ကျန်းမာရေးနှင့်မညီသည့်ကုန်စည် ထုတ်လုပ်သူများကို အရေးယူနိုင်မည့်ဥပဒေ ရေးဆွဲနေ

ကျန်းမာရေးနှင့်မညီသည့်ကုန်စည် ထုတ်လုပ်သူများကို အရေးယူနိုင်မည့်ဥပဒေ ရေးဆွဲနေ
January 19, 2017 Asian Fame

5:39 pm
ကျန်းမာရေးနှင့်မညီသည့်ကုန်စည် ထုတ်လုပ်သူများကို အရေးယူနိုင်မည့်ဥပဒေ ရေးဆွဲနေ

စိုင်းလမင်း
နေပြည်တော်၊ ဇန်နဝါရီ ၁၃

ကျန်းမာရေးနှင့်မညီသည့် အစားအသောက်နှင့် ဆေးဝါးထုတ်လုပ်သူများကို ထိရောက်စွာ အရေးယူနိုင်ရန် ဥပဒေ ၄ ခုကို ခြောက်လအတွင်း အပြီးရေးဆွဲသွား မည်ဟု အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးညွှန်ကြားမှုဦးစီးဌာန (FDA) ညွှန်ချုပ် ဒေါက်တာသန်းထွဋ်က ပြောသည်။ ရေးဆွဲသွားမည့် ဥပဒေများမှာ အ စားအသောက်ဥပဒေ၊ ဆေးဝါးဥပဒေ၊ ဓာတ်ခွဲခန်းဥပဒေ၊ အလှကုန်ဥပဒေတို့ ဖြစ်ကြောင်း သိရသည်။

”အခုက ဥပဒေအခိုင်အမာ မရှိတဲ့အတွက် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအသောက်တွေ၊ အလှကုန်ပစ္စည်းဆိုရင်လည်း မာကျူရီတွေ ပါတာတွေရှိတယ်။ ကျွန်တော်တို့အနေနဲ့ ထိရောက် အောင်အရေးမယူနိုင်သေးဘူး”ဟု ဒေါက် တာသန်းထွဋ်က ပြောသည်။ အဆိုပါဥပဒေ လေးခုကို အပြီးရေး ဆွဲပြီးပါက ဥပဒေ၏ အားနည်းချက် အားသာချက်များကို လေ့လာနိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာသုံးသပ်ဆန်းစစ်ရေးကော်မရှင်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

”သူတို့တွေက လေ့လာသုံးသပ်ပြီး ဘယ်ဟာကတော့ ဥပဒေထဲမှာထည့်သင့်တယ်။ ဘယ်ဟာကတော့ ဥပဒေထဲမှာ မထည့်သင့်ဘူး။ သူတို့တွေ အဲ့ဒီလိုမျိုးပြီး မှ ကျွန်တော်တို့က ဥပဒေမူကြမ်းကို လွှတ်တော်တင်မှာပါ”ဟု ၎င်းက ပြောသည်။ ဥပဒေကို လွှတ်တော်တင်ချိန်တွင်လည်း ဥပဒေ၏အားနည်းချက် အားသာချက်များနှင့် ပတ်သက်၍ သတင်း စာများတွင် ကြေညာကာ ပြည်သူလူထု ၏ဆန္ဒ ရယူသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ထိုဥပဒေလေးခုကို အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနနှင့်အတူ ဥပဒေပညာရှင်များက ရေးဆွဲခြင်းဖြစ်ပြီး အစားအသောက် ဥပဒေမှာ ၈၅ ရာခိုင် နှုန်းအထိ ရေးဆွဲပြီးဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*