ပြုပြင်စရာ အလွဲများနဲ့ YBS ရန်ကုန် ဘတ်စ်ကား စနစ်သစ်

ပြုပြင်စရာ အလွဲများနဲ့ YBS ရန်ကုန် ဘတ်စ်ကား စနစ်သစ်
January 25, 2017 Asian Fame

1:47 pm
ပြုပြင်စရာ အလွဲများနဲ့ YBS ရန်ကုန် ဘတ်စ်ကား စနစ်သစ်

ybs-p-5ရန်ကုန် ဘတ်စ်ကား စနစ်ကို စတင် ပြောင်းလဲခဲ့သည်မှာ တစ် ပတ်ပြည့်ခဲ့ပြီ ဖြစ်သည်။ စနစ်သစ် စတင်သည့်အချိန်တွင် ခရီးသွား ရန်ကုန်မြို့ခံ များအတွက် အဆင်မ ပြေမှုများစွာ ကြုံတွေ့ခဲ့ရသော် လည်း စနစ် အပြောင်းအလဲတွင်  ဖြစ်တတ်သည့် သဘာဝအဖြစ် လက်ခံ ကာ စောင့်ကြည့်ခဲ့ကြသည်။ ကား မလုံလောက်ခြင်း၊ နှစ်ဆင့် သုံးဆင့် စီးရ၍ ငွေပိုကုန်ခြင်း၊ ကားလမ်းကြောင်းများ ရှည်လွန်း၍ အချိန်ပို ကုန်ခြင်း၊ ယာဉ်မောင်းများ နှင့် ယာဉ်နောက်လိုက် များမှာ ယခင် မထသ အချိုးအတိုင်း ပင်ရှိ နေခြင်းတို့ကို ကြုံတွေ့ခဲ့ရသော် လည်း စနစ်တစ်ခု၏ အစဟု နှလုံး သွင်းကာ မြို့ခံ အများစုက ကြိုဆိုခဲ့ ကြသည်။ တစ်ဖက်တွင်လည်း အခမဲ့ကား များ ပြေး ဆွဲပေးခြင်း ကြောင့် ရန်ကုန်မြို့ခံများ ကားမရ သည့်  ပြဿနာမှာ အထိုက်အ လျောက် ပြေလည်ခဲ့သည်။

သို့သော် YBS စနစ်စတင်ပြီး တစ်ပတ် ကြာ ရှိလာသည့်အချိန် တွင်မူ စနစ်၏ အားနည်းချက်များ ကို ပြည်သူများက တိကျ စွာထောက်  ပြ ဝေဖန်လာကြပြီဖြစ်သည်။

YBS ဘာတွေ လွဲနေသလဲ

ခရီးသွားများ ပထမဆုံး   ထောက်ပြသည့်အချက်မှာ ကား မလုံလောက်ခြင်း ဖြစ်သည်။ မှတ် တိုင်တိုင်းတွင် ရုံးတက် ရုံးဆင်းချိန် များ၌ ခရီးသည် များ စုပြုံကာ ကား စောင့်နေကြရသည်။ ကားလာပြန် တော့လည်း ကားပေါ်တွင်လည်း လူအပြည့်၊ ရုံးချိန်မမီမည်ကို စိုးရိမ် ၍ မရမကတက်ကာ ခြေနင်းခုံတွင် ပင် လိုက်စီးရသည့် အနေအထား ဖြစ်လာခဲ့သည်။

လက်ရှိ ပြေးဆွဲနေသည့် ကား အရေအတွက်နှင့် စီးနင်းသည့် ခရီးသည် မမျှတကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က လည်း ပြောကြား ထားပြီးဖြစ်သည်။ ယခင် မထသက ကိုင်တွယ်စဉ်က ရန်ကုန်တွင် လိုင်းကားစီးရေ ၆ဝဝဝ ခန့်ရှိပြီး နေ့စဉ် ပြေးဆွဲသည့် ကား ၄ဝဝဝ ခန့်ရှိခဲ့သည်။ သို့သော် YBS စနစ် စတင်သည့် ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြေးဆွဲသည့် ကား စီးရေမှာ ၂၈ဝဝ ခန့်သာရှိခဲ့ရာ ခရီးသွားများ အကြီးအကျယ်  အ ခက်တွေ့ခဲ့ကြသည်။ လက်ရှိတွင်မူ နေ့စဉ်ပုံမှန် ကား ၃၂ဝဝ ကျော်ခန့် ပြေးဆွဲနေကြောင်း ရန်ကုန်တိုင်း အစိုးရ အဖွဲ့မှ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာ မျိုးက ပြောကြား ထားသည်။ ကား ၃၂ဝဝ ကျော် တွင် ဟောင်းနွမ်းနေ သည့် ယာဉ်များလည်း ပါဝင်ပြီး လဲရမည့် ယာဉ်စီးရေက ၂ဝ ရာ ခိုင်နှုန်းခန့် ရှိနေကြောင်း၊ ထို့ ကြောင့် ယာဉ်စီးရေ မ လုံလောက် ခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြော ကြားသည်။

တောင်ဒဂုံမြို့နယ်မှ ပုဇွန် တောင်သို့ လာရောက် အလုပ်  လုပ်ရသူ မဆုသန္တာက ကားမလုံ လောက်ခြင်းနှင့် ပတ်သက်၍ ”ညဆိုရင် ကားက အရမ်းရှားတယ်။ ရှိတော့ရှိတယ်။ လမ်းကြောင်းတွေ က ဂိတ်ဆုံးတာ ဆိုလို့ ၆ ကား တစ် စီးပဲရှိတယ်။ ညဘက်ဆို ၈ နာရီ ခွဲ လောက်ဆို တစ်စီးမှကို မရှိတော့ တာ။ ကားတွေကို  ဒီ့ထက်ပိုပြီး လုပ်ပေးနိုင်ရင်တော့ အဆင်ပြေ မယ်။ ညဘက် မိုးချုပ်ရင် ဘယ်လို မှ အဆင်မပြေဘူး။ ညက ဆိုလည်း နံပါတ် ၆ ကားလာတယ်။ အမှန်ဆို လမ်းကြောင်းအရ တောင်ဒဂုံထိ ဆွဲရမှာ။ ဒါပေမယ့် ဆီပြတ်သွား တယ်ဆိုပြီး စံပြဈေးထိပဲ လိုက်ပို့ တယ်။ စံပြဈေး ကနေမှ အောက် ဆိုက် တက္ကစီတွေ စီးသွားရတယ်။ သိပ်ပြီး ထူးထူးခြားခြားကြီးတော့ လည်း ပြောင်းလဲတာ မခံစားရပါ ဘူး” ဟုပြောသည်။

စနစ်သစ် စတင်ချိန်မှစ၍ ငါးရက်အတွင်း ခရီးသည် များအား ကူညီခဲ့ကြသော စေတနာ့ ဝန်ထမ်း များထံ အဆင်မပြေမှု များကို ဖုန်း ဆက်၍ ပြောကြရာ တွင်လည်း ကားမလုံလောက်မှုသည် အဓိက အကျဆုံး ပြဿနာ ဖြစ်နေသည်ဟု စေတနာ့ဝန်ထမ်း တစ်ဦးဖြစ်သူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။

”အဓိကအကျဆုံး Complaint  (စောဒကတက်မှု) ကတော့ ကား မလုံလောက်မှုပဲ။ သူတို့ကတော့ ကားမလောက်ဘူး ပြောတာတော့  မဟုတ်ဘူးပေါ့။  ကားလွှတ်ပေးပါ လူတွေပုံနေပြီဆိုပြီး လာတာပေါ့” ဟု ၄င်းကပြောသည်။

YBS ကပြုလုပ်ထားသော လူ မှုကွန်ရက် စာမျက်နှာတွင်လည်း ခရီးသွားများက ၄င်းတို့၏ အဆင် မပြေမှု များကို လာရောက် ပြော ကြားသည် ကို ကြည့်ပါက YBSစနစ်၏ အားနည်းချက် များကို ရှင်း ရှင်းလင်းလင်း မြင်နိုင်မည် ဖြစ် သည်။ YBS ပို့စ်တစ်ခုအောက်တွင် ခရီးသွား ပြည်သူ ၇၂ ဦးက စနစ်  နှင့် ပတ်သက်၍ မှတ်ချက်ပေးကြ ရာတွင် ၆၃ ဦးက ၄င်းတို့၏ အ ခက်အခဲများကို ပြောပြထားပြီး အဆင် မပြေကြောင်း မှတ်ချက်ပေး ထားသည်ကို တွေ့ရသည်။

”အဓိက က ကားမရှိတဲ့ ပြဿ နာပဲ။ ညနေ ၆ နာရီ ရုံးဆင်းရင် နံပါတ် ၃၆ ကားစီးတာ တစ်လမ်း လုံး ကျပ်ပိတ်သိပ်နေတာပဲ။ လမ်း နီလောက် ကစပြီး လူတွေ ကားပေါ် ကို ထပ်တက်လို့ မရတော့ဘူး။  မှတ်တိုင်မှာ ကျန်ခဲ့ကြတာ အများ ကြီးပဲ။ မနက်ရုံး လာရင်လည်း ကား ပေါ်တက်လို့မရဘူး။ ခြေနင်းခုံမှာ တင်ပြည့်နေလို့ တက္ကစီငှားစီးပြီး ရုံးလာရတယ်။ နေ့တိုင်းသာ ဒီလို ဖြစ်နေရင် ရတဲ့လခက တက္ကစီခ နဲ့ တင်ကုန်မှာ” ဟု မြောက်ဥက္ကလာ မှ ဆူးလေသို့ လာရောက် ရုံးတက် ရသည့် မစန်းစန်းဌေးက ပြော သည်။

ကားလမ်းကြောင်းရှည်တယ်  

ယခင်က ယာဉ်လမ်းကြော ပိတ်ဆို့မှု များကြောင့် လမ်းပေါ် တွင် အချိန်ကုန်ရသော မြို့ခံများ အတွက် YBS စနစ်သစ် ကကု စား ပေးနိုင်ခြင်း မရှိကြောင်း မြို့ခံအချို့ က ဆိုသည်။ ဆင်ခြေဖုံး မြို့နယ် အသီးသီးမှ ရန်ကုန်မြို့ထဲသို့ လာ ရောက် အလုပ်လုပ်ရန် ယခင်ကဲ့ သို့ ကားတစ်ဆင့် တည်းနှင့် မ ရောက်တော့ဘဲ နှစ်ဆင့်စီး နေရ သဖြင့် အချိန် ပိုကုန်သည့် အပြင် ကားကျပ်သည့် ဒဏ်ကို လည်း နေ့စဉ် ခံနေရကြောင်း အင်းစိန်မြို့ နယ်မှ မဝေယံမိုးမြင့်က ပြော သည်။

”နံပါတ် ၁၄ ကားက လှည်း တန်းကိုရောက်ဖို့ကို တာမွေမှာ တင် ပတ်နေတာ။ ပုံမှန်ဆို အဲဒီခရီးက နာရီဝက်ပဲ ကြာတာ။ အခု ၂ နာရီ ကြာတယ်။ ကားကလည်း အရမ်း ရှားတယ်။ နာရီဝက်လောက်မှ တစ်စီးလာတာ။ အဲဒီတော့ ကား ပေါ်မှာလည်း ကျပ်ညပ်နေတာပဲ။ လှည်းတန်း ကနေတစ်ခါ အင်းစိန် ကို သွားဖို့ကျ တော့လည်း ၂၁ နဲ့ ၃၉ အဲဒီ နှစ်မျိုး ပဲရောက်တယ်၊ လှည်းတန်းမှာ ညနေဆို ကား စောင့်နေတဲ့ လူက အများကြီးပဲ။ ခြေနင်းခုံကနေ လိုက်ရဖို့တောင် အတင်း တိုးဝှေ့ပြီး တက်ရတယ်” ဟု ၄င်းက ပြောသည်။

ပုံမှန် အားဖြင့် တစ်နာရီခွဲသာ ကြာသည့်ခရီးကို နေ့စဉ် အသွား သုံးနာရီ အပြန် သုံးနာရီ အချိန်ပေးစီးနေရကြောင်း ၄င်းကပြောသည်။

”အဓိက အဆင် မပြေတာက လိုင်းကားစီးရတာ အရင်ထက် ပို ကျပ်တယ်။  ပြီးတော့ ကားခတွေက အရင်ထက် ပိုကုန် သွားသ လိုပဲ။ နှစ်ဆင့် သုံးဆင့်တွေ စီးနေရတော့။ သူတို့ပြောတဲ့ ကားသစ်တွေ မြန် မြန် ရောက်လာရင်တော့ ကောင်း တာပေါ့။ ကားသစ်တွေနဲ့ အစား ထိုး ပြေးဆွဲနိုင်ရင်တော့ အဆင် ပြေမှာပါ။ ဒါပေမယ့် သူတို့ဟာက ဘယ်လောက် ကြာမလဲ။ ခရီးသည် တွေက ဘယ်လောက် ထိ စောင့်ပေး ရမလဲ။ ဒီကားသစ်တွေ ရောက်တဲ့ အထိ ဘယ်လောက်ထိ သည်းခံပြီး စီးပေးနေရမှာလဲ” ဟု ကျောက် မြောင်းမှ ကိုဇော်မိုး ကပြောသည်။

စပါယ်ယာတွေလည်း အရင်အတိုင်း

YBS စနစ် စတင်သည့်နေ့မှ နောက်သုံးရက် အထိ စေတနာ့ဝန် ထမ်းများထံ ဖုန်းဆက်ကာ ခရီး  သွားများက အဆင်မပြေမှု များကို ပြော ကြားမှု တစ်ရက်လျှင် ၄ဝဝ မှ ၅ဝဝ အထိ ရှိခဲ့ပြီး ကျန် ၂ ရက် တွင် သုံးရာအထက် ရှိခဲ့ကြောင်း၊ ကားမလုံလောက်မှုကို အများ ဆုံး ပြောကြားကြပြီး စပါယ်ယာများ မချေမငံ ပြောဆိုသည့်ကိစ္စ၊ ကားခ ပိုတောင်းသည့် ကိစ္စ၊ ဆွဲရမည့်လမ်း ကြောင်းကို မဆွဲဘဲ တခြား လမ်း ကြောင်းမှ လှည့်ဆွဲသည့် ကိစ္စများ ကို တိုင်ကြားကြကြောင်း စေတနာ့ ဝန်ထမ်း တစ်ဦးဖြစ်သူ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂခေါင်း ဆောင် ကိုဇေယျာလွင် က ပြော သည်။

YBS စနစ်စတင်ပြီး နောက် နှစ်ရက် ဇန်နဝါရီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် YBS အမှတ် ၆ ယာဉ်လိုင်း စပါယ်ယာ ၂ ဦးက ပိုက်ဆံပြန်အမ်းသည့် ကိစ္စနှင့် ပတ် သက်၍ ခရီးသည် လင်မယား၂ ဦးကို လက်သီးနှင့်ထိုးမှု ဖြစ်ပွား ခဲ့ပြီး ၄င်းတို့နှစ်ဦးကို ကနဦးအ ရေးယူမှုအဖြစ် ထောင်ဒဏ် ၈ ရက် ချမှတ်ခဲ့ပြီး တရားလိုနှစ်ဦး က တိုင်ချက် ဖွင့်ထားသောအမှု  သုံးမှုဖြင့်လည်း အရေးယူ သွားဦး မည်ဟု သိရသည်။

”ကားသမားတွေက အတင်း တိုးခိုင်း၊ ခရီးသည်တွေကလည်း သည်းခံရတာ များတော့ စိတ်က ဘယ်ရှည်တော့မလဲ။ ကြာရင် ခရီး သည်တွေရဲ့ဒေါသက ကားသမား တွေဆီ ပုံကျသွားမှာတောင် စိုးရိမ် ရတယ်” ဟု အင်းစိန်မြို့နယ် မှ မဝေယံမိုးမြင့်က ပြောသည်။

ပြဿနာကို ဘယ်လိုအဖြေရှာကြမလဲ  

အထက်တွင် ဖော်ပြခဲ့သော ပြဿနာများအပြင် ကားများ ပြိုင်မောင်းခြင်း၊ ကျော်တက်ခြင်း၊ ခရီးသည်လုတင်ခြင်း၊ ညပိုင်း ကားမထွက်ခြင်း ၊ မြို့တွင်းပတ် ကားများ ငါးပိသိပ် ငါးချဉ်သိပ် ဖြစ်နေခြင်း စသည့် ပြဿနာ များကို လည်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)က အမြန်ဆုံး ဖြေရှင်းပေးရန် လိုအပ် နေပြီ ဖြစ်သည်။

YRTA မှ အဖွဲ့ဝင် တစ်ဦးဖြစ် သူ ကိုတရုတ်လေးက ”ကားလို အပ်ချက် ရှိနေတာတော့ အမှန်ပါ။ အဲဒါ တစ်ခုတော့ ရှိပါတယ်။ ကျွန် တော်တို့ ယာဉ်လိုင်းပိုင်ရှင်တွေ ဘက်မှာတော့ လတ်တလော  အ ခက်အခဲ မရှိပါဘူး။ ရှိနေတာက ခရီးသွား ပြည်သူတွေက အခက်အ ခဲရှိနေတာ။ ယာဉ်စီးရေကို နောက် ထပ်တိုး ရမှာကတော့ သေချာ တယ်။ နောက်တစ်ခုက  လိုင်းတိုင်း လိုင်းတိုင်းမှာ ညဘက် ၆ နာရီ လောက်ကနေ ၁ဝ နာရီ လောက် ထိ ညဦးပိုင်း အလုပ်ချိန် တစ်ချိန် ထပ်တိုးမှရမယ်။ ညမိုးချုပ် ၆ နာရီ ၇ နာရီ ၈ နာရီလောက်ဆို စီးစရာ ကားမရှိဘူး ဖြစ်နေတယ်၊ အဲဒီ တော့ ကြားကားတွေဆွဲနေတာတွေ ရှိတယ်။ ကြားကား ဆိုတော့ ကားခ တွေက လည်း ဈေးကြီး တယ်။ ငါး ရာ၊ တစ်ထောင် ပေးနေရတယ်” ဟု လတ်တလော အခြေအနေ များနှင့် ပတ်သက်၍ ပြောသည်။

ယာဉ်စီးရေ မလုံလောက်မှုကို ဖြည့်ဆည်းရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ နောက်ဆုံး ပတ်တွင် ယာဉ်စီးရေ တစ်ထောင် ဝယ်ယူ သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။ ထို့ပြင် လက်ရှိ ယာဉ်အိုယာဉ် ဟောင်းများ နေရာတွင် အစားထိုး ပြေးဆွဲရန် အတွက် ယာဉ်စီးရေ အများစုကို အသစ် များနှင့် ပြန်လဲ ပေးသွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာ မျိုးက ပြောကြား ထားသည်။

သို့သော်လည်း ဘတ်စ်ကား များကိုသာ အဓိက အားထားစီး နေရသော ရန်ကုန်မြို့ခံများကမူ YBS စနစ်၏ လိုအပ်ချက်များ ကိုအမြန် ဆုံး ပြုပြင်ပေးစေလိုကြ သည်။

”အခုချိန် ထိတော့ တစ်ပတ်ပဲ ရှိသေးတာပဲ ဆိုပြီး သည်းခံနေတာ ပေါ့။ ကြာလာရင် တော့ အခုလို ကြီး ဘယ်သူက သည်းခံနိုင်မလဲ။ စပြောင်း တုန်း ကတော့ ထင်ထား တာက တကယ့် အပြောင်းအလဲကြီး ဖြစ်မယ်လို့ ထင်ထားတာပေါ့။ အခုကျ ကားခတော့ ပြောင်းလဲပါ တယ်။ ကျန်တာ ကတော့  အဲဒီ လောက်ကြီး မပြောင်းလဲဘူး” ဟု တောင်ဒဂုံမြို့နယ် မှ မဆုသန္တာက ပြောသည်။

လက်ရှိတွင် မြို့ခံများအနေ ဖြင့် ကားကျပ်သည့် ဒဏ်အပြင် ကားပေါ်တွင် လိင်ပိုင်း ဆိုင်ရာ အ မြတ်ထုတ်မှု များနှင့် ခါးပိုက်နှိုက် အန္တရာယ် ကိုပါ ကြောက်လန့်နေ ကြ ရသည်ဟု ပြောလာကြသည်။

”စမ်းသပ်ကာလ ဆိုတာ တော် သင့်ပြီ။ အဆင်မပြေတာတွေကို လည်း အားလုံး ကပြောနေကြပြီ။ အဆင်မပြေတာတွေ ကိုလည်း သိနေပြီ ။ အမြန်ဆုံး ပြင်ဖို့သင့်ပြီ” ဟု အင်းစိန်မြို့နယ် မှ မဝေယံမိုးမြင့် က ညည်းတွားပြောဆိုသည်။

မေဇင်ဝင်း၊ ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*