အမျိုးသားနေ့တွင် ဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးပေးမည်

အမျိုးသားနေ့တွင် ဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးပေးမည်
November 23, 2016 Asian Fame

5:38 am
အမျိုးသားနေ့တွင် ဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးပေးမည်
In Local

PN -042

ရန်ကုန်၊ နိုဝင်ဘာ ၁၇

တာမွေမြို့နယ် ငွေလှရတနာ အဘိဓမ္မာသင်တန်းကျောင်း၌ နိုဝင်ဘာ ၂၄ ရက် (အမျိုးသားနေ့)တွင် အသည်းရောင်အသားဝါဘီ ပိုးကာကွယ်ဆေး အခမဲ့ ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသည်း ဖောင်ဒေးရှင်း၏အကူအညီဖြင့် ထိုးပေးခြင်းဖြစ်ပြီး နံနက် ၁ဝ နာရီမှ နေ့လယ် ၁၂ နာရီအတွင်း လာရောက်ထိုး နိုင်ကြောင်း၊ အသက် ၅ နှစ်နှင့် အထက်မည်သူမဆို ထိုးပေးမည် ဖြစ်ကြောင်း ငွေလှရတနာ အဘိ ဓမ္မာသင်တန်းမှတာဝန်ခံ ဦးနွေ ထိန်ဝင်းက ပြောသည်။ ဆေးစစ်တဲ့အဖွဲ့ပါ တစ်ပါ တည်းပါလာမှာပါ။ သူတို့တွေက သွေးဖောက်စစ်ဆေးပြီးမှ အသည်း ရောင် အသားဝါဘီပိုး မရှိတဲ့သူကို ကာကွယ်ဆေးထိုးပေးမှာပါ။ အ ပြင်မှာ ဆေးထိုးမယ်ဆို တစ်ခါ ထိုး တစ်သောင်းခွဲလောက် ကုန်တယ်။ အဲဒါကြောင့် လူတိုင်းထိုးနိုင်အောင် အခမဲ့လုပ်ဆောင်ပေးတာပါ” ဟု ၎င်းကပြောသည်။

၎င်းတို့ သင်တန်းကျောင်းသည် ယမန်နှစ်ကလည်း ဘီပိုးကာကွယ်ဆေးထိုးခြင်းကိုသုံးကြိမ် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း
ဆေးပတ်လည်အောင်သုံးကြိမ် အခမဲ့ထိုးနှံပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ လူဦးရေ ၂ဝဝ ကို ထိုးပေး သွားမည်ဖြစ်ပြီး လူဦးရေကန့်သတ် ထားခြင်းကြောင့် ဆေးထိုးမည့် လူ များအနေဖြင့် သတ်မှတ်အချိန် အတွင်း လာရောက်ရမည် ဖြစ် ကြောင်း၊ လိပ်စာမှာ သာသနာ့မာရ် အောင် ကျောင်းတိုက်၊ အေးချမ်း အောင်မြင် အုတ်ခွက်ဘုရားအနီး၊ နတ်ချောင်းရပ်ကွက်၊ တာမွေမြို့ နယ်၊ ဖုန်း ဝ၉ ၄၂၁ဝ၄၈၄၈၃၊ ဝ၉၄၂၁ဝ၂၃၄၂၅ ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*