မဟာမြတ်မုနိဘုရား ရွှေမိုက် လုပ်ငန်းမှ ရရှိမည့် ရွှေပိဿာချိန် ယမန်နှစ်ထက်ပိုများနိုင်

မဟာမြတ်မုနိဘုရား ရွှေမိုက် လုပ်ငန်းမှ ရရှိမည့် ရွှေပိဿာချိန် ယမန်နှစ်ထက်ပိုများနိုင်
March 1, 2017 Asian Fame

3:54 pm
မဟာမြတ်မုနိဘုရား ရွှေမိုက် လုပ်ငန်းမှ ရရှိမည့် ရွှေပိဿာချိန် ယမန်နှစ်ထက်ပိုများနိုင်

MDY1(မန္တလေး၊ ဖေဖော်ဝါရီ ၂၈)

ယခုနှစ် မဟာမြတ်မုနိဘုရားကြီး ရွှေမိုက်ထုတ် ယူခြင်းလုပ်ငန်းမှ ရရှိမည့် ရွှေပိဿာ ချိန်သည် ယမန်နှစ်ကထက် ပို လာနိုင်ကြောင်း ရွှေ မိုက်ထုတ် လုပ်ငန်း ဦးဆောင်သူ ထံမှ သိရသည်။

ရွှေမိုက် ထုတ်ယူခြင်း ဆိုသည်မှာ ရွှေလှောင် စက္ကူ၊ စစ်စည်းသုတ်ဂွမ်း၊ အခင်း ကော်ဇော သန့်ရှင်း ရေးပြုလုပ် ရာမှ အောက် ကြမ်း ခင်းပေါ် ကျန်ရစ်ခဲ့ သောမြေမှုန့်များ စသဖြင့် ဘုရားရွှေသင်္ကန်း ကပ်လှူ ပြီး ထွက်ရှိလာသည့် ရွှေမှုန်ရွှေမွှား များအား တစ် နှစ်ပြည့်သည့် အချိန်တွင် စုစည်းသန့်စင် ထုတ်ယူရ ခြင်းကို ခေါ်သည်။

မန္တလေး မဟာမြတ်မုနိ ဘုရားကြီးမှ ရွှေမိုက် ထုတ်ယူသည့် လုပ်ငန်းသည် ယခုနှစ်တွင် (၆၇) ကြိမ် မြောက် ရှိပြီဖြစ်သည်။ ယခုနှစ် အတွက် ရွှေမိုက်ထုတ် လုပ်ငန်းကို ဖေဖော်ဝါရီ ၇ ရက်မှ စတင် လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကာ အပြီးသတ် ကြာချိန် တစ်လခွဲခန့် ရှိ မည်ဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က ရွှေလှောင်အိတ်ပေါင်း၂၁၄ အိတ် ထုတ်ရာတွင် သန့်စင်ပြီးရွှေ ၇ ပိဿာနှင့် ၂၄ ကျပ် သားရရှိခဲ့ကြောင်း၊ ယခုနှစ်တွင် လက်ရှိ စာရင်းအရ အိတ်ပေါင်း ၂၂၈ အိတ်ရှိပြီး ထိုပမာဏမှာ လုပ်နေ ဆဲအခြေအနေ ဖြစ်ကြောင်း၊ တိုးလာမည့် အိတ်မ ပါ သေးကြောင်း၊ အကြမ်းဖျင်း အားဖြင့် မနှစ်ကစံချိန် ထက် လျော့စရာ အကြောင်း မရှိကြောင်း ယခုနှစ် ရွှေမိုက် ထုတ်ယူခြင်း လုပ်ငန်းအတွက် မိုက်သူကြီး အဖြစ် ဦးဆောင် လုပ်ကိုင်ခွင့်ရသူ ဦးအောင်မိုးက ပြောသည်။

”ပထမဦးဆုံး ရွှေမိုက်ထုတ်ဖို့ လုပ်ဆောင်ခဲ့တာ ကတော့ မိုက်သူကြီး ဦးမောင်ကြီးပါပဲ။ မြန်မာတစ် နိုင်ငံလုံး မှာရှိတဲ့ ဘုရားတွေဟာ ဒီစနစ်ကို ဘယ်မှာမှ မလုပ်ပါဘူး။ ကျွန်တော် တို့ကတော့ ကျွန်တော်တို့ အဖိုးအစဉ်အလာ နဲ့ သားစဉ်မြေးဆက် အမွေအနှစ် ထိန်းသိမ်းတဲ့ သဘောနဲ့ ကုသိုလ်ယူတာပါ။ အဲဒီလို လုပ်ခဲ့လို့လည်း ဒီဟာတွေကို သူချမှတ်ခဲ့တဲ့ လမ်းစဉ် အတိုင်း ပစ္စည်း ထိန်းသိမ်းတာက အစ၊ အထားအသို က အစ၊ စနစ်ကအစ သူ့ရဲ့ လမ်းစဉ်အတိုင်း ဒီနေ့ အထိ မပြောင်းလဲပါဘူး။ ဒီပညာရပ်က မြန်မာပြည် မှာပဲရှိတာပါ။  ကမ္ဘာမှာတောင် ဒီပညာရပ်မျိုး မရှိပါ ဘူး” ဟု မိုက်သူကြီး ဦးအောင်မိုးက ဆိုသည်။

မြန်မာ့ရိုးရာ ရွှေမိုက်ထုတ်ယူခြင်း လုပ်ငန်းသည် မြန်မာနိုင်ငံ မန္တလေးမြို့တွင် သာရှိပြီး ကျွမ်းကျင် ပညာရှင် အင်အား ၁ဝ ယောက် ခန့်ဖြင့် ကဏ္ဍအ လိုက် အဆင့်ခွဲ လုပ်ဆောင်ရခြင်းဖြစ်ပြီး အလွန်သေး ငယ်သည့် ရွှေမှုန်ရွှေမွှား အကန့်အသတ်များကို လေထဲလွင့်ပါ မသွားစေရန် အနုစိတ် စုစည်းထုတ်ယူ ရသော မြန်မာမှု အနုပညာ တစ်ခုလည်း ဖြစ်သည်။

”ရွှေလှောင်တွေကို မီးရှို့ပြာချတဲ့ လုပ်ငန်းနဲ့ စတင်တာပါ။ အဲဒီကမှ တစ်ဆင့်ပြီး တစ်ဆင့်လုပ် ကိုင်ရပါတယ်။ ဒုတိယက ရပြီး သား ပြာတွေ ကို မီး ဖုတ်ရတယ်။ တတိယအဆင့် ကျတော့ ရွှေနဲ့ခဲနဲ့ ရော ပြီးတော့ အပြား ရအောင်ထုတ်ရတယ်။ စတုတ္ထ အဆင့်ရောက် ရင် ခဲထဲမှာ ရောနှောနေတဲ့ ရွှေတွေ ကို ခွဲထုတ်ပြီးတော့ အနီးစပ်ဆုံး အသန့်ရတဲ့အထိ ထုတ်ရတာပေါ့။ အဲဒါတွေကို စုစည်း ပြီးတော့မှ ပဉ္စမ အဆင့်ကျရင် ရွှေလှော် လိုက်တယ်ပေါ့၊ ရွှေ လှော်ပြီးတော့မှ ရလာတဲ့ရွှေသန့်ကို အချောလောင်း ပြီးတော့ မှ နောက်ဆုံး အဆင့်ဖြစ်လာတာပါ” ဟု ရွှေ မိုက်ထုတ်ယူခြင်းအဆင့်ဆင့်နှင့် ပတ်သက်ပြီး ၄င်း က ရှင်းပြသည်။

တစ်နှစ်လုံး အတွက် ထုတ်လိုက်သည့် ရွှေမိုက် အလေးချိန် တစ်မတ်သားခန့် သာရရှိသည့် အဖြစ် မျိုးလည်း ရွှေမိုက်ထုတ် လုပ်ငန်း သမိုင်းကြောင်း၌ ရှိခဲ့ဖူးကြောင်း၊ ထိုနှစ် နောက်ပိုင်းတွင်မှ မိုက်သူကြီး ဦးမောင်ကြီးကစတင် တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီး ရွှေမိုက် ထုတ်ယူခြင်း လုပ်ငန်းမှ ၂ဝ၁၅ ခုနှစ်တွင် ရွှေ ၆ ပိဿာခွဲရရှိခဲ့ပြီး ယမန်နှစ်က ၇ ပိဿာ ၂၄ ကျပ်သား ရရှိခဲ့ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*