မလေးရှားရှိ မြန်မာ အလုပ်သမား တို့အတွက် လုံခြုံရေး ဆိုင်ရာ ညွှန်ကြားချက် များကို မြန်မာအစိုးရ ထုတ်ပြန်

မလေးရှားရှိ မြန်မာ အလုပ်သမား တို့အတွက် လုံခြုံရေး ဆိုင်ရာ ညွှန်ကြားချက် များကို မြန်မာအစိုးရ ထုတ်ပြန်
January 11, 2017 Asian Fame

2:38 pm
မလေးရှားရှိ မြန်မာ အလုပ်သမား တို့အတွက် လုံခြုံရေး ဆိုင်ရာ ညွှန်ကြားချက် များကို မြန်မာအစိုးရ ထုတ်ပြန်

security-check(ကွာလာလမ်ပူ၊ ဇန်နဝါရီ ၁ဝ)

မြန်မာ အလုပ်သမား ငါးဦး ဓားဒဏ်ရာ များဖြင့် သေဆုံးပြီး နောက်ဝယ် မလေးရှား နိုင်ငံရှိ မြန်မာ အလုပ်သမား တို့အတွက် လုံခြုံရေး ဆိုင်ရာ ညွှန်ကြားချက် များကို မြန်မာ အစိုးရမှ ဇန်နဝါရီ ၉ ရက်နေ့က ထုတ်ပြန်ကာ မလေး ရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း သိရ သည်။

ပြီးခဲ့သည့် ကြာသပတေးနေ့က မလေးရှားနိုင်ငံ ဆာဒန်း ခရိုင် အတွင်းဝယ် မြန်မာ အလုပ်သမား များ စက်ရုံ မှပြန်လာစဉ် ဓားများ ကိုင်ဆောင် ထားသည့် မျက်နှာဖုံး စွပ် လူလေးယောက်က တိုက်ခိုက် သတ်ဖြတ်ခဲ့ သဖြင့် မြန်မာအလုပ် သမားငါးဦး သေ ဆုံးပြီး နှစ်ဦးဒဏ် ရာရရှိခဲ့သည်။

အခင်းဖြစ်ပွားပြီး မကြာမီ တွင်ပင် မြန်မာ ၇ ဦးကို ချက်ချင်း ထိန်းသိမ်း လိုက်ပြီး စစ်ဆေးရာဝယ် ယခု မှုခင်း၏ နောက်ကွယ်တွင် ဘာသာရေး ဆိုင်ရာ ပဋိပက္ခနှင့် ပတ်သက်သည့် အခြင်းအရာ လုံးဝ မရှိကြောင်း မလေးရှား ရဲတပ်ဖွဲ့မှ သိရသည်။ အသေးစိတ် ကိုမူ မသိ ရသေးချေ။

ဒီဇင်ဘာလ အတွင်းက မလေး ရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဆန္ဒပြမှု နောက်ပိုင်းဝယ် မလေးရှား နိုင်ငံသို့ မြန်မာ အလုပ်သမားများ လာရောက် အလုပ်လုပ်စေခြင်းကို ယာယီ ရပ်ဆိုင်းခဲ့သည်။

မြန်မာနိုင်ငံမှ သိရသော အချက် အလက် များအရ ထိုသို့ယာယီ ရပ်ဆိုင်း ခံရသူ မြန်မာ အလုပ် သမား ၁၄၇ဝဝဝ မျှရှိကြောင်း သိရသည်။

မြန်မာအစိုးရပိုင် မီဒီယာများ တွင်ဖော်ပြချက် အရမူ မလေးရှား နိုင်ငံတွင် အလုပ်လုပ် ကိုင်နေကြ သော မြန်မာ အလုပ်သမား များ အတွက် လုံခြုံရေး ဆိုင်ရာညွှန်ကြား ချက်များကို ထုတ်ပြန် ပေးပို့ခဲ့ပြီး တရားမဝင် အလုပ်လုပ် ကိုင်နေကြ သူများကိုလည်း မြန်မာသံရုံး သို့ ဆက်သွယ်ကြပါရန် တိုက်တွန်း ထားသည်ဟု မြန်မာနိုင်ငံ သမ္မတ ရုံးမှပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေး ကပြောကြားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်နိုင်ရန် မြန်မာနိုင်ငံမှ တာဝန် ရှိသူများနှင့် မလေးရှား အာဏာပိုင်တို့ အတူ တကွ  ရှိသည်။

မြန်မာ အလုပ်သမား များအား မလေးရှားသို့ သွားရောက် အလုပ် လုပ်ခြင်းကို တားမြစ်ရာတွင် ယင်း တို့၏ လုံခြုံရေး အတွက် စိုးရိမ် ရ ခြင်းသည်လည်း အကြောင်းတစ်ရပ် အဖြစ် ပါဝင်ကြောင်း မြန်မာ နိုင်ငံ အလုပ်သမား၊ လူဝင်မှု ကြီး ကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ လက်ထောက် ညွှန်ကြားရေး မှူး ဦးညွန့်ဝင်း က ပြောပါသည်။

ပြည်ပမှ ထောက်ပံ့မှု များဖြင့် အစ္စလာမ်မစ် နိုင်ငံတော် အကြမ်း ဖက်အဖွဲ့က အရှေ့တောင် အာရှ သားများကို လူအင်အား စုဆောင်း၍ တိုက်ခိုက်မှုများ အစပျိုးနေခြင်း ကို မြန်မာနိုင်ငံ အနေဖြင့် ရင်ဆိုင် နေရကြောင်း မလေးရှား နိုင်ငံမှ ထိပ်တန်း အကြမ်းဖက် တိုက် ဖျက် ရေး အဖွဲ့မှ အရာရှိ တစ်ဦးက ပြီးခဲ့ သည့် အပတ်က ရိုက်တာ သတင်း ဌာန၏ တွေ့ဆုံမေးမြန်းခြင်း တစ်ခု တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ အနေဖြင့် လည်း မြန်မာနိုင်ငံ သို့သွားရောက် တိုက်ခိုက်ရန် အစီအစဉ် ရှိသည်ဟု မသင်္ကာသူ IS အဖွဲ့ နောက်လိုက် တစ်ဦးကို ဖမ်းဆီး ထားကြောင်း မလေးရှား ရဲတပ်ဖွဲ့ တန်ပြန်အကြမ်း ဖက် ဌာနခေါင်းဆောင် အာရွတ်ခန် မိုင်ဒင်ပစ်ချေး က ပြောပါ သည်။

PN002

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*