အနုပညာ မူပိုင်ခွင့် ချိုးဖောက်မှု များကို တားဆီးမည့် ပူးပေါင်း ကော်မတီ ဖွဲ့စည်း

အနုပညာ မူပိုင်ခွင့် ချိုးဖောက်မှု များကို တားဆီးမည့် ပူးပေါင်း ကော်မတီ ဖွဲ့စည်း
November 10, 2016 Asian Fame

8:09 am
အနုပညာ မူပိုင်ခွင့် ချိုးဖောက်မှု များကို တားဆီးမည့် ပူးပေါင်း ကော်မတီ ဖွဲ့စည်း
In Local

copy-right(ရန်ကုန်၊ နိုဝင်ဘာ ၇ )

အနုပညာလောက အတွင်း မူ ပိုင်ခွင့် ချိုးဖောက်မှုများကို ကာ ကွယ်နိုင်ရန် ‘မြန်မာနိုင်ငံ အနု ပညာဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက် ခံရမှု ကာကွယ် တားဆီးရေး ပူး ပေါင်း ကော်မတီ’ ကို ဖွဲ့စည်းလိုက် ကြောင်း ရုပ်ရှင် အစည်းအရုံး ဥက္က ဋ္ဌ ဦးလူမင်းက ပြောသည်။

အဆိုပါ ကော်မတီကို မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံး၊ မြန်မာ နိုင်ငံ ဂီတအ စည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့် သူများ အသင်းနှင့် မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များ အသင်း စသည်တို့ ပါဝင်ဖွဲ့စည်း ထားသည်။

အဆိုပါ ကော်မတီရည်ရွယ် ချက် ၇ ချက်တွင် အနုပညာ မူပိုင်ခွင့် ချိုးဖောက်၍ နည်း အမျိုးမျိုးဖြင့် တရားမဝင် စီးပွားဖြစ်လုပ်ကိုင် နေသူများကို မူပိုင်ခွင့်နှင့် အညီ တရားဝင် လုပ်ကိုင်နိုင်ခွင့်များ ဖော်ဆောင်ပေးရန် ပြုလုပ်ပေး သွားမည့် အစီအစဉ်လည်း ပါ ရှိသည်ဟု သိရသည်။

ထိုအစီအစဉ် နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦး ဖိုးချစ်က ခိုးကူး ရောင်းချသူများ သည်လည်း ဝမ်းရေး အတွက် လုပ် ကိုင်နေကြခြင်း ဖြစ်သောကြောင့် ခိုးကူးခွေကို ကျီးလန့်စာစား ရောင်းချနေ ရသည့် ဘဝမှ အခွေ များကို တရားဝင် ပေါ်ပေါ်ထင် ထင် ရောင်းချကာ ဝမ်းစာရှာဖွေ စားသောက်နိုင်အောင် ပြုလုပ် ပေးသွားမည့် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကော်မတီတွင် သဘင်၊ ဂီတ၊ ရုပ်ရှင် အနုပညာ ဆိုင်ရာ အဖွဲ့အစည်း များဖြင့် ဖွဲ့ စည်းထားပြီး အနုပညာ နှင့်သက် ဆိုင်သည့် အခြား အဖွဲ့အစည်းများ လည်း လာရောက် ပါဝင် ပူးပေါင်း ဆောင်ရွက်နိုင်သည်ဟု သိရသည်။

”နည်းပညာ တိုးတက်လာ တာနဲ့အမျှ အခု ခိုးကူးတွေ အပြင် အွန်လိုင်း တင်တာတွေ ပို ကျယ် ပြန့်လာမယ်။ ဒီကော်မတီမှာ မြန်မာနိုင်ငံ အနုပညာ ဆိုင်ရာ မူပိုင်ခွင့် ချိုးဖောက်မှုများ ကာကွယ် တားဆီးရေး နည်းလမ်းများ ရှာဖွေ ရန်နှင့် ကာကွယ်တားဆီးရေး အတွက် တာဝန်ရှိသူများ နဲ့ပူးပေါင်းပြီး ဆောင်ရွက် သွားမှာပါ”ဟုကော်မတီ ဦးဆောင် အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် ဦးလူမင်းက ပြောသည်။

၎င်းအဖွဲ့အစည်း တွင် အစိုးရ ဘက်မှ ကော်မတီဝင် အနေနှင့် မပါဝင်သော်လည်း အဓိက အရေး ကြီးသည့် ဝန်ကြီးဌာနများ ပါဝင် ဆောင်ရွက်ရန် တွန်းအားပေးသွား မည်ဖြစ်ကြောင်း ဦးလူမင်းက ပြောသည်။

ထူးထူး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*