မဲစာရင်းမပါဝင်ဘဲ လျှောက်ထားခဲ့မှုအပါအဝင် မဲဆန္ဒနယ်အမှတ်မှားယွင်းလျှောက်ထားခဲ့ကြသည့် ရုရှားရောက်မြန်မာ ၁ဝ ဦးတို့ ကြိုတင်မဲပေးခွင့်မကိုက်ညီဟု UEC ကြေညာ

မဲစာရင်းမပါဝင်ဘဲ လျှောက်ထားခဲ့မှုအပါအဝင် မဲဆန္ဒနယ်အမှတ်မှားယွင်းလျှောက်ထားခဲ့ကြသည့် ရုရှားရောက်မြန်မာ ၁ဝ ဦးတို့ ကြိုတင်မဲပေးခွင့်မကိုက်ညီဟု UEC ကြေညာ
February 10, 2017 Asian Fame

5:12 pm
မဲစာရင်းမပါဝင်ဘဲ လျှောက်ထားခဲ့မှုအပါအဝင် မဲဆန္ဒနယ်အမှတ်မှားယွင်းလျှောက်ထားခဲ့ကြသည့် ရုရှားရောက်မြန်မာ ၁ဝ ဦးတို့ ကြိုတင်မဲပေးခွင့်မကိုက်ညီဟု UEC ကြေညာ

PN-051
နေပြည်တော်၊ ဖေဖော်ဝါရီ ၆

မဲဆန္ဒရှင် စာရင်းတွင် မပါဝင် ဘဲ လျှောက်ထားခဲ့မှုအပါအဝင် ပြည်နယ် မဲဆန္ဒနယ်အမှတ်မှားယွင်း လျှောက်ထားခဲ့ကြသည့် ရုရှား ရောက်မြန်မာ ၁ဝ ဦးတို့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ကြို တင်မဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေ ညာထားသည်ကို တွေ့ရသည်။

ယင်းအပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထို ၁ဝ ဦးအပါအဝင် ပေကျင်း၊ နန် နင်း၊ ကူဝိတ်၊ ပါရီ၊ ကိုင်ရိုနှင့် စင်ကာပူတို့မှ ၈ ဦးသည်လည်း ကြိုတင်မဲပေးရန် သတ်မှတ်ချက် နှင့်မကိုက်ညီဟု ထည့်သွင်းကြေ ညာထားသေးသည်။ထို့ကြောင့် ၂ဝ၁၇ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲပေးရန် လျှောက်ထား လာကြသူထဲမှ ပြည်ပရောက် မြန်မာ ၁၈ ဦးသည် ကြိုတင်မဲပေးရန် သတ်မှတ်ချက် နှင့် မကိုက်ညီသူတို့ဖြစ်သွားသည်။

သတ်မှတ်ချက်နှင့် မကိုက်ညီ ရသည့် အကြောင်းအရင်းကို ကြေညာချက်တွင် နေရပ်ပြောင်း သွားသည့် အကြောင်းအရင်း ကြောင့် ၂ ဦး၊ မဲဆန္ဒနယ်စာရင်းတွင် မပါဝင်သည့် အကြောင်းအရင်း ကြောင့် ၄ ဦး၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် မှားယွင်းလျှောက်ထားခဲ့ကြ သည့် အကြောင်းအရင်းကြောင့် ၁၂ ဦးဟု ဖော်ပြခဲ့သည်။

”ရွေးကောက်ပွဲဆိုင်ရာ တည် ဆဲဥပဒေ၊ နည်းဥပဒေများနဲ့အညီ စစ်ဆေးပြီး အခုလိုကြေညာတာပါ”ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှတာဝန်ရှိသူကဖြေသည်။နိုင်ငံပြည်ပရောက်နေကြသည့် မြန်မာများအနေဖြင့် ရွေးကောက် ပွဲများ၌ ဆန္ဒမဲပေးခွင့်ရှိနေရာ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထံသို့ သက်ဆိုင်ရာ မြန်မာ သံရုံး သို့တည်းမဟုတ် ကောင်စစ် ဝန်ချုပ်ရုံးတို့မှတစ်ဆင့် ပုံစံ (၁၅) ဖြင့် မဲပေးခွင့်လျှောက်ထားလာမှု စုစုပေါင်း ၃၅၇ ဦးရှိခဲ့ကြောင်း၊ ထိုထဲမှ သတ်မှတ်ချက်နှင့် ကိုက် ညီသည့် ၃၃၉ ဦးကို ကြိုတင်မဲပေး ခွင့်ပြုခဲ့သည်ဟု သူကဆိုသည်။

လျှောက်ထားလာသည့် ၃၅၇ ဦးထဲတွင် စင်ကာပူနိုင်ငံရောက် မြန်မာများက အရေအတွက် ၁၇၈ ဦးဖြင့် ပထမအများဆုံးနေရာက ရှိနေပြီး၊ အင်္ဂလန်နိုင်ငံရောက် မြန်မာများက ၂၇ ဦးဖြင့် ဒုတိယ နေရာတွင် ရှိနေသည်။ထိုစာရင်းသည် နိုင်ငံပေါင်း ၂၉ နိုင်ငံရောက် မြန်မာတို့က လျှောက်ထားကြသည့် စာရင်းဖြစ် ပြီး၊ မြန်မာအများစု ရှိနေကြသည့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ လာ မည့် စာရင်းတို့မပါဝင်သေးပေ။ ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်က ပုံစံ ၁၅ ဖြင့် လျှောက်ထား လာသူတို့ ကြိုတင်မဲပေးနိုင်ရန် လိုအပ်သည့် စာရွက်စာတမ်းတို့ကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှတစ်ဆင့် အချိန်မီပေးပို့သွားမည်ဟု ကြေညာထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*