နေပြည်တော်နှင့် မန္တလေး အိမ်ခြံမြေ ဈေးကွက် အတွင်း အခန်းငှားရမ်းမှု များပြားလာ

နေပြည်တော်နှင့် မန္တလေး အိမ်ခြံမြေ ဈေးကွက် အတွင်း အခန်းငှားရမ်းမှု များပြားလာ
January 12, 2017 Asian Fame

5:31 pm
နေပြည်တော်နှင့် မန္တလေး အိမ်ခြံမြေ ဈေးကွက် အတွင်း အခန်းငှားရမ်းမှု များပြားလာ

(ရန်ကုန်၊ ဇန်နဝါရီ ၉)

မန္တလေးနှင့် နေပြည်တော် အိမ်ခြံမြေ ဈေးကွက် တွင် အရောင်းထက် အငှားက ပိုမိုဖြစ်ပေါ်နေပြီး မြို့တွင်း အချက်အချာ ကျနေရာ များတွင် လုပ်ငန်း လုပ်ကိုင်ရန် နေရာ ငှားရမ်းမှုများ ပိုမိုဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင် များထံမှ သိရသည်။

မန္တလေးနှင့် နေပြည်တော်ရှိ အိမ်ခြံမြေ ဈေးကွက် သည် နိုင်ငံခြား စီးပွားရေး လုပ်ငန်းများ အတွက် အ ဆင်ပြေ၍ အချက်အချာ ကျသော နေရာများတွင် ကုမ္ပဏီနှင့် ရုံးခန်းများ အတွက် သင့်တော်သည့် နေ ရာများနှင့် လုံလောက်သော အကျယ်အဝန်း ရှိသည့် မြေ ကွက် များကို စီးပွားရေး လုပ်ငန်းသုံးများ အဖြစ် ငှားရမ်းမှု များပြား လာကြောင်း သိရသည်။

”မန္တလေး အိမ်ခြံမြေ ဈေးကွက်က လောလော ဆယ်မှာတော့ တစ်မြို့လုံး အနေအထားနဲ့ ခြုံကြည့် ရင် နည်းနည်း အေးတယ် လို့ပဲ ပြော ရမယ်။ အငှား ဈေးကွက် ကတော့ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ အငှားဈေးကွက် အနေအထား တစ်ခုကတော့ ဆိုင် ကြီးတွေ ဖွင့်မယ့် သူတွေ ငှားကြတာ များပါတယ်” ဟု ရွှေမန္တလေး အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မန် နေးဂျင်း ဒါရိုက်တာ ဦးနေလင်းအောင် က ပြော သည်။

လက်ရှိ မန္တလေးနှင့် နေပြည်တော် အိမ်ခြံမြေ ဈေးကွက် အခြေအနေသည် ရန်ကုန်ကဲ့သို့ပင် ရောင်း ဝယ်ငှားရမ်းမှု များဖြစ်ပေါ်နေပြီး ၂ဝ၁၇ ခုနှစ် အတွင်း ပိုမိုကောင်းမွန် လာဖွယ်ရှိနေကြောင်းနှင့် ကာလတစ် ခုကြာ အေးစက်နေသော နေပြည်တော်၏ အိမ်ခြံမြေ ဈေး ကွက် အခြေအနေ သည်လည်း ရန်ကုန်၊ မန္တလေး မြို့များကဲ့သို့ ပြန်လည် လှုပ်ရှားလာနေပြီ ဖြစ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင် သူများ ထံမှ သိရသည်။

”နေပြည်တော် အနေနဲ့ ပုဗ္ဗသီရီနဲ့၊ ဇမ္ဗူသီရိထဲက ရွှေကြာပင်ဘက် ကတော့ အခြားနေရာတွေ ထက် အ ရောင်းအဝယ် ပိုသွက်နေပါတယ်။ အခြားတန်ဖိုးကြီး အကွက်များ တည်ရှိတဲ့ ဥတ္တရသီရိနဲ့ ဒက္ခိဏသီရိ ဘက်တွေ မှာတော့ အရောင်းအဝယ် ဆက်တိုက် လိုက်လာလိုက်၊ နောက် ၂ ပတ်လောက် ငြိမ်သွား လိုက်ဖြစ်နေတယ်။ ပုဗ္ဗသီရိဘက် မှာတော့ပေ ၆ဝ၊ ၈ဝ အကျယ် မြေကွက်တွေဆို သိန်း ၂ဝဝ နဲ့ ၃ဝဝ ကြားရှိပြီး သင့်တော်တဲ့ အဆောက်အအုံ ပါတဲ့ အ ကွက်တွေ သွက်တယ်။ တည်နေရာပေါ် မူတည်ပြီး ဈေးပြောင်းသွားတာ ရှိပါတယ်။ သပြေကုန်း မိန်း လမ်းမကြီး တဝိုက်မှာတော့ အငှားများပါတယ်။ အဲ့ဒီ ဘက်က ၂ ထပ်တိုက်၊ ၃ ထပ်တိုက်၊ ၄ ထပ်တိုက် အားလုံးနီးပါး ငှားပြီးဖြစ်ပါတယ်။ များသောအား ဖြင့်တော့ နိုင်ငံခြား ကုမ္ပဏီတွေ ငှားတာများပါတယ်” ဟု Thitsar Oo Royal အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးသန်းထွန်းက ရှင်းပြသည်။

၂ဝ၁၆ ခုနှစ် အတွင်း နေပြည်တော် အိမ်ခြံမြေ ဈေးနှုန်းများသည် အတက်အကျ မရှိဘဲ ပုံမှန်အတိုင်း  ရောင်းဝယ် ငှားရမ်းမှု များ ဖြစ်ပေါ်နေ ခဲ့ပြီး နေထိုင် ရန်နှင့် စီးပွားရေး လုပ်ငန်းများ အတွက် ဝယ်ယူမှုများ ရှိနေသော်လည်း ရောင်းလိုအား နှင့်ယှဉ်ပါက ဝယ် လိုအား နည်းနေသေးလျက် ရှိကြောင်းနှင့် ၂ဝ၁၇ ခုနှစ် အစောပိုင်းတွင် အရောင်းအဝယ်များ ဆက် လက် ဖြစ်ပေါ် နေနိုင်သော် လည်း ဈေးနှုန်းများ ပုံမှန် အတိုင်း ဆက်လက် ဖြစ်ပေါ်နေနိုင်မည် ဖြစ်ကြောင်း သုံး သပ်ချက် များလည်း ရှိနေသည်။ အွန်လိုင်း အိမ်ခြံ မြေရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် house.com.mm မှ Managing Director  ဖြစ်သူ Mr. Nitesh Khriwal ကလည်း ”၂ဝ၁၆ ခုနှစ် ရဲ့ နောက် ဆုံး ၃ လအတွင်း ရန်ကုန် အပါအဝင် မန္တလေးနဲ့ နေပြည်တော် တို့မှာပါ အိမ်ခြံမြေ ဈေးကွက်ပြန်လည် လှုပ်ရှား လာတာကို တွေ့ရှိရပါတယ်။ မကြာသေးမီ ကမှ ရရှိခဲ့တဲ့ US Sanction ဖြေလျှော့မှုများနဲ့ ရင်း နှီးမြှုပ်နှံမှု ဥပဒေသစ် တို့က နိုင်ငံရဲ့ စီးပွားရေး ဖွံ့ ဖြိုးမှုများ အတွက် အပေါင်း လက္ခဏာဖြစ်ပြီး ပြည် တွင်း ပြည်ပ စီးပွားရေး လုပ်ငန်းများ နေရာယူ လုပ် ကိုင်ရန်အတွက် မန္တလေးနဲ့ နေပြည်တော်တို့ရှိ အိမ် ခြံမြေ ဈေးကွက်များပါ လိုက်ပါ လှုပ်ရှား လာစေပါ တယ်” ဟုသုံးသပ်ပြောဆိုထားသည်။

HEZ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*