သူနာပြု နဲ့သားဖွား​ကောင်​စီ အသစ်​ပြန်​လည်​ဖွဲ့စည်းပေးဖို့ လွှတ်တော်မှာ တောင်းဆို

သူနာပြု နဲ့သားဖွား​ကောင်​စီ အသစ်​ပြန်​လည်​ဖွဲ့စည်းပေးဖို့ လွှတ်တော်မှာ တောင်းဆို
June 7, 2017 Asian Fame

5:31 pm
သူနာပြု နဲ့သားဖွား​ကောင်​စီ အသစ်​ပြန်​လည်​ဖွဲ့စည်းပေးဖို့ လွှတ်တော်မှာ တောင်းဆို

htaw

နေပြည်တော် ၊ ဇွန် ၇

သူနာပြု နဲ့ သားဖွားကောင်စီကို အသစ်ပြန်လည်ဖွဲ့စည်းပေး ဖို့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဒေါ်အေးမြမြမျိုးက လွတ်တော်ကို တင်ပြ တောင်းဆိုလိုက်ပါတယ်။

“ဒီမိုကရေစီနည်းကျစွာဖြင့် ပိုမိုအားကောင်းသော တာဝန်ယူမှု ၊ တာဝန်ခံမှု ပြည့်ဝသော သူနာပြုနှင့်သားဖွားတို့၏ အခွင့်အရေးကို ကာကွယ်ပေးမယ့် သူနာပြုနဲ့ သားဖွားကောင်စီကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီး လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်”လို့သူမကပြောပါတယ်။

ဇွန်လ ၇ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမဲဆန္ဒနယ်မှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်မင်းလှိုင်အဆိုကို ထောက်ခံဆွေးနွေးစဉ်မှာ အထက်ပါအတိုင်းဒေါ်အေးမြမြမျိုးကပြောကြားခဲ့တာပါ။

ကျန်းမာရေးနဲ့အာကစားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ ရက်ပိုင်းအတွင်းမှာ တိကျတဲ့အဖြေထွက်လာမယ်လို့ဆိုပါတယ်။သူနာပြုကျောင်းသားသမဂ္ဂရန်ကုန်မှ မအေမီမီဂျူးက လွတ်တော်ကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကိုထောက်ခံတယ်လို့ဆိုပါတယ်။

“ကောင်စီက အသစ်ပြန်ဖွဲ့ဖို့မဖြစ်မနေလိုနေပါပြီ ၊ လိုအပ်ချက်ရှိနေတာ အမှန်ပဲ”ဟု သူမက ဆိုပါတယ်။၂ဝ၁၅ ခုနှစ် မေလ ၁၉ရက် မှာ ပြန်လည် ပြင်ဆင် ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ သူနာပြုနဲ့သားဖွားကောင်စီဥပဒေ အသစ်အရ ဖွဲ့စည်းထားတဲ့ ကောင်စီက တော့ နိုင်ငံမှာ ခုချိန်ထိ မရှိသေးပါဘူး။ခုလက်ရှိ ကောင်စီက အရင် ဥပဒေ အဟောင်းတွေကနေ ပေါ်လာတဲ့ အဖွဲ့ဝင် ၁၀ဦးကျော်ပါတဲ့ ကောင်စီပါ။ဒေါ်အေးမြမြမျိုး တောင်းဆိုတဲ့ အတိုင်း လက်ရှိကောင်စီကို ဖျက်ဆီး ပြီး အသစ်ပြန်လည် ဖွဲ့စည်းမယ်ဆိုရင် ကောင်စီအသစ်ဟာ အဖွဲ့ဝင် ၆၀ လောက်နဲ့ ဖွဲ့စည်းရတော့မှာပါ။ကောင်စီ အသစ်မှာ ကဏ္ဍစုံက သူနာပြုတွေ ပါလာမှာ ဖြစ်တဲ့အတွက် သူနာပြု အများစု ကတော့ အသစ်ကို လိုလားနေကြပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*