မန်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းအစိုးရ ဦးဆောင်၍ သုံးရက်တိုင် ကျင်းပမည်

မန်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းအစိုးရ ဦးဆောင်၍ သုံးရက်တိုင် ကျင်းပမည်
February 8, 2017 Asian Fame

2:12 pm
မန်းတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို တိုင်းအစိုးရ ဦးဆောင်၍ သုံးရက်တိုင် ကျင်းပမည်

(မန္တလေး၊ ဖေဖော်ဝါရီ ၇)

ယခုနှစ် ကျရောက်မည့် နှစ် ၇ဝ ပြည့် ပြည်ထောင်စုနေ့  အခမ်း အနားကို မန္တလေးမြို့၌ တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဦးဆောင် မှုဖြင့် လူထုပါဝင်သည့် အခမ်း အနား တစ်ရပ် အဖြစ် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

”လူထုပါဝင်တဲ့ အခမ်းအနား တစ်ရပ်အဖြစ်ပါ ကျင်းပသွားမှာပါ၊ မနှစ်ကတော့ ကျွန်တော်တို့ အဖွဲ့ ချုပ်က ဦးဆောင်ပြီး ကျင်းပခဲ့ပါ တယ်။ ဒီနှစ်ကို မနှစ်ကထက် ပိုပြီး စည်ကားအောင် လုပ်ချင်တယ်။ ဝန်ကြီးချုပ်တို့ အစိုးရအဖွဲ့ကပဲ ဦးဆောင်ပြီး လုပ်မလား။ လုပ်မယ် ဆိုရင်လည်း ကျွန်တော် တို့က အင် နဲ့အား နဲ့ပံ့ပိုးမယ်။ တကယ်လို့ မလုပ် ဘူးဆိုရင်လည်း ကျွန်တော်တို့က  အဖွဲ့အစည်းတွေ ပါဝင်မှုနဲ့ လုပ်သွား ပါမယ်လို့ပြောတော့ ဝန်ကြီးချုပ် က သူတို့ စီစဉ်ပေးပါမယ်ပေါ့။  အ ကျဉ်းချုံး လုပ်တာမျိုးတော့ မဖြစ် သင့်တော့ဘူး။ ကျယ်ကျယ်ပြန့်ပြန့် နဲ့ ပြည်သူလူထုပါဝင်တဲ့ အခမ်း အနားမျိုး ဖြစ်ဖို့ကောင်းပြီ ဆိုပြီး တော့ ဝန်ကြီးချုပ် ကိုယ်တိုင် အစီ အစဉ်ဆွဲပြီး လမ်းညွှန်ခဲ့တာပါ” ဟု NLD  မန္တလေးတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး က ပြောသည်။

မန္တလေးမြို့တွင် ယခင်နှစ်များ က ပြည်ထောင်စုနေ့ အခမ်းအနား ကို ရှမ်းတိုင်းရင်းသား များ သာ ရေးနာရေး အသင်း (မန္တလေး)ကသာ တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်းပွဲတော် အမည်ဖြင့် ၃ ရက်တိုင်တိုင် ကျင်းပလေ့ ရှိပြီး အစိုးရ ဦးဆောင်မှုဖြင့် ကျယ်   ကျယ်ပြန့်ပြန့် ကျင်းပလေ့မရှိ ကြောင်း သိရသည်။

ယမန် နှစ်က  မန္တလေးတိုင်း ဒေသကြီး NLD က ဦးဆောင်ကာ လူထုပါဝင်သည့် အခမ်းအနား အဖြစ် ကျင်းပပြီး ယခုနှစ်တွင် အစိုးရ ဦးဆောင်မှုဖြင့် ကျင်းပရန် စီစဉ်ခြင်းလည်း ဖြစ် သည်။

ယခုနှစ် အခမ်းအနားကို မန္တလာသီရိ အဆင့်မြင့်အား ကစားကွင်း အတွင်း ၃ ရက်ကျင်းပ မည်ဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ သာရေးနာရေး အသင်း (မန္တလေး) ကလည်း တိုင်းရင်းသား လူမျိုးစုများ ဈေးရောင်း ပွဲတော်ဖြင့် ပူးပေါင်း ပါ ဝင်မည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ မန္တလာသီရိ အဆင့်မြင့် အားကစားကွင်း အတွင်း ကျင်းပမည့် နှစ် ၇ဝ ပြည့် ပြည်ထောင်စုနေ့ အခမ်းအနား ကို
ဖေဖော်ဝါရီ ၁ဝ ရက် မှ ၁၂ ရက် အထိ ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်း သား လူမျိုးစုများ ဈေးရောင်းပွဲ တော်၊ တိုင်းရင်းသား ပဒေသာကပွဲ ပြခန်းများဖြင့် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ပင်လုံစာချုပ် ချုပ်ဆိုသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် နေ့ကို ပြည်ထောင်စုနေ့ဟု သတ် မှတ်ကာ မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ကျင်းပခဲ့ကြသည်မှာ  ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် နှစ် ၇ဝ ပြည့်ပြီဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*