ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေးတွင် အစိုးရ ပါဝင်နေခြင်းကို ကျော်ကိုကို ဝေဖန်

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေးတွင် အစိုးရ ပါဝင်နေခြင်းကို ကျော်ကိုကို ဝေဖန်
March 3, 2017 Asian Fame

11:44 am
ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်ဆောက်ရေးတွင် အစိုးရ ပါဝင်နေခြင်းကို ကျော်ကိုကို ဝေဖန်

(ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄) 

ကျောင်းသားသမဂ္ဂ အဆာက် အအုံ ပြန်ဆောက်မည့်ကိစ္စတွင်  အစိုးရ ပါဝင်နေသည် မှာ အန္တရာယ် ရှိပြီး သမဂ္ဂ၏ လွတ်လပ်စွာ ရပ်တည် ခွင့်ကို ထိခိုက်လာနိုင်ကြောင်း ဗကသ   ကျောင်းသား ခေါင်းဆောင်ဟောင်း  ကိုကျော်ကိုကိုက ဝေဖန်သည်။  ဖေဖော်ဝါရီ ၂၄ ရက်နေ့ က သင်္ဃန်းကျွန်း မြို့နယ် အတွင်းရှိ Renaissance Research Library တွင် ”ကျောင်းသား သမဂ္ဂ တည် ဆောက်ရေးနှင့် အစိုးရ အခန်း ကဏ္ဍ”   အမည်ရသော ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ဗကသကျောင်းသား ခေါင်းဆောင်ဟောင်းများ ဖြစ်ကြ သော ကိုကျော်ကိုကို၊ မဖြိုးဖြိုး အောင် တို့နှင့် ဒေါက်တာရန်မျိုးသိမ်း၊   ဦးတင်အောင်၊ ကိုထွန်းလင်းဦးတို့ က ဆွေးနွေးခဲ့ကြသည်။  ”ကျောင်းသား သမဂ္ဂ ကိစ္စဟာ ကျောင်းသား ခေါင်းဆောင် အ ဟောင်းတွေ၊ အသစ်တွေ ဆွေးနွေး ရမယ့်ကိစ္စ။ အစိုးရက ကမကထ လိုက်ပြီး နေရာ တကာ ဝင်ပါနေ   စရာမလိုပါဘူး” ဟု၎င်းကဆိုသည်။  ဖြိုချဖျက်ဆီး ခံခဲ့ရသော ရန် ကုန်တက္ကသိုလ် အတွင်းမှ ကျောင်း သားသမဂ္ဂ အဆောက်အအုံ ကို ပြန်လည် ဆောက်လုပ်ရန် ဖေဖော် ဝါရီ ၁၃ ရက်နေ့က ရန်ကုန်တိုင်း   ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် တကသကျောင်းသား သမဂ္ဂခေါင်းဆောင် များ တွေ့ဆုံခဲ့ ပြီး ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထပ်မံ တွေ့ဆုံကာ ပြန်လည်တည် ဆောက်ရေး အကြိုကော်မတီကို ဖွဲ့စည်းခဲ့သည်။  ကော်မတီ တရားဝင် ဖွဲ့စည်း ရေးအတွက်ကိုမူ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆွေးနွေး သွားရန် ရှိ နေသည်။  ”အမှန် တကယ်ကတော့ ကျောင်းသား သမဂ္ဂတွေ အားလုံး ကို အသိပေး အကြောင်းကြားခြင်း မရှိဘဲနဲ့ နီးစပ် ရာ ကျောင်း သား သမဂ္ဂနဲ့ လုပ်သွားတာ ကိုတော့   လက်မခံဘူးလို့ သဘောထားကို ပြောချင်တယ်။ နီးစပ်ရာ လက်သင့် ရာ စားတော်ခေါ်တဲ့ သဘောဖြစ် နေတယ်။ နောက်တစ်ချက် ကတော့ သဘောထား အမြင်တွေကို ကျယ်   ကျယ်ပြန့်ပြန့် မစုစည်းဘဲနဲ့ အစိုးရ လုပ်ချင်တာကို သူတို့ကို ခေါင်းတင် ခိုင်းတဲ့ သဘောပဲ ဖြစ်နေတယ်” ဟု ကိုကျော်ကိုကိုက ဝေဖန်သည်။  ကျောင်းသားသမဂ္ဂ အ ဆောက်အအုံ တည် ဆောက်ရေး ကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဗကသအဖွဲ့ ချုပ်၏ သဘောထား ထုတ်ပြန် ချက်ကို   ထုတ်ပြန် ခဲ့သေးသည်။  တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက် ၁၉၆၂ခုနှစ် ဇူလိုင်လ ၇ ရက်တွင် တင်းကျပ်သော အ ဆောင် စည်းကမ်း များကို လက်မ ခံ၍ ဆန္ဒပြကြသော ရန်ကုန်တက္က   သိုလ်မှ ကျောင်းသားများကို အစိုးရ တပ်ဖွဲ့ဝင်များက   သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဇူလိုင်လ ၈ ရက်နေ့ နံနက် ၅ နာရီ ခွဲအချိန်တွင် ကျောင်းသားသမဂ္ဂ အဆောက်အ အုံကို   ဒိုင်းနမိုက် များဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*