ဒလတံတား တည်ဆောက်ရန် မလွတ်ကင်းသည့် နေရာများကို ဖျက်သိမ်း ရှင်းလင်းလျှက်ရှိနေ

ဒလတံတား တည်ဆောက်ရန် မလွတ်ကင်းသည့် နေရာများကို ဖျက်သိမ်း ရှင်းလင်းလျှက်ရှိနေ
October 10, 2017 Asian Fame

11:00 am
ဒလတံတား တည်ဆောက်ရန် မလွတ်ကင်းသည့် နေရာများကို ဖျက်သိမ်း ရှင်းလင်းလျှက်ရှိနေ

Dala(ရန်ကုန် ၊အောက်တိုဘာ ၁၀)

ရန်ကုန် – ဒလ မြစ်ကူး တံတားစီမံကိန်း တည်ဆောက်ရန် အတွက် မလွတ်ကင်းသည့် ဒလဘက်ခြမ်းက နေရာများကို လက်ရှိတွင် ဖျက်သိမ်း ရှင်းလင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

မလွတ်ကင်းသည့်နေရာ တို့ထဲ ဒလအထက(၂) အစ ရှိသည့် စာသင်ကျောင်း အချို့က စာသင်ခန်း အချို့ အပြင်၊ ဘုန်းတော်ကြီးကျောင်းအချို့နှင့် လူနေအိမ် အချို့ပါ ပါဝင်နေသည်။

ထိုနေရာ တို့အတွက် သက်ဆိုင်ရာ ၀န်ကြီးဌာနက လျော်ကြေးငွေများ ပေးအပ်လျှက် ရှိနေသည်ဟု သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန သည်၂ဝ၁၇ ဒီဇင်ဘာမှ ၂ဝ၂၁ ဇွန်လအထိ တည်ဆောက်ခြင်းနှင့် ကြီးကြပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။

တံတားအရှည် မှာ ၆,၁၄၄ ပေ ရှိမည်ဖြစ်ပြီး လေးလမ်းသွား ကြိုးဆိုင်း တံတားစနစ်ဖြင့် ရန်ကုန်မြစ်ကို ဖြတ်သန်းကာ တည်ဆောက်မည့် တံတားဖြစ်သည်။

PN

ဓါတ်ပုံ – သားဒွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*