လမ်းဘေးစာနှင့် အသက်အပို ပါကြသူများ

လမ်းဘေးစာနှင့် အသက်အပို ပါကြသူများ
September 7, 2016 Asian Fame

12:42 pm
လမ်းဘေးစာနှင့် အသက်အပို ပါကြသူများ

hez

မှူးအိမ်ဇော်

ညနေခင်းဆိုပါလျှင် ရန်ကုန် မြို့လယ်ကောင်အပါ အဝင် စည်ကားရာနေရာများတွင် အရောင်အဆင်း အမျိုးမျိုး၊ အနံ့အမျိုးမျိုးရှိသော စားသောက်ဖွယ်ရာများ ခင်းကျင်းရောင်းချနေသည့် ဆိုင်များကို တွေ့မြင်ရမည် ဖြစ်သည်။

မီးခိုးငွေ့များနှင့်အတူ အစားအသောက် အကင် များထံမှလာသော အနံ့များကလည်း ဆိုင်များဆီ ဝင်ထိုင်စားသောက်စေရန် ဆွဲေ ဆာင်နေသကဲ့သို့ ဖြစ် သည်။ ထိုဆိုင်လေးများတွင် မြန်မာအစားအစာများဖြစ် သည့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲနှင့် လက်ဖက်သုတ် မှစ၍ ဒင်းမ်ဆမ်း၊ ဂျပန်ဆူရှီနှင့် ကိုရီးယား အသားကင် အထိ အမျိုးစုံအောင်ရနိုင်သည်။

ဖွယ်ဖွယ်ရာရာ ရွေးချယ်ရသည်ကို နှစ်ခြိုက်ကြ သည့် စားသုံးသူများအတွက် ကောင်းသည်ဆိုနိုင်သော် လည်း စားသုံးသူကာကွယ်ေ ရးဆောင်ရွက်သူများက ရန်ကုန်မြို့ရှိ လမ်းဘေးစားသောက်ဆိုင်များ၏ ၈ဝ ရာခိုင်နှုန်းခန့်သည် ရောဂါကာကွယ်ရေးနှင့် သန့်ရှင်း ရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိဟု ပြောကြ သည်။

ရန်ကုန်မြို့သူမြို့သား အများစုအတွက်မူ ထိုဆိုင် လေးများသည် အလုပ်ချိန်များအပြီးတွင် အစားအ သောက်စားသုံးနိုင်သည့်နေရာ၊ မိတ်ဆွေ အပေါင်း အသင်းများနှင့် စကားပြောနိုင်သည့်နေရာ ဖြစ်သည်။ အရသာရှိသော စားသောက်ဖွယ်ရာ တစ်ပန်းကန် တစ်ပွဲ စာခန့်ကို ကျပ်ငွေ ၅ဝဝ မှ ၁၅ဝဝ အတွင်းသာ ကျသင့်ခြင်းက အစားအသောက်၏ ဘေးကင်းစိတ်ချ ရမှုအတွက် သံသယမည်မျှပင် ရှိစေကာမူ စားသုံးသူ တွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်နေသည်။

afp-copy

ကျန်းမာရေးကနောက် ဝမ်းစာရေးကရှေ့

အကြော်ဆိုင်တစ်ခုတွင်မူ အကြော်ကြော်နေသည့် အမျိုးသမီးကြီးက မီးပြင်းပြင်းထိုးထားသော ဆီအိုးထဲ သို့ ဆီများကို ပလတ်စတစ် အိတ်ပါ ရော၍ထည့်လိုက် သည်။ ထိုဆီများပူလာသောအခါ ပလတ်စတစ်အိတ် သည် ဆီနှင့်အတူ အရည်ပျော်သွားသည်။ ထို့နောက် အကြော်များကို ကြော်၍ ရောင်းချလေတော့သည်။ ထို့နောက် ပါဆယ်ဝယ်သွားမည့်သူတွေအတွက် ပြင် ဆင်ပေးရင်း အလုပ်ရှုပ်နေ သည်။ လက်အိတ်မပါဘဲ အကြော်များကို ပလတ်စတစ် ကြွပ်ကြွပ်အိတ်ငယ် များအတွင်းသို့ထည့်ပြီး   နောက်ထပ်အိတ်တစ် လုံးထဲသို့ ဟင်းရည်ပူပူတွေ လောင်းထည့်လိုက်သည်။ ထို့နောက် ဝယ်သူထံမှ ညစ်ပတ်ပေရေနေသောပိုက်ဆံကို လက်ခံ ယူသည်။

”ဆီပူထဲကို ပလတ်စတစ်အိတ် ထည့်လိုက်ရင် အကြော် ကြော်ရင် အကြော်က မာတောင့်တောင့်နဲ့ ကြည့်ရတာ လှသွားတယ်။ လာဝယ်တဲ့သူကလည်း ကျွတ်ကျွတ်လေးဆိုတော့ သဘောကျတယ်လေ” ဟု အဆိုပါအမျိုးသမီးကြီး သူ၏အယူအဆကို ပြောပြ သည်။

လမ်းဘေးဆိုင်များ၏ စီးပွားရေးအခြေအနေအရ ဝင်ငွေရရှိရန်သာ ဦးစားပေးလုပ်ကိုင်နေရသောကြောင့် ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေးအမြင်များကို အလေးမထားကြပေ။ လမ်းဘေးတွင် ဆိုင်များဖွင့်လှစ် ရောင်းချသော အစားအစာများမှအစ ဆိုင်ကြီးမျာြး ဖင့် ရောင်းချနေသော အစားအစာများသည်ပင် လူထု ကျန်းမာရေးဆိုင်ရာများကို လျစ်လျူရှုထားကြသည်မှာ ငြင်း၍ မရနိုင်။ ထို့အပြင် အစားအသောက်များကို အလှအပဖြစ်စေရန်ဆိုကာ ဆိုးဆေးများကိုလည်း အ လွန်သုံးကြလေ့ရှိသည်။ ပြည်တွင်းစားသုံးသူအများစု သည် အစားအစာ စားသောက်သောအခါတွင် ဆိုး ဆေးလေးနှင့်မှလှသည်၊ ကျွတ်ကျွတ်လေးမှ ကောင်း သည်ဟူသော အယူအဆလွဲ မှားမှုများ ရှိနေပြီး အန္တ ရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေသည်။ ရိုးရာအစား အစာများဖြစ်သော ငါးပိ၊ ငါးခြောက်၊ လက်ဖက်၊ ထန်း လျက်ဆိုသည်များပင် ဆိုးဆေးကမကင်း။

နောက်တစ်ချက်အနေဖြင့် စားသောက်ဆိုင်များ တွင် သုံးစွဲနေသော ဟင်းချက်ဆီများနှင့် ဈေးများတွင် ရောင်းချနေသော ဟင်းချက် ဆီများမှာလည်း ဓာတု ပစ္စည်းများရောစပ်၍ ရောင်းချမှုများ ရှိနေသည်။ အမှန်တကယ်တွင် အစားအသောက်များ၌ ၄င်းတို့ မူလပါဝင်ေ သာ ဓာတုပစ္စည်းများရှိကြပြီး လူတို့က ထပ်ပေါင်းထည့်သည့် ဓာတုပစ္စည်းများလည်း ရှိကြ သည်။ ဥပမာအားဖြင့် သာမန်စားဆီထဲသို့ ပဲဆီသဖွယ် အနံ့အရသာဖြစ်စေသော ဓာတုဆေးရည်များ ထည့် သွင်းရောင်းချနေမှုများလည်း ရှိသည်။

စားဆီများကို ကိုယ်တိုင် ထိုသို့ ပြုလုပ်ရောင်းချခဲ့ သော ကိုမင်းထက်ကမူ ”ကျွန်တော်တို့ ဆီတွေဝယ် တော့ စားဆီတွေဝယ်တယ်။ အိန္ဒိယကလာတဲ့ ဆေး ရှိတယ်ဗျ။ အဲ့ဒီဆေးက ဈေးလည်းတစ်သိန်းလောက် ပေးရတယ်။ ဒါပေမယ့် စားဆီပီပါထဲကို တစ်ဇွန်း   လောက်ပဲထည့်လိုက် အဲ့ဒီဆီက ပဲဆီနံ့ကို သင်းနေတာ ပဲ။ စားဆီလိုလည်း မခဲတော့ဘူးဗျ။ ခုဈေးကွက်ထဲမှာ ရောင်းနေတာ အဲ့ဒီဆီတွေပေါ့”ဟု ဆိုသည်။

အစာသည် ဆေးလော၊ ဘေးလော

လူနေမှုဘဝ၏အခြေခံကျနသော အချက်သုံးချက် အနက် နေ့စဉ် မဖြစ်မနေလုပ်ဆောင်ရသောကိစ္စမှာ အစာစားခြင်းပင်ဖြစ်သည်။ သို့သော်နေ့စဉ် သောက် သုံးနေသောရေသန့်မှစ၍ နေ့စဉ်ဟင်းချက်ရာတွင် အသုံးပြုနေသော ဆီ၊ ငါးပိ၊ ငရုတ်သီးမှုန့်၊ သီးနှံ စသော စားသောက်ကုန်များကို စိတ်ချလက်ချသုံးစွဲဖို့ မရဲတော့ဘဲ စားသုံးသူများတွင် စိုးရိမ်မှုများရှိနေကြ သည်။

”ဓာတုပစ္စည်းဆိုတဲ့နေရာမှာ နဂိုပါတဲ့ ဓာတုပစ္စည်း တွေရှိတယ်။ ဥပမာ သံပရာသီးဆိုလည်း သူ့နဂိုအက် စစ်ပျော့ ပါတာပါပဲ။ ဓာတုဆို တိုင်း စားသောက်လို့ မရတာတော့မဟုတ်ပါဘူး။ အန္တရာယ်ရှိတဲ့ ဓာတု ပစ္စည်းတွေပါရင်တော့ စားသောက်ရင် မကောင်းဘူး ပေါ့။ တချို့စားသောက်ကုန်တွေမှာတော့ ထည့်ကြတာ တွေက အန္တရာယ်မရှိပါဘူး။ တချို့ကတော့ အန္တရာယ် ရှိတယ်။ အဲ့ဒါတွေကို စစ်ဆေး မှုတွေပြုလုပ်ပြီး ခွဲခြားဖို့ လိုတယ်” ဟု Food Science and Technology Association ၏ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းကြည် က ပြောသည်။

မြန်မာနိုင်ငံစားသုံးသူများယူနီယံ၏ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ကမူ မြန်မာနိုင်ငံတွင် စားသုံးသူများအ ကြား အန္တရာယ်ရှိစေနိုင်သော အစားအစာများနှင့် ပတ်သက်၍ တိကျသောသက်သေများ လိုအပ်သော ကြောင့် စနစ်တကျစစ်ဆေးမှုများ လိုအပ်ပြီး အမှန် တကယ် အန္တရာယ်ရှိသောအရာများသည် ကောလာ ဟလများအဖြစ်သို့ ပြောင်းလဲသွားပါက စားသုံးသူများ နှင့် ထုတ်လုပ်သူများအတွက် ပို၍ ပြဿနာဖြစ်စေနိုင် ကြောင်း ၄င်း၏ထင်မြင်ယူဆချက်ကို ပြောသည်။

”တိတိကျကျသိဖို့ လိုတယ်ဆို တာက စားသုံးသူကလည်း ကောလာ ဟလတွေဆိုပြီး ဆက်ပြီး စားသုံးနေ တာတွေမဖြစ်အောင်၊ ထုတ်လုပ်သူ ကလည်း သူ့ထုတ်ကုန်က စားသုံးရန် မသင့်ဆိုပြီး ကောလာဟလတွေရှိရင် လည်း ထုတ်လုပ်သူတွေအတွက် နစ်နာတယ်။ ဒီတော့ အကောင်းဆုံး က ခိုင်ခိုင်မာမာ သက်သေနဲ့ပြနိုင်တဲ့ နည်းစနစ်ကိုလိုတယ်”ဟု ၄င်းက ဆက်၍ပြောသည်။

သို့သော်လည်း မြန်မာပြည်သူ အများစုမှာ ၄င်းတို့၏ဝင်ငွေနှင့်ထွက် ငွေကို ချင့်ချိန်သုံးစွဲနေရသည် ဖြစ် သောကြောင့် များစွာရွေးချယ်ခွင့် မရှိပေ။ စားဆီကို စားမည့်အတူတူ အနည်းငယ်သာဈေးကွာသော ပဲဆီ အတုကိုသာစားသုံးကြသည်။ ပဲဆီအတုသာ မဟုတ် ပေ။ အမျိုးမျိုးသော ဈေးနှုန်းချိုသာသော အစားအစာ များကိုသာ စားသုံးကြသည်။ အချို့ဆိုလျှင် သရေစာ အစားအစာများ စားသုံးလျှင်ပင် အထပ်ထပ်ပြန်ကြော် ထားသောဆီများ အသုံးပြုထားသော အစားအစာများ နှင့် သန့်ရှင်းမှုလုံးဝမရှိသော အစားအသောက်များကို ပင် စားသုံးနေကြသည်ကို ပတ်ဝန်းကျင်ကို ကြည့်ရုံဖြင့် မြင်နိုင်သည်။

”ကျွန်မကတော့ ဒီလိုအစားအသောက်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုတာ သိပေမယ့် သိပ် များများစားစား ရွေးစရာ မှမရှိတာ။ ရတဲ့လစာနဲ့ချိန်ပြီး စားရတာပဲ။ ဆိုင်ကြီးတွေ သန့်ပါတယ်ဆိုတဲ့ ဆိုင်တွေ လိုက်စားဖို့ ကျွန်မမှာ ပိုက်ဆံမရှိဘူး။ အဲ့ဒီတော့   လော လောဆယ် ဝမ်းဝဖို့ကိုပဲအဓိကထားတယ်”ဟု ရန်ကုန် မြို့မှ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်ယမင်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ငါးခုတွင် လမ်းဘေးဆိုင်များ၌ ရောင်းချသော အစားအစာများ တွင် မြို့နယ်တစ်ခုမှ အစား အစာနမူနာ ၃ဝ စီကောက် ၍ အမျိုးအစားနမူနာပေါင်း ၁၅ဝ အား စမ်းသပ်ခဲ့ရာ ၅၂ ခု(၃၄ ဒသမ ၆၆ ရာနှုန်း)တွင် စတက်ဖိုင်လို   ကောကပ် အောရိယပ်နှင် ဘက်ဆီးလပ်ဆီးရီး ယပ်ပိုး များတွေ့ရှိခဲ့ရကြောင်း (၄၂) ကြိမ်မြောက် မြန်မာနိုင်ငံ သုတေသနညီလာခံ စာတမ်းဖတ်ပွဲ၏ သုတေသနစာ တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် လမ်းဘေးအစားအစာရောင်းချသောဆိုင် များသည် အရည်အသွေးနိမ့် အချိုမှုန့်များကို သုံးစွဲ လျက်ရှိကြသည်။ အချိုမှုန့်ဆို သည်မှာ Monosodium glutamate (MSG) ဟုခေါ်သော ဒြပ်ပေါင်းတစ်ခုဖြစ် ပြီးGlutamic Acid  ဟုခေါ်သော Amino Acid  တစ် မျိုးပါဝင်သောကြောင့် စားစရာများထဲ ရောက်ပါကFree Glumate များအဖြစ်သို့ ပြောင်းလဲသွားကာ အစားအသောက်များ၏အရသာကို ဓာတုနည်းနှင့် ဆပွားတိုးပေးလိုက်ခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ပုံမှန်သုံးသင့်သည့် ဟင်းခတ်အမွှေး အကြိုင်တစ်ခု လုံးဝမဟုတ်ပေ။ နည်းနည်းစားသည်ဖြစ် စေ များများစားသည်ဖြစ်စေ အန္တရာယ်ရှိကြောင်း ဆရာဝန်များက ဆိုသည်။ အချိုမှုန့်မှရရှိသော ရောဂါ များမှာ အကြောတက်၊ ဆီးချို၊ အဝလွန်၊ နှလုံးသွေး ကြောပိတ်၊ ဦးနှောက်ဆဲလ်များ ပျက်စီး၍ မှတ်ဥာဏ် အားနည်းခြင်း၊ သားသမီးမရနိုင်ခြင်း၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါနှင့်   သွေးတိုးရော ဂါတို့ ဖြစ် ကြောင်း အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာ စိုးကြည်က ပြောသည်။

ရက်လွန်၊ အသက်လွန်၊အဆိပ်လွန်

အခြားသော စိုးရိမ်စရာအချက်တစ်ချက်လည်း ရှိသေးသည်။ လမ်းဘေးအစားအစာ ရောင်းချသည့် ဆိုင်များတွင်သာမက တရားဝင် ဖွင့်လှစ်ရောင်းချသော ဆိုင်အချို့တွင်လည်း ရက်လွန်အစားအသောက်များ ရောင်းချနေကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ အစားအ   သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် လည်း စားသုံးရန်မသင့်သောအစားအစာများကို အခါ အားလျော်စွာ ထုတ်ပြန်မှုများ   ပြုလုပ်၍ အရေးယူမှု များပြုလုပ်နေကြသော်လည်း မြန်မာပြည်သူများ၏ အခြေခံလိုအပ်ချက်များနှင့်အတူ ဝင်ငွေနည်းပါးခြင်း များကြောင့်  ထိုကဲ့သို့ကိစ္စများအား အမြစ်ပြတ်ဆောင် ရွက်နိုင်ရန် မလွယ်ကူကြောင်း မြန်မာနိုင်ငံ အစားအ သောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။

”ကျွန်တော်တို့အနေနဲ့လည်း အစားအသောက် တွေကို သေချာစိစစ်ပြီးတော့ စားသုံးရန်သင့် မသင့်ကို မကြာခဏ ထုတ်ပြန်နေ ပါတယ်။ ဒါပေမယ့် လမ်းဘေး ဆိုင်လိုမျိုးကကျတော့ အကုန်လုံးကို စစ်ဖို့ခက်ခဲမယ်။ ဒီလိုမျိုးကျန်းမာရေးနဲ့ မညီတာတွေကို လူတွေက မရောင်းချဖို့ စားတဲ့သူတွေကလည်း မစားတော့ဖို့ဆို တာ နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံဖွံ့ဖြိုး မှုနဲ့ ဆိုင်တယ်ဗျ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာတော့ ဒီကိစ္စကို လတ်တလော ဖြေရှင်းဖို့က အခက်အခဲရှိနိုင်ပါ တယ်”ဟု ဒေါက်တာထွန်းဇော်က ပြောသည်။

သာမန် စတိုးဆိုင်များနှင့် ဆိုင်ကြီးတချို့တွင်လည်း တံဆိပ် မျိုးစုံသော သရေစာအစားအစာ များကို တွေ့ရမည်ဖြစ်သည်။ အ ချို့သော အစားအသောက်များ တွင် မည့်သည်နေရာတွင် ထုတ် လုပ်ကြောင်း၊ လိပ်စာ၊ ဖုန်းနံပါတ် အစရှိသဖြင့် ပါရှိခြင်းမရှိဘဲ တာ ဝန်မဲ့စွာ ထုပ်ပိုးရောင်းချမှုများကို မြင်တွေ့ရမည် ဖြစ်သည်။

ထိုသို့ စားသုံးသူကာကွယ်ရေးဥပဒေအား သိသာ ထင်ရှားစွာ ချိုးဖောက်နေမှုများ ရှိသော်လည်း အရေး ယူ အဖွဲ့အစည်းများအနေဖြင့် လုပ်ကိုင်ရန်ခက်ခဲသော အခြေအနေများနှင့် ပြန်လည်ရန်ပြုမှုများကို စိုးရိမ်၍ သော်လည်းကောင်း၊ နည်းဥပဒေထွက်ပေါ်ခြင်း မရှိ   သေးသောကြောင့် အသေးစိတ်အရေးယူမှု အခြေအ နေများတွင် ခက်ခဲမှုများရှိနေကြောင်းလည်း စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လှုပ်ရှားသူများက ဆိုသည်။

ဖြစ်သင့်သည်မှာ စားသုံးသူများကလည်း ကိုယ် တိုင်စားသုံးမည့်အစားအစာများကို သေချာစွာစစ်ဆေး ၍ ကျန်းမာရေးနှင့် ကိုက်ညီမှု ရှိမရှိ ယေဘုယျအားဖြင့် ဆုံးဖြတ်၍ စားသုံးသင့်သကဲ့သို့ ရောင်းချသူများက လည်း လူမှုတာဝန်ယူစိတ်များဖြင့် စီးပွားရေးလုပ်ကိုင် ကြမှသာလျှင် ကျန်းမာ၍ လုံခြုံစိတ်ချရသောဘဝများ ကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်သည်။

မှူးအိမ်ဇော်