မြန်မာ-တရုတ်နယ်စပ်တွင် ကြက်ငှက်တုပ်ကွေးကာကွယ်ရေး အရှိန်အဟုန်မြှင့်

မြန်မာ-တရုတ်နယ်စပ်တွင် ကြက်ငှက်တုပ်ကွေးကာကွယ်ရေး အရှိန်အဟုန်မြှင့်
January 11, 2017 Asian Fame

11:24 am
မြန်မာ-တရုတ်နယ်စပ်တွင် ကြက်ငှက်တုပ်ကွေးကာကွယ်ရေး အရှိန်အဟုန်မြှင့်

လင်းဟိန်း
ရန်ကုန်၊ ဇန်နဝါရီ ၆

ဟောင်ကောင်တွင် အမျိုးသားတစ်ဦး ကြက်ငှက်တုပ်ကွေး Influenza (H7N9) ဖြစ်ပွားခဲ့သည့်အတွက် မြန်မာ- တရုတ် နယ်စပ်တွင် ကြက်ငှက် တုပ် ကွေး ကာကွယ်ရေးကိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရ သည်။

ဝန်ကြီးဌာနအနေဖြင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများကို အခြေအနေ စောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းနှင့် ရောဂါ ဖြစ်ပွားမှု တွေ့ရှိပါက ထိထိ ရောက်ရောက် ဆောင်ရွက်ခြင်းတို့ကို ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ကြက်၊ ငှက်မွေးမြူရေးဇုန်များတွင် ကြက်နာကျခြင်း၊ သေခြင်းစသည့် ပုံမှန် မဟုတ်သော ရောဂါလက္ခဏာများ တွေ့ ရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဦးစီး ဌာန သို့မဟုတ် မွေးမြူရေးဌာနသို့ အ ကြောင်းကြားရန် ဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

ထို့အပြင် မြန်မာနိုင်ငံတစ်ဝန်းတွင် လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကပ်အသွင် ဖြစ်ပွားနိုင်သည့် ရောဂါများ ကို ဒေသခံအဖွဲ့အစည်းများ၊ မိတ်ဖက်အ ဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကာ ကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနအနေဖြင့် ကူးစက် ရောဂါ ဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်စေရန် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေကိုရေးဆွဲလျက်ရှိသည်။ လက်ရှိ ရေးဆွဲနေသော ကူးစက် ရောဂါ ကာကွယ်နှိမ်နှင်းရေးဥပဒေတွင် ကူးစက်ရောဂါမဖြစ်အောင် ကြိုတင်ကာ ကွယ်ရမည့်အချက်များ၊ ကူးစက်ရောဂါ ဖြစ်လာပါက တုံ့ပြန်ဆောင်ရွက်ရမည့် အချက်များ၊ ရောဂါ ထိန်းချုပ်ခြင်းစသည့် အချက်များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*