မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ထိပါးခြင်းပဲ ဖြစ်တယ်လို့ ဆုံးဖြတ်တဲ့ အတွက် ရုပ်ရှင် အစည်းအရုံး အနေနဲ့ပဲ တရားစွဲဆို သွားမှာပါ

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ထိပါးခြင်းပဲ ဖြစ်တယ်လို့ ဆုံးဖြတ်တဲ့ အတွက် ရုပ်ရှင် အစည်းအရုံး အနေနဲ့ပဲ တရားစွဲဆို သွားမှာပါ
November 10, 2016 Asian Fame

8:01 am
မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးကို ထိပါးခြင်းပဲ ဖြစ်တယ်လို့ ဆုံးဖြတ်တဲ့ အတွက် ရုပ်ရှင် အစည်းအရုံး အနေနဲ့ပဲ တရားစွဲဆို သွားမှာပါ
In Interview

celeဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကို သရုပ်ဆောင် လူမင်းက Notice စာပို့သည့် သတင်းမှာ အနုပညာ အသိုင်းအ ဝိုင်းတွင် သာမက ပရိသတ်ကြား တွင်ပါ လတ်တလော ရေပန်းစား သည့် သတင်းဖြစ်နေသည်။ ဂျာ နယ် စာမျက်နှာမှ တစ်ဆင့် မိမိ အား ကြမ်းတမ်းစွာ ပြောဆိုခဲ့သည့် အတွက် တရားစွဲဆိုမည် ဟု သရုပ် ဆောင် လူမင်းက ဆိုသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ ဒါရိုက်တာ မောင်မျိုးမင်းထံ ဆက်သွယ် မေး မြန်းသော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိခဲ့။ သို့ဖြစ်ရာ အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ အလင်းတန်း ဂျာနယ်နှင့် ရွှေအမြူ တေ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းနှင့် ဒါရိုက်တာဝိုင်း တို့၏ စကားသံ များကို စုစည်းဖော်ပြ လိုက်ပါသည်။

လူမင်း

Notice စာပို့တာ သတ်မှတ် ထားတဲ့ အချိန်ကာလ ထက် ကျော်လွန် သွားပြီ ဖြစ်တဲ့ အတွက် ဥပဒေ အကြောင်းအရာ အတိုင်း တရားစွဲဆိုဖို့ အဆင့်ကို ဆောင် ရွက်သွားမှာ ဖြစ်ပါတယ်။ ကြားက ပရိသတ်တွေ အနေနဲ့ စိတ် ရှုပ်မခံစေချင်ပါဘူး။ အခုဖြေရှင်း နေတာက တရားဥပဒေ နည်းလမ်း အရ ဖြေရှင်းနေတာ ဖြစ်တဲ့အ တွက် မှန်ကန်တဲ့ ဖြေရှင်းနည်း လမ်းကြောင်းပေါ်မှာ ရှိနေပါ တယ်။ အဲဒါကြောင့် ဘယ်သူ့ဘက် ကိုမှ မစိုးရိမ်ပါနဲ့။ တရားဥပဒေ ဆိုတာ အမှန်တရားလို့ လက်ခံ တယ်။ အမှန်တရား အတိုင်း ဖြစ် သွားပါလိမ့်မယ်။ ကျွန်တော်က တော့ ဒီကိစ္စကို အမှန်အတိုင်း သက်ဆိုင်တဲ့ တရားသူကြီးက ဆုံး ဖြတ်ပေးမယ် လို့လည်း ယုံကြည်ပါ တယ်။ အခြားကိစ္စမှာတော့ ကျွန် တော်မပြောနိုင်ဘူး။ ကျွန်တော့် ကိစ္စမှာတော့ တရားဥပဒေ အတိုင်း ပဲသွားမယ်။ ရှေ့နေ ပညာရှင်တွေ၊ ဥပဒေပညာရှင်တွေ အပြန် အလှန်လျှောက်လဲ ကြမှာပဲ။ တရား သူကြီးက ဒီအပေါ်မှာ ဆုံးဖြတ်ပေး မှာပါ။ အမှန်တရားကို ရာနှုန်းပြည့် မဟုတ်ရင်တောင် အမှန်တရား နဲ့ အနီးဆုံး ဆုံးဖြတ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဒီလို တိုက်ခိုက်တာတွေက အွန်လိုင်းမှာ အများကြီး ရှိပါတယ်။ အခြား တိုက်ခိုက်တဲ့ ဟာတွေကို ဘယ်လိုမှ သဘော မထားတာ လည်း မဟုတ်ဘူး။ သူ့ကျမှတရားစွဲ တာလည်း မဟုတ်ပါဘူး။ အခုလို မျိုး တိတိပပ ကြမ်းတမ်းတဲ့ စကား လုံးတွေနဲ့ ပြောဆိုသုံးနှုန်းတာက သူသည် ကြိမ်ဖန် များစွာလည်း ရှိခဲ့ ပါပြီ။ ကျွန်တော့်ရဲ့ လူပုဂ္ဂိုလ် သိက္ခာ အရရော နှစ်ပေါင်း ၂ဝ ကျော် တည်ဆောက် လာတဲ့ အနုပညာ သိက္ခာရော၊ နောက်တစ်ခုက မြန် မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဂုဏ် ဒြပ် သိက္ခာအရရော၊ ကာကွယ်ဖို့လို အပ်လာလို့။ ဒါကြောင့် ကာကွယ် တဲ့အနေနဲ့ လုပ်ဆောင်ရတာပါ။

ကျွန်တော့် အနေနဲ့ ပထမ က ကိုယ်ရေးကိုယ်တာ အနေနဲ့ပဲ တရားစွဲဆိုဖို့ လုပ်မယ် ဆုံးဖြတ်ပေ မယ့် ပြောဆိုမှုသည် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဆိုတာ ရည်ညွှန်းပြောဆို ထားတာဖြစ်တဲ့ အတွက် အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် အရ ဒါသည်မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးကို ထိပါး ခြင်းပဲဖြစ်တယ် လို့ ဆုံးဖြတ်တဲ့ အတွက် ရုပ်ရှင်အစည်းအရုံး အ နေနဲ့ပဲ တရားစွဲဆိုသွားမှာပါ။ တကယ်လို့ ကျွန်တော့်ကို ကုမ္ပဏီ တစ်ခုက အတူတူဇာတ်ကားရိုက်ဖို့ ပြောလာခဲ့ရင် ကျွန်တော်စဉ်းစား ပါမယ်။ မရိုက်ဘူးတော့ မရှိပါဘူး။

ဦးဝင်းငြိမ်း

ဒါတွေက မိသားစု တစ်စု တည်းကနေ ပေါက်ဖွားလာတဲ့ ညီ အစ်ကိုတွေပါပဲ။ ပြောတဲ့နေရာမှာ နှုတ်ကို စောင့်စည်းသင့်သလို ငါမှန်တယ် ဆိုတိုင်း ပြောလို့ မဖြစ် ဘူး။ တချို့ ကိစ္စတွေက ငါမှန်တာ ပဲ၊ ငါပြောလိုက်မယ် အဲဒီလို ပြောတိုင်းလည်း မဖြစ်သေးဘူး။ ဖြစ်လိုက်ရင် တစ်ဖက်က အဖွဲ့အ စည်းက ရှိနေတယ်။ အဖွဲ့အစည်းရှိ နေတဲ့အတွက် တစ်ယောက် နဲ့တစ် ယောက် အဆင် မပြေတာတွေ ဖြစ် ကုန်မယ်။ ဒီကိစ္စကို နာယက လူ ကြီးတွေဝင်ပြီးတော့ ဆောင်ရွက် ပေးမယ်ဆို နှစ်ဦး နှစ်ဖက်ကျေ အေးစေချင်တယ်။ ကျေအေးကြ မယ် လို့လည်း မျှော်လင့်တယ်။ ကျွန်တော့် အနေနဲ့ နာယကလူကြီး တွေကို ကျေအေးပေးကြပါလို့ လည်း မေတ္တာရပ်ခံလိုက်ပါတယ်။ အနုပညာရှင် ဆိုတော့ ကိုယ်စီ ကိုယ်စီမှာ အားပေးသူတွေ ရှိတယ်။ မိသားစုတွေထဲမှာ ညီအစ်ကိုတွေ စိတ် အခန့်မသင့်ရင် စကားများကြ တာပဲ။ ဒီလို သဘောပဲထားစေချင် တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက အနုပညာ မိသားစုဖြစ်တဲ့ အတွက် ကြောင့်ပါ။ တစ်ခါတလေ အထိ အခိုက်ဖြစ်မှာပဲ။ အခုဒီလူနှစ် ယောက်က ရုပ်ရှင်လောက ကျဆင်း နေတာကို တိုးတက်ဖို့ အတွက် ကြိုး စားနေတဲ့ လူအချင်းချင်းပါ။ မူလ ရည်ရွယ်ချက်ဖြစ်တဲ့ ရုပ်ရှင် လောက တိုးတက်ဖို့ လုပ် ဆောင်နေတာတွေ ကို မပျောက်စေ ချင်ဘူး။
နောက်တစ်ခုက သတင်း ထောက်တစ်ယောက်ရဲ့ ကျင့်ဝတ် ကို ပြောချင်တယ်။ သတင်းတစ် ပုဒ်ရေးသားရမှာ အဲဒီလို ပုဂ္ဂိုလ်ရေး မပါရဘူး မပါသင့်ဘူး။ ဂျာနယ် လစ်လို့ပြောတဲ့ အခါမှာ Yellow ဂျာနယ်လစ် ဆိုတာ သပ်သပ်ရှိ တယ် ။ အဲဒီ Yellow ဂျာနယ်လစ် မှာတော့ အဲဒါတွေပါတယ်။ အတွင်းရေးကိစ္စတွေ၊ ပုဂ္ဂိုလ်ရေး ကိစ္စတွေ ရေးတာကို အဝါရောင်လို့ သတ်မှတ်ထားတယ်။ ကျင့်ဝတ် အရဆိုရင်တော့ မလုပ် သင့်ဘူး ပေါ့။ ကျွန်တော် Yellow ဂျာနယ် လစ်လို့ ပြောလိုက်တဲ့အတွက် နာ ကောင်း နာလိမ့်မယ်။ တကယ် တော့ မလုပ်ရဘူး။ နိုင်ငံခြားမှာ တော့ အများကြီး ရှိပါတယ်။ အ တွင်းရေး ကိစ္စတွေရေးတဲ့ ဂျာနယ် တွေ လည်းရှိတယ်။ ဒါကို တရား အပြန်အလှန် စွဲတာ ရှိသလို အရေး မစိုက်တာလည်း ရှိတာပေါ့။ ဦးတို့ သဘောထား ကတော့ ပုဂ္ဂိုလ်ရေး ပတ်သက်တာတွေ မရေးစေချင် တာတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အသုံးအနှုန်းက နှစ်ဦးနှစ် ဖက်အတွက် ထိခိုက်နိုင်တဲ့ အသုံးအနှုန်း၊ ပဋိပက္ခဖြစ်စေမယ့် အသုံးအနှုန်း ဆို ပိုပြီး မသုံးစေချင်ပါဘူး။ ကာယ ကံရှင်က ပြောလိုက်သည် ထားဦး။ အယ်ဒီတာက ဒါကို စဉ်းစားတည်း ဖြတ်သင့်ပါတယ်။ ကိုယ့် ဂျာနယ် ရောင်းအား တစ်ခုပဲမဖြစ်စေချင်ဘူး။

ဒါရိုက်တာဝိုင်း

အနုပညာရှင် ဆိုတာက အ များက စောင့်ကြည့်နေတဲ့ လူထဲ မှာပါတယ်။ အဲဒီတော့ အများအတွက် စံနမူနာကောင်းပဲ ဖြစ်စေချင် တယ်။ ဒီလိုကိစ္စမှာ သဘောထား ကြီးစေချင်တယ်။ အဓိကက အစ် ကိုကတော့ အချင်းချင်း ကို ကိုယ် တို့ အနုပညာရှင်တွေ က ခွင့်လွှတ် တတ်တဲ့ စိတ်သဘောထား ရှိစေ ချင်ပါတယ်။ ကိုယ့်လောကသား တွေ အချင်းချင်းပဲ တစ်ယောက် အမှား တစ်ယောက်သည်းခံ။ တစ်ယောက်အမှား တစ်ယောက် က ခွင့်လွှတ်ပြီး လက်တွဲစေချင် တယ်။ နိုင်ငံ့အရေး မှာလည်း ဒီလို ပဲ နည်းနည်းလေးဖြစ်တာနဲ့ ပစ် မယ်၊ ခတ်မယ်၊ ဖမ်းမယ်၊ ဆီးမယ်၊ သတ်မယ်၊ ဖြတ်မယ် ဆိုတာတွေ ပဲဖြစ်နေတယ်။ အဲဒီစိတ်ဓာတ် တွေကို ပြင်နိုင်မှသာလျှင် တိုး တက်တဲ့လူ့ဘောင် တစ်ခုကိုတည် ဆောက်နိုင်မှာပါ။ အခုလည်းဒီလို ပဲ သဘောထားကြီး စေချင်တယ်။ ကျန်တာကတော့ ဘယ်သူလွန် တယ်၊ ဘယ်သူ မှားတယ် အစ်ကိုမ ပြောလိုဘူး။ ပြောပိုင်ခွင့်လည်း မရှိပါဘူး။ ဒါတွေကဖြစ်တတ်တဲ့ သဘောပါပဲ။ အေးအေးချမ်းချမ်း ပဲပြီးသွားစေချင်တယ်။

ထူးထူးမေးမြန်းတင်ဆက်သည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*