ဒေါ်နယ်ထရမ့်က သူ၏ သားမက်အား သမ္မတ၏ အကြီးတန်း အကြံပေး အရာရှိ အဖြစ် ခန့်အပ်

ဒေါ်နယ်ထရမ့်က သူ၏ သားမက်အား သမ္မတ၏ အကြီးတန်း အကြံပေး အရာရှိ အဖြစ် ခန့်အပ်
January 11, 2017 Asian Fame

2:06 pm
ဒေါ်နယ်ထရမ့်က သူ၏ သားမက်အား သမ္မတ၏ အကြီးတန်း အကြံပေး အရာရှိ အဖြစ် ခန့်အပ်

donal-trump(ဝါရှင်တန်၊ ဇန်နဝါရီ ၁ဝ)

ဒေါ်နယ်ထရမ့်က သူ၏ သားမက်အား သမ္မတ၏ အကြီး တန်း အကြံပေး အရာရှိ အဖြစ် ခန့်အပ် လိုက်ပြီဖြစ်သည်။

မစ္စတာထရမ့်၏ သမီး အိုင် ဗန်ကာ၏ ခင်ပွန်း ဖြစ်သူ ဂျရက် ကုရှ်နာတွင် နိုင်ငံရေးနှင့် ပတ် သက်သည့် အတွေ့အကြုံ လုံးဝ မရှိပါလျက်နှင့်ပင် ထိုသို့ တာဝန် ပေးခန့်အပ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

မစ္စတာ ကုရှ်နာသည် ယောက္ခမ ဖြစ်သူ ဒေါ်နယ်ထရမ့် ကဲသို့ပင်လျှင် နယူးယောက်အ ခြေစိုက် အိမ်ရာ ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး စီး ပွားရေး ဆိုင်ရာ အတွေ့အကြုံ များသာရှိသူ တစ်ဦး ဖြစ်၏။

သို့ရာတွင် အသက် ၃၅ နှစ် ရှိပြီ ဖြစ်သော မစ္စတာ ကုရှ်နာ သည် အပတ်စဉ်ထုတ် နယူး ယောက် အော့ဗဆာဗာ သတင်း စာကို ထုတ်ဝေနေသူ တစ်ဦး ဖြစ်ပါသည်။

”ဂျရက်သည် သမ္မတ မဲ ဆွယ်ပွဲများ တစ်လျှောက်လုံး ဝယ် အထူး တက်ကြစွာ ပါဝင်ဆောင် ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး သူ့သား ကျွန်ုပ်၏ အစိုးရ အဖွဲ့ဝင် ခေါင်း ဆောင်တစ်ဦး အဖြစ် တာဝန်ပေး ရခြင်းကိုလည်း ကျွန်ုပ် ဂုဏ်ယူပါ သည်”ဟူ ၍ ဒေါ်နယ်ထရမ့်က သူ ၏ ကြေညာချက် တွင် ရေး သားထားသည်။

ယခု တာဝန် ပေးအပ်လိုက် ခြင်းသည် အမေရိကန် နိုင်ငံ၏ ဆွေမျိုး ကောင်းစားမှု တိုက်ဖျက် ရေး ဥပဒေအရ သမ္မတ အနေဖြင့် သူ၏ မိသားစုဝင် များကို အစိုးရ အဖွဲ့ဝင် ရာထူး ခန့်အပ်ခြင်းအား တားမြစ်ထားခြင်းနှင့် ထိပ်တိုက် ရင် ဆိုင်ရဖွယ် ရှိသည်။

PN002
Ref: Donald Trump gives son-in-law Jared Kushner government job

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*