အများ ပြည်သူ အပန်းဖြေနိုင်ရန် မြေနီကုန်း ခုံးကျော် တံတားအောက် အလှဆင်ပြီ

အများ ပြည်သူ အပန်းဖြေနိုင်ရန် မြေနီကုန်း ခုံးကျော် တံတားအောက် အလှဆင်ပြီ
December 13, 2016 Asian Fame

9:24 am
အများ ပြည်သူ အပန်းဖြေနိုင်ရန် မြေနီကုန်း ခုံးကျော် တံတားအောက် အလှဆင်ပြီ

15542399_1307136956011707_7035775656180994194_n-copy_1

ထူးထူး
ရန်ကုန်၊ ဒီဇင်ဘာ၁၃

အများပြည်သူ အပန်းဖြေနိုင် ရန်ရည်ရွယ်၍ ရန်ကုန်မြို့ မြေနီကုန်း ခုံးကျော်တံတားအောက်တွင် ပန်း ခြံငယ်ကို စတင်လုပ်ေ ဆာင်နေ ပြီ ဖြစ်သည်။

ပြင်သစ် -မြန်မာယဉ်ကျေးမှု ဖလှယ်ခြင်း (၅၅)နှစ်မြောက်အ ထိမ်းအမှတ်အဖြစ် ပြင်သစ်ယဉ်ကျေး မှုဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကျင်းပ သည့် ‘မင်္ဂလာပါ’ယဉ်ကျေးမှုပွဲတော် မှတစ်ဆင့် ဖြစ်ပေါ်လာခဲ့သည့် အစီအစဉ်တစ်ခုဖြစ်သည်ဟု မြို့တော် စည်ပင်မှ သိရသည်။

”စည်ပင်နဲ့တော့ မပတ်သက် ဘူး။ သူတို့ဆောက်လုပ်တဲ့အခါ လို အပ်တာတွေကိုတော့ လုပ်ပေးတယ်။ တာဝန်ယူဆောက်လုပ် တာကတော့ ပြင်သစ်ကုမ္ပဏီတွေက လုပ်ဆောင် တာပါ။ ထဲထဲဝင်ဝင် အသေးစိတ် တော့ မသိရပါဘူး”ဟု စည်ပင်မှ တာဝန်ရှိသူ ဦးတင်ဦးက ပြောသည်။

မြေနီကုန်း ခုံးကျော်တံတားကို Capital Development  ကုမ္ပဏီမှ ၂ဝ၁၄ ခုနှစ် သြဂုတ်လလယ်မှ စတင်ဆောက်လုပ်ခဲ့သည်။ ¤င်းတံ တားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ် ၁၇ ဘီလျံခန့် အကုန်အကျခံ တည်ဆောက်ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခု နှစ်လယ်ပိုင်းတွင် ပြီးစီးခဲ့သည်။

”သူတို့ဆောက်လုပ်ပြီး တစ် နှစ်ထိန်းသိမ်းမယ်။ ပြီးမှ စည်ပင်ကို လွှဲမယ်လို့တော့ပြောတယ်”ဟု ပန်း ဥယျာဉ်နှင့် အားကစားဌာနမှ တာ ဝန်ရှိသူ ဦးကိုကိုလေးကပြောသည်။

ရန်ကုန်မြို့တွင်းတွင် တည် ဆောက်ပြီးစီးသည့် ခုံးကျော်တံ တားများမှာ လှည်းတန်း၊ မြေနီ ကုန်း၊ အင်းစိန်၊ ဘုရင့်နောင်၊ တာ မွေ၊ ကုက္ကိုင်း၊ ရှစ်မိုင်၊ ရွှေဂုံတိုင် ခုံးကျော်တံတားတို့ ဖြစ်သည်။

”နိုင်ငံတကာ အဆင့်မီလုပ်  ပေးတယ်။ ဒါကိုပြည်သူတွေဘက် က သန့်ရှင်းသပ်ရပ်အောင် စည်း ကမ်းရှိရမယ်။ အင်းစိန်ကိုလည်း ဒီ လိုဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အင်းစိန်တံတားက အ ညစ်ပတ်ဆုံးဖြစ်နေတယ်”ဟု အင်း စိန်တွင် နေထိုင်သည့် မသော်ေ သာ် က ပြောသည်။

ဆက်လက်လုပ်ဆောင်မည့်  အစီအစဉ်များနှင့်ပတ်သက်ပြီး မြို့ တော်စည်ပင်မှ တာဝန်ရှိသူတစ်ဦး က ”ကျွန်တော်တို့စည်ပင်က ဘာ မှန်းပြောလို့မရသေးဘူး။ လတ်တ လောတော့ ကုမ္ပဏီများက တာဝန် ယူဆောင်ရွက်တဲ့အတွက် လိုအပ် တာကူညီပေးရုံပါပဲ” ဟု ပြော ကြားခဲ့ သည်။

လှည်းတန်းခုံးကျော်တံတား တွင် စကိတ်ကစားနေသည့် ကိုရဲ ဇော်က ”ကျွန်တော်တို့မှာ လက် ညှိုးထိုးစရာ စကိတ်ကွင်းဆိုလို့ဒါပဲ ရှိတယ်။ အခုက အစိုးရကသိမ်းပြီး တော့ ကြော်ငြာဘုတ်တွေထောင် တာလည်းမဟုတ် အများပြည်သူ အတွက် အပန်းဖြေတဲ့နေရာ လုပ် မယ်ဆိုတော့ ကန့်လန့်တိုက်မှာ တော့ မဟုတ်ဘူး။ ဒီကစုစည်းနေ တဲ့လူငယ်တွေတော့ နေရာအသစ် တစ်ခုတော့လိုချင်တာပေါ့ဗျား” ဟု ပြောသည်။

မြန်မာနိုင်ငံအခြေစိုက် ပြင် သစ်ကုမ္ပဏီ Vivablast Myanmar ၊ ပြင်သစ်-ဗီယက်နမ်ကုမ္ပဏီBYMA  တို့က အဓိကဦးဆောင်ပြီး အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ် ဆောင်ခဲ့သည်ဟု သိရသည်။

”ခြံစည်းရိုးခတ်ထားတဲ့ တံတား ကို အများပြည်သူတွေလွတ်လပ်စွာ သုံးပြုလို့ရအောင် ပန်းခြံပုံစံလုပ် မယ်၊  ကစားကွင်းလုပ်မယ်၊ ပြော လာတယ်။ အခု ခြင်းလုံးခတ်လို့ရ တယ်။ အဲဒီအပြင်  အသေးစားစီး ပွားရေးလုပ်လို့ရအောင် ပြင်သစ် သံရုံးကနေ စီစဉ်ထားတာရှိတယ်” ဟု Vivablast Myanmar ကုမ္ပဏီမှ မားကက်တင်းကော်မရှင်မန်နေဂျာ ကိုထိန်လင်းဦးက ပြောသည်။

အဆိုပါ Project  ကို ပြင်သစ် ယဉ်ကျေးမှုဌာန၊ Vivablast Myanmar ကုမ္ပဏီ၊ BYMA ကုမ္ပဏီ၊ မြေ နီကုန်းတံတားကို ဆောက်လုပ်ခဲ့ သည့်ကုမ္ပဏီနှင့် အကြံပေးအဖွဲ့အ စည်းများက လုပ်ဆောင်မည့်လုပ်ငန်း စဉ်များနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေး နွေးမှုများပြုလုပ်ခဲ့ပြီးမှ ရန်ကုန်တိုင်း ဒေသကြီးအစိုးရကို တင်ပြခဲ့သည် ဟု သိရသည်။

 

ဓာတ်ပုံ – အောင်နိုင်စိုး

15380547_1307136909345045_1861846148429018939_n-copy_1

15391223_1307137262678343_7216492500152521444_n-copy_1

15400988_1307136929345043_5223339956411737578_n-copy_1

15401087_1307136849345051_5749974805139298431_n-copy_1

15442255_1307137022678367_8803415475970172307_n-copy_1

15442380_1307137089345027_1588614055875029056_n-copy_1

15492096_1307137132678356_2183775641900452831_n-copy_1

15492322_1307137169345019_3502120888694431209_n-copy_1

15492472_1307137239345012_5366706961638495682_n-copy_1

15492477_1307137199345016_6516351625177665338_n-copy_1

15492515_1307136872678382_2547872498501030256_n-copy_1

15542226_1307137286011674_5051480339645149180_n-copy_1

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*