မိုးကုတ်မြို့ မတည်မီကတည်းက တည်ရှိခဲ့သည်ဟုဆိုသော အင်္ဂလိပ်စစ်သင်္ချိုင်း ပျက်စီးလုဖြစ်နေ

မိုးကုတ်မြို့ မတည်မီကတည်းက တည်ရှိခဲ့သည်ဟုဆိုသော အင်္ဂလိပ်စစ်သင်္ချိုင်း ပျက်စီးလုဖြစ်နေ
December 9, 2016 Asian Fame

4:11 am
မိုးကုတ်မြို့ မတည်မီကတည်းက တည်ရှိခဲ့သည်ဟုဆိုသော အင်္ဂလိပ်စစ်သင်္ချိုင်း ပျက်စီးလုဖြစ်နေ

mdy-1-copy

စောထွေး
မန္တလေး၊ ဒီဇင်ဘာ ၃

မိုးကုတ်မြို့ မတည်မီကတည်း က တည်ရှိခဲ့သည်ဟုဆိုသော ဘား နဒ်မြို့ဟောင်းရှိ စစ်သင်္ချိုင်းကြီးသည် ယခုအခါတွင် ပျက်စီးပျောက် ကွယ် လုနီးပါးဖြစ်နေသဖြင့် အချိန်မီထိန်း သိမ်းရန်လိုအပ်နေကြောင်း မိုးကုတ် ဒေသခံများထံမှ သိရသည်။

”အရင်တုန်းကတော့ မှတ်တိုင် အရေအတွက်ရာချီရှိခဲ့တယ်။ ရိုက် ချိုးဖျက်ဆီးမှုတွေ ရှိလာတော့ အခု ဆိုရင် ၂ဝလောက်ပဲရှိတော့မယ် ထင်တယ်။ ဒီထက် စိုးရိမ်ရတာက ဒီဒေသပတ်ပတ်လည်မှာ ကျောက် တွင်းတွေတူးရင်းနဲ့ ဒီစစ်သင်္ချိုင်းပါ သွားမှာ စိုးရတယ်။ ဒါနဲ့ပတ်သက် ပြီး ဒေသခံတွေက ဝိုင်းထိန်းပေးကြ ဖို့တောင်းဆိုနေကြတယ်”ဟု မိုး ကုတ်မြို့ဒေသခံ ဦးစိုးမြင့်က ပြော သည်။

ဘားနဒ်စစ်သင်္ချိုင်း တည်ရှိရာ ဘားနဒ်မြို့ဟောင်း(ဒေသခံများကဘားနဒ်ရွာဟုခေါ်သည်) မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်  မိုးကုတ်မြို့မြောက်ဘက်၊ ဒေသတွင်း အမြင့်ဆုံးတောင်တစ်ခုဖြစ်သည့် တောင်မင်းတောင်၏ တစ်ဖက် ကြောတွင်တည်ရှိပြီး မိုးကုတ်မြို့ မတည်မီကတည်းက ရှိခဲ့ကြောင်း၊ ဘားနဒ်ရွာတွင် အများစုက လီရှော မျိုးနွယ်စုများ နေထိုင်ကြကြောင်း၊ ၄င်းတို့က အဆိုပါစစ်သင်္ချိုင်းအား အင်္ဂလိပ်စစ်သင်္ချိုင်းဟောင်းကြီး တစ်ခုဖြစ်ကြောင်း အထောက်အ ထားများဖြင့် ပြောဆိုသည်။

”မစ္စတာဘားနဒ် တည်ခဲ့တဲ့ မြို့မို့လို့ ဘားနဒ်မြို့လို့ ခေါ်တာတဲ့၊ အင်္ဂလိပ်တွေ ထွက်ပြေးတော့ ဒီအ တိုင်းထားခဲ့တာပါ။ နောက်ပိုင်း ကျ တော့ ဘားနဒ်ရွာလို့အခေါ်မခံတော့ ဘူး။ ရွာသာယာရွာအုပ်စုဖြစ်သွား တယ်။ ဒါပေမယ့် ဘားနဒ်ရွာလို့ပဲ အများစုက ဆက်ခေါ်ေ နကြပါတယ်။ သင်္ချိုင်းထဲမှာ မှတ်တိုင်အရေအတွက် ဘယ်လောက်ဆိုတာတွေ မမှတ်မိ တော့ဘူး။ အုတ်ဂူနဲ့ လက်ဝါးကတ် တိုင် (မှတ်တိုင်)တွေကို စကျင် ကျောက်နဲ့ လုပ်ထားတာပါ”ဟု အ ဆိုပါစစ်သင်္ချိုင်းအား စောင့်ရှောက် နေသူ အသက် ၇ဝ ကျော်အရွယ် အဘိုးအိုတစ်ဦးက ပြောသည်။

သဘာဝအန္တရာယ် လူသား အန္တရာယ်တို့ကြောင့် ပျက်စီးပျောက် ကွယ်လုနီးပါးဖြစ်နေသည့် အဆိုပါ အင်္ဂလိပ်စစ်သင်္ချိုင်းသည် ၁၉၉၅ ခုနှစ်ခန့်က ကျောက်မျက်တူးဖော် ရေးလုပ်ငန်းများ ဝင်ရောက်လာသည် တွင် အခြေအနေ ပိုမိုဆိုးရွားခဲ့ခြင်း ဖြစ်ပြီး လက်ရှိအခြေအနေ ကို ပြု ပြင်ထိန်းသိမ်းသွားနိုင်ပါက နိုင်ငံ ခြားသားများ ဝင်ရောက်လေ့လာ နိုင်ပြီး ဝင်ငွေရရှိမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

”ကျောက်မျက်ရှာဖွေရေး မလုပ်တဲ့ ကာလတွေတုန်းကတော့ အပျက်အစီးနည်းတာပေါ့။ အခု နောက်ပိုင်းကျတော့ ကျောက်မျက် တူးဖော်သူတွေကြောင့် ပျက်စီးမှု တွေရှိလာတယ်။ အောက်ကနေ ကျောက်တူးထားတာတွေကြောင့် အက်ကွဲပြီး တစ်ခြမ်းေ တာင်စောင်း   တော့မယ်။ စနစ်တကျပြုပြင် ထိန်း သိမ်း လိုက်မယ်ဆိုရင် ပြည်ပဧည့် သည် ပိုဝင်လာနိုင်တယ်။ အခု လည်း မိုးကုတ်လာတဲ့နိုင်ငံခြား သား တွေက စစ်သင်္ချိုင်းလေ့လာသူများ တယ်”ဟု ရွာသာယာကျေးရွာ ဒေ သခံတစ်ဦးက ပြောသည်။

ဒေသတွင်း၌ စစ်သင်္ချိုင်းအပြင် အင်္ဂလိပ်ခေတ်ရှေးဟောင်းတံတား ၃ စင်းနှင့် ရှေးဟောင်းလက်ရာယမ်း တိုက်ကြီးတစ်ခုလည်း ရှိကြောင်း သိရသည်။

မိုးကုတ်မြို့နယ် စည်ပင်သာ ယာရေးကော်မတီကမူ အဆိုပါစစ် သင်္ချိုင်းကို ပြန်လည်ပြုပြင်ကာ နှစ် ရှည်ထိန်းသိမ်းနိုင်ရေးအတွက် မိုး ကုတ်မြို့နယ် စည်ပင်နယ်နိမိတ်အ တွင်း ထည့်သွင်းရန်စီစဉ်နေကြောင်း သိရပြီး နိုင်ငံတော်အဆင့်ဖြင့်ထိန်း သိမ်းစောင့်ရှောက်လျှင် ပိုကောင်း မည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*