ကို အသုံးပြုပြီး အချင်းချင်း တိုက်ခိုက်ကြ တာ။ အင်မတန်မှ ကို လူမဆန်ကြပါဘူး”ဟု သူက ပြောသည်။

ယင်းလက်နက် များကို သုံး၍ အ ကျဉ်းခန်း များကို ဖျက်ဆီး ဝင်ရောက် တိုက် ခိုက်ကြခြင်း ဖြစ်သည် ဆို၏။

ယခု အကျဉ်းထောင်သည် အကျဉ်း သား ၇၄ဝ မျှ အတွက်သာ ဆောက်လုပ်ထား ခြင်းဖြစ်သော်လည်း အကျဉ်းသား ၁၄ဝဝ မျှ အကျဉ်းချ ထားကြောင်း သိရသည်။

ဘရာဇီးနိုင်ငံ သည် ကမ္ဘာပေါ် တွင် အကျဉ်းသား ဦးရေ အများဆုံး နိုင်ငံများ အနက် စတုတ္ထ အဆင့် ရှိပြီး တစ်နိုင်ငံလုံး တွင် အကျဉ်းသား ဦးရေ စုစုပေါင်း ၆ သိန်းမျှ ရှိကြောင်း သိရသည်။

PN002
ref: Brazil prison clashes ‘kill 25 inmates’

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*