အထည်ချုပ် လုပ်ငန်းခွင်မှ အမျိုးသမီးများ အတွက် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပညာပေး ကမ်ပိန်း လုပ်မည်

အထည်ချုပ် လုပ်ငန်းခွင်မှ အမျိုးသမီးများ အတွက် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပညာပေး ကမ်ပိန်း လုပ်မည်
January 12, 2017 Asian Fame

2:05 pm
အထည်ချုပ် လုပ်ငန်းခွင်မှ အမျိုးသမီးများ အတွက် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပညာပေး ကမ်ပိန်း လုပ်မည်

Industry-Worker(p-AFP)(ရန်ကုန်၊ ဇန်နဝါရီ ၉)

အထည်ချုပ် လုပ်ငန်းခွင်မှ အမျိုးသမီးများ အတွက် အလုပ် သမား ရပိုင်ခွင့်များနှင့် လူကုန်ကူး မှုဆိုင်ရာ ပညာပေး လှုပ်ရှားမှုများ ကို ယခုနှစ်အတွင်း ဆက်တိုက်ပြု လုပ် သွားမည် ဖြစ်ကြောင်း အလုပ် သမား သမဂ္ဂ များပူးပေါင်းဆောင် ရွက်ရေးကော်မတီ (CCTU) မှ သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် လာသည်နှင့်အမျှ အထည်ချုပ် လုပ်ငန်းခွင် အတွင်း အမျိုးသမီး အလုပ်သမားများ ပိုမို ဝင်ရောက် လာကြမည်ဖြစ်ရာ ၄င်းတို့၏ ရပိုင်ခွင့်နှင့် အခွင့် အရေးများကို ၄င်းတို့ကိုယ်တိုင် သိထားရန် လိုအပ်ကြောင်း၊ ထို့ ကြောင့် ကမ်ပိန်းများ လုပ်ဆောင် သွားမည်ဖြစ်ပြီး စက်မှု လုပ်ငန်းဆိုင် ရာ အမျိုးသမီး အလုပ်သမားများ အစည်းအရုံးနှင့် ပူးပေါင်းလုပ် ဆောင် သွားမည်ဖြစ်ကြောင်း CCTU မှ ဦးရဲနိုင်ဝင်းက ပြော သည်။

”အလုပ်သမား သမဂ္ဂတွေ အားကောင်းရင်တော့ ဒီအလုပ် တွေက သမဂ္ဂတွေကပဲ လုပ်သွား မှာ။ အခုက သမဂ္ဂခေါင်းဆောင် တွေက အလုပ်ထုတ် ခံရတာတွေရှိ လာတော့ ကျွန်တော်တို့ အနေနဲ့ သမဂ္ဂတွေ အားကောင်းအောင် အကောင်အထည် ဖော်ရင်း တစ် ဖက်က လည်း အမျိုးသမီး အလုပ် သမားထု အတွက် ဥပဒေဆိုင်ရာရ ပိုင်ခွင့်၊ အမျိုးသမီး အခွင့်အရေး နဲ့ လူကုန်ကူးမှု ပညာပေးရေးတွေ လုပ် မှာ” ဟု ၄င်းက ပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် အမျိုးသမီး အလုပ်သမားများ အများဆုံး ရှိသည့် နေရာများတွင် လုပ်ဆောင်မည် ဖြစ်ပြီး အထူး သဖြင့် ရန် ကုန် နှင့် မန္တလေးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ အ ဆောင်များ၊ ကားမှတ်တိုင် များတွင် လက်ကမ်း စာစောင်များ ဝေငှသွား မည်ဖြစ် ပြီး နောက်ပိုင်းတွင် ပညာ ပေး ဆွေးနွေးပွဲများပါ ပြုလုပ်သွား ရန်ရှိကြောင်းသိရသည်။

”အလုပ်သမား အခွင့်အရေး အတွက် အစိုးရနဲ့လွှတ်တော် ချည်းပဲ အားကိုးလို့မရဘူး။ လူထု ကလည်း ကိုယ့်အခွင့်အရေး ကိုယ် ပိုင် ပိုင်နိုင်နိုင် နားလည်ပြီး ဖြစ်သင့် တာတွေ တောင်းဆိုဖို့ လိုတယ်” ဟု ၄င်းက ပြောသည်။

လက်ရှိတွင် အထည်ချုပ် အလုပ် သမား ကဏ္ဍတွင်လုပ်ကိုင်နေသော အလုပ်သမား ဦးရေ လေးသိန်း ခန့်ရှိနေပြီး ထိုအထဲမှ ၉ဝ ရာခိုင် နှုန်းခန့်မှာ အမျိုးသမီး လုပ်သား များဖြစ်ကြောင်း သိရသည်။

PN042

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*