ဟာကွက်မရှိ ထောင့်စေ့ဖို့တော့လိုသည်

ဟာကွက်မရှိ ထောင့်စေ့ဖို့တော့လိုသည်
November 9, 2016 Asian Fame

5:19 am
ဟာကွက်မရှိ ထောင့်စေ့ဖို့တော့လိုသည်
In Cover News, Slider

66-copy

ရဲလွင်

မြန်မာနိုင်ငံတွင်Facebook ဟုဆို လျှင် ကလေးအစ သိကြသည်။  မိမိတို့ ခံစားချက်၊ ခံယူချက်တို့ကို ရေးသားသူများ၊ စီးပွားရေးအရ အသုံးပြုသူများ၊ သတင်း မီဒီယာစာမျက်နှာအဖြစ် အသုံးပြုသူများ အစရှိသဖြင့် လူအများ ကျယ်ပြန့်စွာအသုံး ပြုသော လူမှုကွန်ရက်တစ်ခု ဖြစ်လာသည် နှင့်အညီ နိုင်ငံရေးအရ၊ ပုဂ္ဂိုလ်ရေးအ ရ အစရှိသဖြင့် အကြောင်းအရာ ပေါင်းစုံဖြင့် ပုတ်ခတ်လှောင်ပြောင်ရာ စစ်တလင်းတစ် ခုလည်း ဖြစ်လာခဲ့သည်။ ယင်းသို့ လူ မှုကွန်ရက် အသုံးချ၍ အပြိုင်အ ဆိုင် တစ်ဖက်နှင့်တစ်ဖက်ပုတ် ခတ်ရေးသားမှုများ အောင်မြင် လာသည်နှင့်အမျှ ပြိုင်တူခေတ် စားလာသည့်အရာ တစ်ခု လည်းရှိသည်။ ယင်းကား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ပင် ဖြစ်သည်။

လက်ရှိတွင် ပုဒ်မ ၆၆(ဃ) ဖြင့် ထောင်နန်းစံ၊ တရားစွဲခံ လိုက်ရသည့် သူများမှာ ဆယ် ဦးကျော်ခဲ့ပြီဖြစ်သည်။ ယင်း ကြောင့် ပုဒ်မ ၆၆ (ဃ)သည် လူမှုကွန်ရက် သုံးစွဲသူများအ တွက် အန္တရာယ်ရှိသောခလုတ် တစ်ခုဖြစ်နေပြီး အခန့်မသင့် ပါက ထောင်နန်းပါစံရကိန်း ရှိသည့် ဥပဒေပုဒ်မတစ်ခုဖြစ် နေ သည်။ လက်ရှိတွင် NLD  ဗဟိုသုတေသနအဖွဲ့ အတွင်း ရေးမှူးဖြစ်သူ ဦးမျိုးရန်နောင် သိမ်းကိုလည်း ယင်းပုဒ်မဖြင့် ပင် ဖမ်းဆီး အရေးယူထား ခြင်း ဖြစ်သည်။

ဆက်သွယ်ရေး ဥပဒေကို  ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ် ပြီး အခန်း၁၉ခန်းပါရှိကာ ဥပဒေအသက် ဝင်သည့်နေ့မှာပင် ယခုဥပဒေဖြင့် ယခင် ပြဋ္ဌာန်းထားပြီးThe Myanmar Telegraph Act 1885? The Myanmar Wireless Telegraphy Act 1934တို့ကို ရုပ်သိမ်းခဲ့သည်။

ဆက်သွယ်ရေး ဥပဒေတစ်ရပ်လုံးကို ပြန်လည်သုံးသပ်ကြည့်ပါက ယင်းဥပဒေ သည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ဆက်သွယ်ရေးနည်း ပညာဖြင့် အ ထောက်အကူပြုနိုင်ရန်၊ ဝန်ဆောင်မှုကောင်း သည့် ဆက်သွယ်ရေးလုပ်ငန်းများ ပေါ် ထွက်လာနိုင်ရန်စသဖြင့် ဥပဒေအခန်း ၂ ရည်ရွယ်ချက်များ ဟူသော ခေါင်းစဉ် အောက်တွင် ထည့်သွင်းပြဋ္ဌာန်းထားသော် လည်း လက်ရှိအချိန်  ဥပဒေ၏ ရည်ရွယ် ချက်များအတိုင်း တွင်ကျယ်စွာဆောင်ရွက်   နိုင်သေးခြင်း မရှိ။ သို့သော် တွင်ကျယ်စွာ ဆောင်ရွက်နေနိုင်သည့် အရာတစ်ခုက တော့ရှိသည်။ ယင်းသည်ကား ဆက်သွယ် ရေး ဥပဒေပုဒ်မ၆၆(ဃ)ပင်ဖြစ်တော့သည်။

ပုဒ်မ ၆၆ ဆိုသည်မှာ

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ အ ပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပြီး ယခုနာမည်ကျော် နေသည်မှာ အပိုဒ်ခွဲ (ဃ)ပင်ဖြစ်လေ၏။

၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ် ရပ်ရပ်ကို ကျုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်-

(က) ဆက်သွယ်ရေး ကွန်ရက် အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိ သူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့် ယှက်ခြင်း၊ စံချိန်စံညွှန်းသတ် မှတ်ချက်ကို ဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ ပြောင်း လဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ခ) ဆက်သွယ်ရေး ကွန်ရက်ကို ထိခိုက် ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ်သို့ မဟုတ် အခြားနည်း လမ်းတစ်ခုခုဖြင့် ဝင် ရောက်စေခြင်း၊

(ဂ) ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ငွေကြေးနှင့် ပစ္စည်းတစ်ရပ်ရပ် ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစား ပြုခြင်း သို့မဟုတ် အကျိုးပျက် စီးစေခြင်း၊

(ဃ) ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက် လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်းသို့မဟုတ် ခြိမ်းခြောက်ခြင်း၊

လူမှုကွန်ရက်တွင် တစ်စုံတစ်ဦးကို ဂုဏ် သိက္ခာထိခိုက်စေသည့် စကားလုံးအသုံး အနှုန်းများဖြင့် ရေးသားတိုက်ခိုက်မှုပြုလုပ် ပါက ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲဆို ခြင်းဖြစ်သည်။

ယင်းပုဒ်မဖြင့် တရားစွဲခံရပါက ချက် ချင်းဖမ်းဆီးခံရမည်ဖြစ်သည့်အပြင် စွပ်စွဲခံ ရသူအနေဖြင့် တရားရင်ဆိုင်နေစဉ်အတွင်း အာမခံလည်းမရရှိပေ။ထို့အပြင် နစ်နာသူ ကိုယ်တိုင်ကမဟုတ်ဘဲ ကြားရှိ မကျေနပ် သူမည်သူမဆို တရားစွဲဆိုနိုင်ခြင်းကို ခွင့် ပြုထားပြီး ပြစ်မှုထင်ရှားပါက သုံးနှစ်ထက် မပိုသော ထောင်ဒ ဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ ချမှတ်နိုင်သည်။

တစ်ဖန် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၃ တွင်လည်း ”မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျုးလွန်ရန်အားထုတ် လျှင်ဖြစ်စေ၊ ပြစ်မှု ကျူးလွန်ရာတွင် ပူးပေါင်း ကြံစည်လျှင်ဖြစ်စေ၊ အားပေးကူညီလျှင်ဖြစ် စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြ ဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရ မည်”ဟု ဖော်ပြထားပြန် သဖြင့် ပူးပေါင်း ကြံစည်သူ၊ အားပေးကူညီသူများ အပေါ် လည်း ပြစ်မှုကသက်ရောက်မှုရှိနေသည်ကို တွေ့ရသည်။

ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေသလော

အမှန်စင်စစ်တွင်မူ ယခု ပြဋ္ဌာန်းထား သော ဆက်သွယ်ရေးဥပဒေ၏ မူလရည် ရွယ်ချက်မှာ ပြည်ပမှတယ်လီကွန်းအော် ပရေတာများ လုပ်သာကိုင်သာရှိစေရန် ရည်ရွယ်၍ ပြဋ္ဌာန်းထားခြင်းဖြစ်သော် လည်း စတင်ပြဋ္ဌာန်းပြီးချိန်မှ လက်ရှိအ ချိန်ထိဥပဒေသည် မူလရည်မှန်းချက် ရည် ရွယ်ချက်များနှင့် ကင်းကွာ၍ ဥပဒေတစ်ခု လုံးရှိ အခန်း၊ ပုဒ်မများ အားလုံးထဲမှ အ ခန်း ၁၈ (ပြစ်မှုနှင့် ပြစ်ဒဏ်များ) အခန်းပါ ပုဒ်မ ၆၆ (ခ)ကိုသာ သီးသန့်ယူငင်သုံးစွဲမှု က ပိုများလျက်ရှိသည်ကို တွေ့ ရှိရသည်။ ထို့ ကြောင့် ဥပဒေသည် ခုတ်ရာတခြား ရှရာ တစ်လွဲ ဖြစ်နေသည်ဟုလည်း ဆိုရမလိုဖြစ် နေပြန်၏။

”ဒီဥပဒေက မူလရည်ရွယ်ချက်က ပြည်ပက Telecom Operator  တွေအတွက် လုပ်ကိုင်ရအောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေက အရမ်း ကျယ်ပြန့်နေတော့ လိုတဲ့သူတွေက အဲ့ဒါ ကို ကိုင်ပြီး တရားစွဲသလိုဖြစ်နေတယ်။ တ ကယ်တော့Cyber Security  လိုမျိုး ဥပဒေ တွေ ပေါ်ထွက်လာ တဲ့အခါကျမှ တိတိကျ ကျဖြစ်မှာ”ဟု ဥပဒေရေးရာ အကြံပေး ဦးမင်းတေဇညွန့်တင်က ပြောသည်။

လတ်တလောအဆိုပါဥပဒေကို အသုံး ပြု၍ တရားစွဲဆိုမှုများတွင် နိုင်ငံတော်အ ကြီးအကဲများနှင့် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကို အသရေဖျက် ပုတ်ခတ် စော်ကားသူများမှာ တရားစွဲဆိုခံရမှု အများ ဆုံးဖြစ်ပြီး ထိုကဲ့သို့ တရားစွဲဆိုမှုများအ ပေါ် ဝေဖန်မှုများလည်းရှိသည်။ မြန်မာ နိုင်ငံ ရာဇဝတ်မှုဥပဒေများ ထဲတွင် ပုဂ္ဂိုလ် တစ်ဦးမှတစ်ဦး အသရေဖျက်ခြင်းကိစ္စများ အတွက် ဥပဒေများ ပုဒ်မ ၅ဝဝ ကဲ့သို့ ပုဒ်မများရှိသည်။ အဆိုပါ ပုဒ်မများသည် အာမခံရနိုင်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မကို လေ့လာ ကြည့်ပါက အဆိုပါပုဒ်မဖြင့် တရားစွဲဆို ခံရသူများသည် ၄င်းတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်ပတ်သက်၍ ငြိ စွန်းနေသည်များလည်းရှိနေ၏။ ပြည်ထောင် စု မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပ ဒေအရ လွတ်လပ်စွာပြောဆိုဝေဖန်ခွင့် ရှိ သော်လည်း ကြမ်းတမ်းစွာ ပုတ်ခတ်စော် ကားမှုများနှင့် ဖိုတိုရှော့များပြုလုပ်၍ ဂုဏ် သိက္ခာ ကျဆင်းစေရန် လုပ်ဆောင်မှု များကိုလည်းခွင့်မပြုသင့်ကြောင်း ဥပဒေ ရေးရာကျွမ်းကျင်သူများက ဆိုသည်။

တရားစွဲခံခဲ့ရသူများ

ထိုသို့ တရားစွဲဆိုခံရမှုများတွင် ၂ဝ၁၅ ခုနှစ်တွင် ပထမဆုံးဖြစ်ခဲ့ပြီး တပ်မ တော်ကာကွယ်ရေး ဦးစီးချုပ်ကို ပုတ်ခတ် စော်ကားသည့်ဓာတ်ပုံတစ်ခုကို ဖန်တီး၍ လူမှုကွန်ရက်ပေါ် တင်ခဲ့သူ ဦးဇော်မျိုးညွန့်၊ ၄င်းပုံကို ထပ်ဆင့်ဖြန့်ဝေမှုဖြင့် ဦးခွန်ဂျာ လီ၊ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ယူနီဖောင်းနှင့် ပတ်သက်၍ အင်တာနက်လူမှုကွန်ရက်တွင် မဖွယ်မရာ ပြောဆိုမှုဖြင့် ချစ်သမီး(ခေါ်) ချောစန္ဒီ ထွန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကို ပုတ်ခတ်စော်ကား သည့် ရေးသားမှုဖြင့် ကိုလူဇော်စိုးဝင်း၊ သမ္မတဟူသည့် ဝေါ ဟာရကို ထည့်သွင်းသုံးစွဲ၍ ကဗျာရေးခဲ့သူ ကဗျာဆရာမောင်ဆောင်းခ၊ ဒေါ်အောင် ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းပုံ ပြုလုပ်မှုဖြင့် ကန်ကြီးထောင့်မြို့နယ် ပြည် ခိုင်ဖြိုးပါတီတွဲဖက်အတွင်းရေးမှူး ဦးသန်း ထွန်း၊ တပ်မတော်နှင့် ပတ်သက်၍ ဝေဖန်
ရေးသားခဲ့သူ  ကြက်ဖကြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို ပုတ်ခတ်စော်ကားသည့်ရေးသား မှုဖြင့် ဦးနေမျိုးဝေ၊ ဒေါ်အောင်ဆန်းစု ကြည်ကို ပုတ်ခတ်စော်ကားသည့်ရေးသား မှုဖြင့်ပင်ဦးဇော်ဇော်(ခ)ဦးဖာ၊  ဒေါ်အောင် ဆန်းစုကြည်ကို ပုတ်ခတ်စော်ကားသည့် ရေးသားမှုဖြင့်ပင် ပဲခူးမြို့မ စန္ဒီမြင့်အောင် (လက်ရှိအမှုရင်ဆိုင်နေဆဲ)၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို ထိပါးသည့် ရေး သားမှုဖြင့် NLD  မှ ဦးမျိုးရန်နောင်သိမ်း (လက်ရှိအမှုရင် ဆိုင်နေဆဲ)၊NLDမှ ခေါင်း ဆောင်တစ်ဦးဖြစ်သူဦးဝင်းထိန် ပါတီမှ နုတ်ထွက်ကြောင်း ကြေညာစာအတုပြုလုပ် ခဲ့သည့်မုံရွာ NLD ပါတီဝင်တစ်ဦးဖြစ်သူ ကိုဖိုးထောင် (လက်ရှိ အမှုရင်ဆိုင်နေဆဲ) တို့ကို ဖမ်းဆီးအမှုဖွင့် အရေးယူခဲ့ခြင်း အားလုံးတို့သည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့်သာ ဖြစ်သည်။

လက်နက်တစ်ခုဖြစ်နေသလော

ထို့ကြောင့် ခြုံငုံသုံးသပ်ကြည့်ပါက ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ၆၆(ဃ)သည် မူလဥပဒေ၏ ရည်ရွယ်ချက် ရည်မှန်းချက် များနှင့် ကွဲထွက်ကာသီးသန့် အသုံးပြု၍ရ သော နိုင်ငံရေးလက်နက်သဖွယ် ဖြစ်လာ နေသည်ဟုသုံးသပ်နိုင်သည်။  အထူးသဖြင့်  နိုင်ငံရေးအင်အားစုနှစ်ဖက်အကြား အပြန် အလှန်အသုံးပြု သည့် လက်နက်တစ်ခုဖြစ် လာခဲ့သည်။

အဆိုပါဥပဒေပုဒ်မကို လက်ရှိအစိုးရ သက်တမ်းအတွင်း တွင်ကျယ်စွာအသုံးပြု လာခဲ့သော်လည်း အသုံးပြုခြင်းနှင့် ပတ် သက်၍ မည်သို့တိုင်ကြားရမည်၊ မည်ကဲ့ သို့ အထောက်အထားများတင်ပြရမည်ဟု အတိအကျပြဋ္ဌာန်းထားခြင်းကမူ သေသေ ချာချာမရှိပြန်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပြော ရေးဆိုခွင့်ရှိသူ ရဲမှူးကြီးေ ဇ်ာဝင်းအောင်က ”တကယ်လို့ တိုင်တန်းချင်တဲ့သူက ဖေ့စ် ဘွတ်ခ်မှာတင်ထားတာဖြစ်စေ၊ အသံဖိုင် ဖြစ်စေယူလာရမယ်။ ဖေ့စ်ဘွတ်ခ်မှာ တင် ထားတာ ဆိုရင်လည်း စခရင်ရှော့ပါရမယ် ပေါ့နော်။ အဲ့ဒီတော့မှ ကျွန်တော်တို့က ဒီ ဟာကိုတင်ထားတဲ့ အကောင့်ကို ဆွဲထုတ် လို့ရမယ်။ တကယ်လို့ တိုင်ကြားတဲ့သူက အစစ်အမှတ်မဟုတ်ဘဲ လိမ်ပြီးတိုင်ကြား တာတွေ၊ ဘာတွေဆိုရင် ရဲက ပုဒ်မ ၁၈၆၊ ၁၈၂ တို့ ရှိတယ်။ မမှန်သတင်းပေးမှုပေါ့ ဗျာ။ အဲ့ဒါနဲ့ ပြန်ပြီး တရားစွဲ မယ်။ ပြန်တရားစွဲရင်တော့ တရားလိုက ဥပဒေအရာရှိ ဖြစ်သွားပြီ။ ဒါပေ မယ့်တရားစွဲခံရသူက မကျူးလွန် ဘူးဆိုရင် တရားလိုကိုပြန်စစ်တဲ့ အခါ လိမ်လည် တိုင်တန်းတယ် ဆိုတာကိုလည်း သက်သေအ ထောက်အထားရှာမရရင်တော့ အမှုက ပြီးသွားတာပေါ့နော်” ဟု ဆိုသည်။

အားနည်းချက်များရှိနေသလော

ယင်းတွင် အားနည်းချက်များ၊ ဟာ ကွက်များ ရှိနေသည်ဟုလည်း ထောက်ပြ ကြ၏။ နည်းပညာတိုးတက်လာမှုနှင့်အမျှ စခရင်ရှော့သည် အတုပြုလုပ်၍ရနေ သည်။ ထို့အပြင် အမှန်တကယ် ကျူးလွန်သူက လည်း ပြုလုပ်ထားသော  ဓာတ်ပုံကိုဖြစ်စေ၊ စာသားကိုဖြစ်စေ အချိန်မီ ပြန်လည်ဖျက် ခြင်း၊ ဓာတ်ပုံအတုပေါ်တွင် ထပ်မံ၍ဖိုတို ရှော့ဖြင့် ရေးသားဖျောက်ဖျက်ခြင်းများ ပြု လုပ်၍ရနေသဖြင့် အမှုတစ်ခုအဖြစ် တိုင် ကြားမည့် အဓိက သက်သေသည် လွန်စွာ မခိုင်မာသည့် အရာတစ်ခုဖြစ်နေသည်။ အသံဖိုင်ရရှိရန်ဟူသည်မှာကား လွယ်ကူ သည့်ကိစ္စမဟုတ်ပေ။ ၆၆(ဃ)ဖြင့် တရားစွဲ ဆိုခဲ့ပြီးသော အမှုများအားလုံးသည်လည်း အသံဖိုင်ဖြင့် သက်သေတင်ပြကြခြင်းမ ဟုတ် စခရင်ရှော့ဖြင့်သာ ဖြစ်သည်။

ထိုသို့တိုင်ကြားမှုများထဲတွင် ဒေါ်အောင် ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားမှုဖြင့် တရားစွဲဆိုခံရသော ဦးနေမျိုးဝေမှာ ပြစ်မှု ကျူးလွန်ကြောင်း တိကျစွာသက်ေ သမရှိ သည့်အတွက် ပြန်လည်လွှတ်မြောက်ခဲ့ပြီး တိုင်ကြားသူ ကျောင်းဆရာ ဦးဝေယံ အောင်မှာလည်း လိမ်လည်တိုင်ကြားကြောင်း သက်သေတိကျစွာ မရရှိသဖြင့် တန်ပြန်တရားစွဲခံရမှုမှ လွတ်ကင်းခဲ့သည်။

ထို့ပြင် တိုင်ကြားရာ၌ မည်သို့သောဖန် တီးပြုလုပ်ချက်၊ ရေးသားချက်သည် တစ် ဖက်သားကို စော်ကားရာရောက်ကြောင်း၊ ပုတ်ခတ်ရာရောက်ကြောင်း၊ မည်သည့်အ ခြေအနေတွင် တိုင်ကြား၍ရကြောင်း စသ ဖြင့် တိကျခိုင်မာသည့် သတ်မှတ်ချက်များ မရှိ။

”ပထမတစ်ချက်အနေနဲ့က အွန်လိုင်း မှာ အကောင့်ဟက်ခံရပြီးဖြစ်ဖြစ်၊ ဘယ်လို နည်းနဲ့ဖြစ်ဖြစ် တရားစွဲခံရပြီဆိုရင် ထောင် ထဲတန်းဝင်လိုက်ရပြီ။ အာမခံမ ရဘူး။ ဒါက လူသတ်မှု၊ သက်ငယ်မုဒိမ်း၊ မူးယစ်မှု အဲဒီ လို ရာဇဝတ်မှုတွေမဟုတ်ဘူး။ အာမခံရ သင့်တယ်။ ဒါပေမယ့်မရဘူး။ နောက်တစ် ချက်အနေနဲ့ ဒီပုဒ်မက နည်းပညာနဲ့ သက် ဆိုင်တာဖြစ်တဲ့အတွက် အမှုစစ်မယ့်တရား သူကြီးတွေက နည်းပညာ ဖွံ့ဖြိုးတိုးတက်မှု ကို ဘယ်လောက်လိုက်နိုင်ဖို့ရာ မလွယ်ဘူး။ တကယ်တမ်း IT ကျွမ်းကျင်မှုရှိမှသာ အ ဆင်ပြေမှာ။ တရားသူကြီးတွေက ကျွမ်းကျင် မှုမရှိတော့ CID ရဲ့ ထွက်ဆိုချက်ကိုအ တည်ယူတယ်။ ဒီတော့ CID  ကိုရော ဘယ် လောက်ယုံကြည်ရမလဲ။ ပြီးတော့ အခုဖြစ် ပြီးသမျှတွေအားလုံးက နိုင်ငံတော်အကြီး အကဲတွေနဲ့ ပတ်သက်ပြီးတော့ပဲ လုပ်နေ တာ။ တကယ်တမ်း   ဖေ့စ်ဘွတ်ခ်မှာ အ မုန်းစကားပြောဆိုနေတဲ့သူတွေ အများကြီး သူတို့ကို အရေးယူခြင်း မရှိဘူး။ ဒါကြောင့် ဒီဥပဒေကို ပြင်ဆင်ပေးဖို့ ကျွန်တော်တို့က တောင်း ဆိုတာ။ ပြီးတော့ ဒီဥပဒေက Telecom Operator  တွေအတွက် အဓိက ရည်ရွယ်ပြီးရေးဆွဲထားတာ။ ဥပဒေရဲ့ ရည်ရွယ်ချက်ကလည်း တခြားတစ်ခု။ ဒါပေမယ့် အရင်အစိုးရ လက်ထက်ကတည်း က နေရာတလွဲသုံးလိုက်တာကို အခုအစိုးရ ကလည်း ဆက်သုံးတယ်။ ဒီဥပဒေတစ်ခုလုံး မှာ End User  တွေကို ထိခိုက်တာက ပုဒ်မ ၆၆(ဃ)ပဲရှိတယ်။ မြန်မာနိုင်ငံမှာက Cyber Law မရှိတော့ အဲ့ဒါကိုသုံးတယ်။ ပြီးတော့ ဘယ်လို စကားလုံးတွေ အသုံးအနှုန်းတွေ လောက်ဆို ရင် ပြစ် မှုမြောက်လဲ၊ တိုင်ကြား လို့ ရလဲဆိုတာလည်း မရှိ ဘူး။ ဒါတွေက နည်းဥပဒေထဲမှာ ပါလာရမယ့် ကိစ္စတွေ။ လောလောဆယ် နည်းဥပဒေ မထွက်သေး တော့ တစ်ဦးကိုတစ်ဦး မကျေနပ်တာနဲ့ တရားစွဲလို့ရတဲ့ ပုံစံဖြစ်နေတယ်။ ကျွန်တော် ရေးတဲ့ ကဗျာမှာလည်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လို့မပါဘူး။ နာမည်လည်း ထည့် ရေးထားတာမဟုတ်ဘူး။ ဒါပေမယ့် ကျွန် တော် တရားစွဲခံရပြီးထောင်ကျတယ်။ တ ကယ်ဆို အနုပညာသက်သက်သာဖြစ်တယ်။ ဒါကြောင့် ဒီဆက်သွယ်ေ ရးဥပဒေထဲက ပုဒ်မ၆၆(ဃ)ကို သီးသန့်ထုတ်ပြီး ဥပဒေ တစ်ရပ်လုပ်မလား၊ ဒါမှမဟုတ် တိကျခိုင် မာတဲ့ နည်းဥပဒေတစ်ခု အမြန်ဆုံးထုတ် မလားမေးရတော့မယ်။
ပြီးခဲ့တဲ့NLD လွှတ် တော်အမတ်တွေ တွေ့ဆုံပွဲမှာ ဦးဟံသာမြင့် က ပြောခဲ့တယ်။ လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကလွဲပြီး ကျန်တဲ့ဥပဒေတွေ ကို ပြင် ဆင်ရေးဆွဲ အတည်ပြုလို့ရ တယ်လို့ ပြောခဲ့တယ်။ ဒီတော့ ပုဒ်မ၆၆(ဃ) နဲ့ ပတ် သက်ပြီးတော့ ခုချိန်ထိ နှုတ်ဆိတ်မနေသင့် တော့ဘူး”ဟု ပုဒ်မ ၆၆(ဃ)ကို ပြင် ဆင်ပေး ရန်တောင်းဆိုဆန္ဒဖော်ထုတ်ခဲ့သည့် ကဗျာ ဆရာ မောင်ဆောင်းခက ပြောပါသည်။

ခိုင်မာအောင်လုပ်သင့်

ထို့ကြောင့် ခြုံငုံဆိုရသော် ဥပဒေတစ် ခုလုံးတွင် ပုဒ်မတစ်ခုတည်းကိုသာ အလိုရှိ သလို ယူငင်သုံးဆွဲလိုက်သည့်အတွက် လွန် စွာမှ ခိုင်မာမှုမရှိသော၊ အား နည်းချက်များ သော ပုဒ်မတစ်ခုအဖြစ် အဝေဖန်ခံရတော့ သည်။ ထို့ပြင် နိုင်ငံတော်၏ ဆက်သွယ်ရေး နည်းပညာဖြင့် အထောက်အကူပြုနိုင်ရန်၊ ဝန်ဆောင်မှုေ ကာင်းသည့် ဆက်သွယ်ရေး လုပ်ငန်းများပေါ် ထွက်လာနိုင်ရန် စသဖြင့် ရည်ရွယ်ချက်များဖြင့် ရေးဆွဲပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေမှာ နိုင်ငံရေးနယ်ပယ် တွင် ခေါင်းဆောင်များကို ဝေဖန်ပုတ်ခတ် ရေးသားရာ၌ တန်ပြန်တရားစွဲ အရေးယူရန် အသုံးပြုသည့် မခိုင်မာသော ဥပဒေပုဒ်မ တစ်ခုအဖြစ် အသက်ဝင်ေ နတော့သည်။

ဒါကို ရှိသင့်တယ် မရှိသင့်ဘူး ဆိုတာ ထက် တိကျခိုင်မာဖို့လိုတယ်။ အရင်က တော့ အီလက်ထရောနစ် ဥပဒေဆိုတာရှိခဲ့ တာပေါ့နော်။ အခု ဥပဒေကျတော့ တစ်မျိုး။ ပြောရတာလည်းခက်တယ်။ အခုက တိုင် ချင်တဲ့သူတိုင်၊ ဖမ်းချင်သလိုဖမ်း၊ မဟုတ် ရင်ပြန်လွှတ်၊ တိုင်သူအားလုံးကိုလည်းလက် မခံ၊ လက်ခံရင်လည်း ရဲတွေ တစ်နေ့တစ်နေ့ ၆၆(ဃ)အမှုက လွဲပြီး ကျန်တာလုပ်ရမှာ မဟုတ်ဘူး။ ဘယ်လိုအဆင့်ဆိုတိုင်၊  တရား စွဲဆိုပြီး သတ်မှတ်ချက်မရှိတော့ ဒီလိုဖြစ်နေ မှာပဲ။ ဥပဒေကရည်ရွယ်တာတစ်မျိုး၊ အ သုံးပြုလိုက်တာတစ်မျိုးဖြစ်နေတယ်။ တ ကယ်လို့ Cyber Law လိုမျိုး သတ်သတ်မှတ် မှတ်ရှိလာရင် ဒီပြဿနာကရှင်းသွားပြီ။ ဒါ ပေမယ့် ဥပဒေတစ်ခု ထွက်ဖို့ဆိုတာ လွယ် တာမဟုတ်တာ့ ဒီစပ်ကြားကာလမှာ ခိုင်မာ အောင်တော့ လုပ်သင့်တယ်။ မဟုတ်ရင် တော့ ချာလပတ်ရမ်းနေ မှာပဲ”ဟု ရဲတပ်ဖွဲ့မှ အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက ဆိုသည်။

ထို့ကြောင့်ပင် အဆိုပါဆက်သွယ်ရေး ဥပဒေပါ ပုဒ်မ ၆၆(ဃ)သည် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ကို ထိခိုက်သည်ဟူ သော အကြောင်းပြချက်ဖြင့် ဥပဒေပြန် လည်ပြင်ဆင်ပေးရန် ကဗျာမောင်ဆောင်းခ အပါအဝင် နိုင်ငံရေးသမားအချို့က တောင်း ဆိုလျက် ရှိနေကြခြင်း ဖြစ်သည်။

ယင်းအပေါ်တွင် မြန်မာနိုင်ငံရှေ့နေ များကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ တစ်ဦးဖြစ်သူ ဦးကြီးမြင့်က ”ဒီဥပဒေရှိသင့် မရှိသင့်၊ ပြင်သင့် မပြင်သင့်ကတော့ လွှတ် တော်မှာ အများဆန္ဒအရ ဆုံးဖြတ်ရမယ့် ကိစ္စပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော့်တစ် ယောက်တည်း အမြင်အရတော့ ဒီပုဒ်မက အနှောင့်အယှက်မဖြစ်ဘူး။ ဒါပေမယ့် ဒီ ပုဒ်မကို သုံးစွဲပုံသုံးစွဲနည်းလေးရှိသင့်တယ်။ ဒီလိုမဟုတ်ဘဲ အဆင်ပြေသလို သုံးနေတာ တော့ မဟုတ်သေးဘူး။ တကယ့်လက်တွေ့ မှာက ဒီပုဒ်မနဲ့ပတ်သက်ပြီး အရမ်းသိသာ ထင်ရှားတာက တပ်မတော်ကလူတွေကို ရေးသားပုတ်ခတ်မိရင် ချက်ချင်းအမှုဖွင့် ဆောင်ရွက်တယ်။ ချက်ချင်းနော်။ အပြင် လူတွေကြားထဲ အချင်းချင်းဖြစ်တာကို တိုင် ကြားရင်တော့ အမှုဖွင့်မရတော့ဘူး။ ဒါ အောက်ခြေမှာ တကယ်ဖြစ်နေတာ။ ဒီ တော့ ဒီပုဒ်မကို သုံးစွဲပုံသုံးစွဲနည်းလေး တိ တိကျကျတော့ ရှိသင့်တယ်” ဟု ဆိုသည်။

ဦးကြီးမြင့်၏ အဆိုမှန်ကန်ကြောင်းကို ရဲတပ်ဖွဲ့၏ မှုခင်းစာရင်းများက သက်သေခံ လျက်ရှိသည်။ ရဲစခန်းတွင် ပုဒ်မ ၆၆(ဃ) အရ အမှုဖွင့်မှုများတွင် ပြည်သူ အချင်းချင်း ဖြစ်သည့် အမှုအခင်းထက် အစိုးရထိပ်ပိုင်း ခေါင်းဆောင်များကိုရေးသားမှုမြင့် အမှုဖွင့် အရေးယူခံရသူများက အများဆုံးဖြစ်နေသည်။

ထို့ပြင် ပုဒ်မ၆၆(ဃ)ကို ယခင်နိုင်ငံ ရေးသမားများကို ဖမ်းဆီးထောင်ချခဲ့သည့် ပုဒ်မ ၅ (ည) ထက်ပိုမို ကြောက်စရာကောင်း သည်ဟု ဝေဖန်မှုအချို့လည်း ရှိနေကြပြန် သည်။

”ဥပမာဗျာ ဖေ့စ်ဘွတ်ခ်မှာ ဘယ်သူက ဘာရေးထားပါတယ်ဆိုပြီး အတုလုပ်မယ်။ အမှုဖွင့်မယ်။ ဟုတ်သည်မဟုတ်သည် အ သာထား တရားစွဲခံရသူကတော့ ရဲစခန်း ကို လိုက်သွားပြီး ရမန်ယူလိုက်ဦး။ လိမ်ပြီး တိုင်ကြားတဲ့သူက သူအတုလုပ်ထားတဲ့ ဓာတ်ပုံကို ဖျက်လိုက်မယ်။ လက်စဖျောက် လိုက်မယ်ဆိုရင် သွားပြီး သူ့ကိုလည်း လီ ဆယ်တိုင်တန်းလို့ဆိုပြီး ပြန်စစ်လို့ မရ တော့ဘူး။ ဒီတော့ လိမ်နိုင်တဲ့သူတွေက ကိုယ်အမြင်ကပ်တဲ့သူကို တရားစွဲ အလုပ် ရှုပ်အောင်လုပ်နိုင်တဲ့ ပုဒ်မဖြစ်သွား နိုင် တယ်။ ဥပဒေမခိုင်မာတာကိုပြောတာနော်။ မရှိသင့်ဘူးလို့ မဆိုလိုဘူး” ဟု အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။

ယခင် ပုဒ်မ ၅ (ည)ဖြင့် ထောင်ကျခဲ့ဖူး သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်းမှ ကိုအောင်မျိုး ကျော်က ”အရင်တုန်းကတော့ နိုင်ငံရေး လုပ်ပြီဆိုတာနဲ့ ပုဒ်မ ၅ (ည) နဲ့ အကုန်ဆွဲ တာပဲ။ လိုသလို သုံးခဲ့တယ်ပေါ့ဗျာ။ အခု ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)လည်း လိုသ လိုသုံးနေသလိုဖြစ်နေပြီ။ တိုင်ပြီ ဆိုရင်ရဲက အမှုဖွင့်တယ်။ ဟုတ်/မဟုတ် စစ်ဆေးပြီ။ စစ်ဆေးဆဲကာလမှာ အာမခံမရဘူး။ ရမန် ယူရတော့တယ်။ အနည်းဆုံး ၁၄ ရက် ထောင်ထဲသွားပေတော့ပဲ။ ဒီတော့ အရမ်း နစ်နာတယ်။ အသရေဖျက်တာနဲ့ ပတ်သက် ရင် ပုဒ်မ ၅ဝဝ တို့ရှိပြီသား။ အာမခံရတယ်။ ဒါပေမယ့် အခု ပုဒ်မ ၆၆(ဃ)နဲ့ ကျတော့ အာမခံမရတော့ ဘူး။ ပြီးတော့ ဘယ်လိုအ ဆင့် ဘယ်လို သတ်မှတ်ချက်ဆိုရင် တိုင် ကြားလို့ရတယ်၊ ဘယ်လိုအသုံးအနှုန်းဆို တာမျိုးလည်း တိကျစွာမရှိတော့ ဒီဆက် သွယ်ရေးဥပေ ဒကြီးက သေသေချာချာကို ဂရုစိုက်ပြီး ပြန်ပြင်ရမယ့် ကိစ္စဖြစ်တယ်။ ဒီပုဒ်မက မရှိလို့လည်းမဖြစ်ဘူး။ ဒါပေမယ့် ရှိနေတာကိုလည်း သေချာတိ ကျသေချာ အော င်ပြင်ဆင်ရမယ်။ အားနည်းချက်တွေ အများကြီးပဲ”ဟု ပြောသည်။ သူတို့ပြောကြ သလိုဆိုပါက ပုဒ်မ ၆၆(ဃ)သည် လိုသည့် အချိန်တွင် ကြိုက်သလို ဆွဲယူအသုံြး ပုနိုင် သည့် လက်နက်တစ်ခုသဖွယ်ဖြစ်နေသလိုပင်။

အချုပ်ဆိုရသော် နိုင်ငံတစ်ခုအတွက် ဆက်သွယ်ရေးဥပဒေဆိုသည်မှာ မရှိမဖြစ် လိုအပ်ပါသည်။ သို့သော် နေ့စဉ်နှင့်အမျှ တိုးတက်လျက်ရှိသော ဆက်သွယ်ရေး ဆိုင် ရာနည်းပညာများ၊ သတင်းအချက်အလက် နည်းပညာများနှင့်အမီ ခေတ်မီပြည့်စုံကာ အဘက်ဘက်မှ ဟာကွက်မရှိထောင့်စေ့နေပြီး၊ အသုံးချခံမဖြစ်နိုင်သော ဥပဒေတစ်ခု ဖြစ် သင့်ပါသည်။ ထို့အတွက် အစိုးရ၊ လွှတ်တော်၊ ကျွမ်းကျင်သူပညာရှင်များနှင့်အတူ ပြည်သူ တို့အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်   ဖြစ်ပါေ ကြာင်း Popular Choiceကဏ္ဍမှ တိုက်တွန်းရေးသားလိုက်ရပါသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*