ယခင်သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိ အဖွဲ့ဝင်တစ်ဦး ယခုလဆန်းပိုင်းမှာ ဘာကြောင့်နုတ်ထွက်တာလဲ

ယခင်သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိ အဖွဲ့ဝင်တစ်ဦး ယခုလဆန်းပိုင်းမှာ ဘာကြောင့်နုတ်ထွက်တာလဲ
November 17, 2016 Asian Fame

2:54 am
ယခင်သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိ အဖွဲ့ဝင်တစ်ဦး ယခုလဆန်းပိုင်းမှာ ဘာကြောင့်နုတ်ထွက်တာလဲ
In Local

PN- 051
နေပြည်တော်၊ နိုဝင်ဘာ၁၅

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းပေးခဲ့သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦး ယခု လဆန်းပိုင်းက နုတ်ထွက် သွား သည်ဟု သတင်းရရှိသည်။

အဆိုပါပုဂ္ဂိုလ်သည် အဖွဲ့ဝင် ၁၅ ဦးနှင့် ဖွဲ့စည်းခဲ့သည့် ယင်း ကော်မရှင်၏ ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သည်။ နုတ်ထွက်စာ တင်ခဲ့သည့် ဦးသန်းအောင်က ¤င်းနုတ်ထွက်စာ တင်ခဲ့သည်ဆို သည်မှာ မှန်ကန်ကြောင်းနှင့် ကော်မရှင်ကလည်း နုတ်ထွက် ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု Popular News  ကို ပြောသည်။

ဦးသန်းအောင်အား နုတ်ထွက် ခွင့်မပြုခင် ကော်မရှင်အဖွဲ့ဝင်တစ် ဦးမှာ နုတ်ထွက်သွားပြီး ရွေးကောက် ပွဲဝင်ခဲ့၍  လက်ရှိတွင် ကော်မရှင်၌ အဖွဲ့ဝင်ဦးရေသည် ၁၃ ဦးသာ ရှိ တော့သည်။

အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်ဘက်သို့ တယ်လီ ဖုန်းနှင့် ဆက်သွယ်ပြီး ဦးသန်း အောင်နုတ်ထွက်သွားရသည့် အ ကြောင်းရင်းကို မေးရာ လက်တ လောတွင် ပြောရေးဆိုခွင့်အဖွဲ့မရှိ သေး၍ ထပ်မံဖွဲ့စည်းပြီးမှသာ ဖြေ မည်ဟု ဆိုခဲ့သည်။

ကာယကံရှင်ဖြစ်သူ ဦးသန်း အောင်ကမူ ၄င်း၏ကျန်းမာရေး အရပါဟု  Popular News  သို့ အ ဖြေပေးခဲ့သည်။ သို့သော်လည်း ၄င်းသည် တာဝန်မှ မနုတ် ထွက်မီ ရက်ပိုင်း အလိုအထိ သတင်းမီဒီ ယာများနှင့် နီးကပ်စွာဆက်ဆံပြီး သတင်းများကို ဆက်တိုက်ဖြေကြား ပေးခဲ့သည်။

သူဖြေကြားခဲ့သည့် အကြောင်း အရာများထဲတွင် NLD ဦးစီးသည့် ပြည်သူ့ လွှတ်တော်က ပြောကြားခဲ့ သည့်အတိုင်း ကော်မရှင်တွင် အဖွဲ့ဝင် ၅ ဦးသာ ရှိသင့်သည်ဆို သည့်အချက်မှာ မှန်ကန်ကြောင်း၊ ¤င်းတို့ ကော်မရှင်သည်သက်တမ်း ကုန်နေပြီဖြစ်၍ နောင်လာမည့် ကော်မရှင်အသစ်ကို တာဝန်များ လွှဲပေးရန်အဆင်သင့် ဖြစ်နေ ကြောင်းနှင့် လက်ရှိအရေးတကြီး လိုနေသည်မှာ စစ်ဆေးရေးမှူးတို့ သာဖြစ်ကြောင်း ထည့်သွင်းဆိုထား ဖူးသည်။

အစိုးရသစ်လက်ထက် ကော် မရှင်သည် လက်တလောတွင် တိုင်တန်းမှုအရ စစ်တက္ကသိုလ်များ အခြေစိုက်ရာ မြို့ကြီးတစ်မြို့ဖြစ် သည့် မန္တလေးတိုင်းေ ဒသကြီး ပြင် ဦးလွင်မြို့နယ်မှ လက်ထောက် ညွှန်ကြားရေးမှူးအဆင့်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် အထွေ ထွေအုပ်ချုပ်ရေးဝန်ထမ်းအချို့ကို အဂတိလိုက်စား မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့် တရား စွဲဆိုထားသည်။

ကော်မရှင်ရုံးကို ၂ဝ၁၄ ခုနှစ် မတ်လ ၁ဝ ရက်နေ့ကတည်းက နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက် အားကစားတည်းခိုရေးစခန်း(ယခု နေပြည်တော် အားကစားေ လ့ကျင့် ရေးစခန်း)အုပ်စု(၁)တွင်  စတင်ဖွင့် လှစ်ခဲ့ပြီး တိုင်တန်းလာမှုတို့ကို စစ် ဆေးလျက်ရှိနေသည်ဟု သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*