ဒုတိယ အရွယ်မှာ ဆင်ခြင်စရာ

ဒုတိယ အရွယ်မှာ ဆင်ခြင်စရာ
January 12, 2017 Asian Fame

2:25 pm
ဒုတိယ အရွယ်မှာ ဆင်ခြင်စရာ

3လွန်ခဲ့တဲ့ ဆယ်နှစ်၊ အနှစ် နှစ် ဆယ်လောက် ကတည်းက အာစရိ ယ ပူဇော်ပွဲတွေ လုပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့ နှစ်ပိုင်း အတွင်းမှာ အာစရိ ယ ပူဇော်ပွဲတွေ မြတ်ဆရာ ပူဇော်ပွဲ တွေ မြို့တိုင်းလိုလို၊ ကျောင်းတိုင်း လိုလိုမှာ ပိုပြီး ကျင်းပလာကြတာ သတိပြုမိပါတယ်။

ဒီလို ကျင်းပဖြစ်လာတာ အ ကြောင်းတွေ တိုက်ဆိုင်လာလို့ ထင် ပါတယ်။

မြန်မာနိုင်ငံမှာ အငြိမ်းစား ပညာရေး ဝန်ထမ်း အများစုဟာ ချို့ တဲ့ကြတာ များပါတယ်။ အထူးသ ဖြင့် အလယ်တန်းပြ၊ အထက်တန်း ပြ ဆရာ၊ ဆရာတွေပေါ့။

ကိုယ့်ကို ပညာသင်ကြားပေး ခဲ့ ဆရာ၊ ဆရာမတွေ အတိဒုက္ခ ရောက်နေတာ၊ စားဝတ်နေရေးမ ပြေလည်တာတွေ ကို ကြားသိရတဲ့ အခါ တပည့်တိုင်းက ကူညီဖေးမ ပြီး ကျေးဇူးဆပ်ချင် စိတ်တွေ ပေါ် လာကြမှာပါ။ ဒါဟာ ဘာသာတရား ရဲ့ အဆုံးအမကြောင့် လည်း ဖြစ် နိုင် ပါတယ်။ ကိုယ့်ဆရာ၊ ဆရာမ တွေထဲက မပြေလည်တဲ့ သား ထောက်သမီးခံ မရှိတဲ့ ရုန်းကန်နေ ရတဲ့ ဆရာအို၊ ဆရာမ အိုကြီးတွေ ရဲ့ သတင်းကို တစ်ဆင့် စကားက နေ ကြားရတဲ့အခါ ငွေကြေးပြည့်စုံ တတ်နိုင်တဲ့ တပည့်တွေက မနေ နိုင်တော့ဘဲ မတည်ငွေ ထည့်ဝင် ကာ ဆရာ၊ ဆရာမတွေကို ကန် တော့ဖို့ စီစဉ်ကြတာပေါ့။ ပြည့်စုံတဲ့ ဆရာတွေ ဆိုလည်း ဆရာ့အရိပ်၊ ဆရာ့ဂုဏ် ကို ပူဇော်ကြရမှာ ကျွန် တော်တို့ ဝတ္တရားပါ။

တစ်ချိန်တုန်း ကတော့ ဆက် သွယ်ရေး စနစ်တွေ ခက်ခဲတော့ သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ပြန်အဆက် အသွယ် မရခဲ့ကြဘူး။ အခုကတော့ လက် ကိုင်ဖုန်း ဆိုတာ လူတိုင်းလိုလို ကိုင် တဲ့ အရာဖြစ်နေပြီ။ facebook လို လူမှုကွန်ရက်တွေကိုလည်း လူ တော်တော် များများက အသုံးပြုနေ ပြီ။ ငယ်သူငယ်ချင်းတွေ တစ် ယောက် နဲ့တစ်ယောက် ဆက်သွယ် ရတာ အရမ်းကို လွယ်ကူသွားပြီ။ အဲဒီကနေ သူငယ်ချင်းတွေ ပြန် တွေ့ပြန် အဆက်အသွယ် ရခဲ့ကြ တယ်။

အချင်းချင်း နီးကပ်စွာ ဆက် သွယ်ဖို့ သတင်းတွေ ဖလှယ်ဖို့ Group လေးတွ လုပ်ခဲ့ကြတယ်။ တချို့ဆို ဆရာ၊ ဆရာမတွေ ရုတ် တရက် နာမကျန်းဖြစ်ခဲ့ရင် ကွယ် လွန်ခဲ့ရင် ကူညီနိုင်ဖို့ ဆရာကန် တော့ပွဲကျရင် အလွယ်တကူ ငွေ ကြေးထည့်ဝင်နိုင်ဖို့ ဘဏ်စာရင်း လေးတွေ ဖွင့်ပြီး စုဆောင်းငွေလေး တွေ လုပ်ထားကြတယ်။

Group  ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် စကြ၊ နောက်ကြနဲ့ ငယ်ဘဝကို ပြန်ရောက်သလို ပျော် ခဲ့ကြတယ်။ လူမှု ကွန်ရက်ကြောင့်  ကမ္ဘာ အရပ်ရပ် ရောက်နေတဲ့ သူ ငယ်ချင်းတွေ ပြန် အဆက်အသွယ် ရပြီး အချိန်မရွေး ထိတွေ့ဆက်ဆံ ဖြစ်ခဲ့ကြတယ်။ အသင်း အဖွဲ့လေး တွေဖွဲ့ဖြစ်ပြီး ကောင်းကျိုးလေးတွေ ဆောင်ရွက် ဖြစ်ခဲ့တယ်။ ဒါပေမယ့် လူမှုကွန်ရက် ဆိုတာကလည်း သိ တဲ့အတိုင်း ပဲလေ။ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေ လည်း ရှိနိုင် တယ်ပေါ့။ ကောင်းကျိုးတွေက တော့ ပိုများပါတယ်။

ဆိုးကျိုး တချို့လည်း ရှိပါ တယ်။ ဆယ်တန်းတုန်းက ခပ်စိမ်း စိမ်းနေခဲ့ကြပေမယ့် လူမှုကွန်ရက် တွေကြောင့် ပြန်လည် အဆက်အ သွယ်ရ ဝါသနာတူ ခံယူချက် တူပြီး နေ့စဉ်နီးပါး ထိတွေ့ဆက်ဆံ ဖြစ်ခဲ့ ကြတဲ့သူတွေ ရှိသလို တစ်ချိန်တုန်း က အတူတွဲခဲ့တဲ့ သူငယ်ချင်း တချို့ ဟာ လူမှုကွန်ရက်တွေ တွင်တွင် ကျယ်ကျယ် ပေါ်လာပြီးနောက်မှာ တစ်ယောက်က အရမ်းသုံးပြီး တစ် ယောက်က သိပ်မသုံးတဲ့ အခါ ဝေး သွား၊ သွေးအေး သွားခဲ့ကြတာတွေ ရှိပါတယ်။

တချို့ကျတော့လည်း အခုမှ လူမှုကွန်ရက်ကို စတင်ထိတွေ့ အ သုံးပြုပြီး ကျင့်ဝတ်ကို သိပ်နားမ လည်သေးတဲ့ အတွက် ကွန်မန့်ရေး တဲ့အခါမှာ အထင်လွဲ စရာတွေဖြစ် ပြီး တစ်ယောက် နဲ့ တစ်ယောက် အထင်မှား အမြင် မှားကုန်ကြပါ တယ်။

တစ်ခါက သူငယ်ချင်းတစ် ယောက်က နောက်သူငယ်ချင်း တစ် ယောက်ကို အရမ်း ရင်းနှီးတဲ့ စိတ်နဲ့ လက်ဖက်ရည် ဆိုင်မှာဆုံတုန်း ပြော သလို ကွန်မန့်မှာ စာတစ်ကြောင်း ရေးလိုက်တယ်။ ဒါပေမယ့် ကွန် မန့် ဆိုတာက အဲဒီလူရဲ့ သူငယ်ချင်း အားလုံး မြင်တွေ့နိုင်တဲ့ အရာဆို တာ ရေးသူက သတိမပြုလိုက်မိဘူး။

အရေးခံရတဲ့ သူကလည်း ရေး လိုက်တဲ့ သူ့သူငယ်ချင်းနဲ့ သူ့ရဲ့ ရင်းနှီးမှုကို သိပြီး ဗွေမယူပါဘူး။ ဒါပေမယ့် လူတကာ မြင်တွေ့နိုင်တဲ့ ကွန်မန့် ဆိုတဲ့ နေရာမှာ ဒါမျိုးမရေး သင့်ဘူးလို့ စေတနာနဲ့ ပြောလိုက် တဲ့အခါ ဟိုက သူ့ကို နှိမ်တယ်လို့ ယူဆပြီး စိတ်ဆိုးကာ မခေါ်နိုင် မပြောနိုင်တွေ ဖြစ်ကုန်ပါတယ်။

တစ်ခါတလေမှာ အရမ်းရင်း နှီးတဲ့ ငယ်ငယ်တုန်းက စိတ်နဲ့ ကွန် မန့်တစ်ခု ရေးလိုက်တာ ရယ်စရာ ဓာတ်ပုံ၊ ကာတွန်း တစ်ခု ပို့လိုက် တာဟာ ကိုယ်ရေးလိုက်၊ ပို့လိုက်တဲ့ မိန်းကလေး၊ ယောက်ျားလေး အပြင် သူ့အိမ်ထောင်ဖက် အမျိုးသား၊ အမျိုးသမီးကပါ ကိုယ်ပို့ လိုက်တာ ကို တွေ့နိုင်တယ် ဆိုတာ တချို့က သတိမပြု မိလိုက်ကြဘူး။ အဲဒီအခါ ပျော်ဖို့ လုပ်လိုက်တဲ့ ကိစ္စ တစ်ခုဟာ စိတ်ညစ်စရာတွေ နဲ့ အဆုံးသတ် ကုန်ပါတယ်။ အထူးသဖြင့် အပို့ခံ ရတဲ့ သူရဲ့ အိမ်ထောင်ဘက်က သဝန်ကြောင်တတ်တယ် ဆိုရင် ပိုဆိုး ပါတယ်။

ဘာပဲပြောပြော လူမှု ကွန်ရက် တွေကြောင့် ကျွန်တော်တို့ ပြန်ဆုံ တွေ့ခဲ့ကြတယ်။ ဒါပေမယ့် သူငယ် ချင်း ဆိုတာလည်း မတစ်ထောင် သားတွေ ပဲလေ။ ကောင်းတဲ့သူ ရှိ သလို မကောင်းတဲ့သူလည်း ရှိနိုင် တာပါပဲ။ ငယ်ငယ်တုန်း က အဖြူ အစိမ်းလေးတွေ ဝတ်ပြီး အတန်း ထဲ မှာ တပြေးညီ လိုနေခဲ့ကြတယ်။ နှစ် နှစ်ဆယ် အစိတ်ကျော် ကွဲကွာပြီး ပြန်တွေ့ကြတဲ့အခါ သူတို့ တွေ့ကြုံ ဖြတ်သန်း ခဲ့ရတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့် ငယ်ငယ် တုန်းက အတိုင်းတော့ မဟုတ်ကြ တော့တာ ကျိန်းသေပါတယ်။

ငယ်သူငယ်ချင်းတွေ ပြန်အ ဆက်အသွယ် ရပြီး တစ်ယောက်က သူ့ဖုန်းပိုက်ဆံ ကုန်သွားလို့ ဖုန်း ကတ်ဝယ်ဖို့ ဆိုင်လည်း မတွေ့လို့ ဖုန်းဘေလ်ဖြည့် ပေးပါ ဆိုပြီး အကူ အညီတောင်းလို့ ကျန်တစ်ယောက် က ဖြည့်ပေးလိုက်တယ်။ လူချင်း ပြန်တွေ့တော့ မေ့နေ တာလား၊ မေ့ချင်ယောင် ဆောင်တာလား မသိ၊ ဖုန်းဘေလ်ဖိုး ပြန်မပေးဘူး ဆိုတာမျိုး၊ အရေးပေါ်ငွေလို လို့ဆို ပြီး ပိုက်ဆံ သိန်း ဂဏန်း ချေးသွား ပြီး ပြန်မပေးတော့တာ မျိုးလေးတွေ ကြားလာရတယ်။

တချို့ကတည်း သူငယ်ချင်း တွေပြန်တွေ့တဲ့အခါ သူ့ရဲ့အကျိုး စီးပွား အတွက် ဘာများ အကျိုးရှိ နိုင်မလဲဆိုတဲ့ စိတ်မျိုးနဲ့ ပြန်ဝင်လာ ကြပုံရတယ်။ ဒါမျိုး ကတော့ ရှားပါ တယ်။ တချို့ကျတော့လည်း သူရဲ့ အတိတ်ကာလ တုန်းက စွန်းထင်းခဲ့ တဲ့ အညစ်အကြေးကို မဆေးကြော နိုင်သေးဘဲ အဲဒီအတိုင်း ဖြတ်သန်း နေတုန်းတွေ့ရတယ်။

အာစရိယ ပူဇော်ပွဲ၊ ကျောင်း သားဟောင်းတွေ့ဆုံပွဲတွေမှာ စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေကြတဲ့ ကျောင်းသားဟောင်းတွေ အနေနဲ့ ကိုယ့်လုပ်ငန်း အမှတ် တံဆိပ်ကို လူသိများအောင် လုပ်တဲ့အခါ ကျင့် ဝတ်နဲ့ အညီဖြစ်ဖို့ သတိထားရပါ တယ်။ အမှတ်တမဲ့နဲ့ ဝေတာကုန် လို့ ရောင်းတာကို အားပေးကြပါဆို ရင်လည်း မဟုတ်သေးဘူးလေ။

အိမ်ထောင်ရေး အဆင်မပြေ တဲ့ တချို့ သူငယ်ချင်းတွေ အနေနဲ့ ငယ်ငယ်က သူငယ်ချင်းတွေ၊ အီ စကလီ အဟောင်းတွေ နဲ့ဆုံမိရင် ရိုးသားဖြူစင်တဲ့ အရွယ်ရဲ့ တန်ဖိုး ကြောင့် ပိုပြီး ရင်းနှီးလာပြီး ရင်ဖွင့် တတ်ကြတာလည်း သဘာဝပါပဲ။ အဲဒီ သဘာဝဟာ ရုပ်ဆိုး အကျည်း မတန်လာအောင် နှစ်ဖက်လုံး တာ ဝန်ရှိကြပါတယ်။

လူမှုကွန်ရက်ကို သုံးပြီး သူ ငယ်ချင်းတွေ နဲ့ ပြန်တွေ့ရတဲ့အခါ မှာ ကွန်ရက်ပေါ်ကနေ Post  တင် တာတွေ၊ Comments ရေးတာတွေ၊ Like  နှိပ်တာတွေ၊ Tag တွဲတာတွေ ကြည့်ပြီး သူတို့ရဲ့ စိတ်နေ စိတ် ထား၊ ခံယူချက် စတာတွေကို ခပ် ပါးပါးလေး မြင်နိုင်ပါတယ်။ အချိန် ကြာလာတဲ့ အခါမှာ အမြင်မတူ၊ ခံ ယူချက်မတူ၊ ဝါသနာ မတူတဲ့သူတွေ ဟာ တဖြည်းဖြည်း ဝေးသွားမှာဖြစ် ပြီး အမြင်တူ၊ ခံယူချက်တူ၊ ဝါသ နာတူတဲ့သူတွေ စုပြီး ကျန်ရစ်ခဲ့မှာ ပါ။

ကျွန်တော်တို့ အားလုံးဟာ ဒုတိယ အရွယ်ထဲကို ဝင်ရောက်လာခဲ့ ပြီး ကျွန်တော်တို့ရဲ့ ဆရာ၊ ဆရာမ တွေဟာ တတိယ အရွယ်နဲ့ နေဝင် ချိန်ကို ရောက်နေပြီ။ သူတို့ရဲ့ နေ ဝင်ချိန်လေး ကို ကျွန်တော်တို့ တတ်နိုင်သလောက်လေး သာသာ ယာယာဖြစ်အောင် လုပ်ပေးနိုင်ရင် သိပ်ကောင်းမှာပါ။ ကိုယ်လည်း တစ်ချိန် အဲဒီနေရာကို ဖြတ်သန်း ရမှာလေ။

ဒီလူမှုကွန်ရက်တွေကို အကျိုး ရှိစွာ သတိဖြင့်သုံးရင်း အမြင်တူ၊ ခံယူချက်တူ၊ ဝါသနာ တူတဲ့ သူငယ် ချင်းတွေ စုပြီး ကိုယ့်မိဘ အရွယ် ဆရာ၊ ဆရာမတို့ကို ကိုယ်တတ် နိုင်သလောက် ကူညီထောက်ပံ့ရင်း ပူဇော်ကန်တော့ကြပါစို့။

အဏ္ဏဝါအုန်းမောင်(ဘူမိ)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*