Myanmar Book Aid & Preservation Foundation အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

Myanmar Book Aid & Preservation Foundation အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်း နှင့် တွေ့ဆုံမေးမြန်းခြင်း
August 25, 2016 Asian Fame

2:41 pm
Myanmar Book Aid & Preservation Foundation အမှုဆောင်ဒါရိုက်တာ ဒေါက်တာသန့်သော်ကောင်း နှင့် တွေ့ဆုံမေးမြန်းခြင်း

 

ပြည်သူ့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေတဲ့ ပုဂ္ဂလိကအဖွဲ့ အစည်းတစ်ခုဖြစ်တဲ့ရ Myanmar Book Aid & Preservation Foundation အနေနဲ့  ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးလုပ် ဆောင်ဖို့အတွက် နားလည်မှုစာ ချွန်လွှာကို လက်မှတ်ရေးထိုးပြီး လည်းဖြစ်ပါသည်။ Myanmar Book Aid & Preservation Foundation က စာကြည့်တိုက်များအတွက် ဘာတွေကို လုပ်ဆောင်နေတယ် ဆိုတာနဲ့ ပတ်သက်ပြီး ယင်းအဖွဲ့အမှုဆောင် ဒါရိုက်တာဖြစ် တဲ့ ဒေါက်တာ သန့် သော်ကောင်း ကို မေးမြန်းဖော်ပြပေးလိုက်ပါတယ်။

c

Myanmar Book Aid & Preservation Foundation ရဲ့ လုပ်ဆောင်နေမှုတွေကို မိတ်ဆက် ပေးပါဦးရှင်။

ကျွန်တော်တိုMyanmar Book Aid & Preservation Foundation က ၂ဝဝ၈ နာဂစ် အပြီး ကတည်းက လုပ်နေတာပါ။ စာကြည့်တိုက်တွေကိုလည်း စာအုပ် တွေလှူနေ ပါတယ်။ အခုလည်းလှူ နေပါတယ်။ ၂ဝ၁၃-၂ဝ၁၄ မှာကျ တော့ အဲ့ဒီလိုလှူတဲ့အပြင်ကိုတခြား ဘာတွေ လုပ်သလဲဆိုရင်သင်တန်း တွေလည်းပေးပါတယ်။ စာကြည့် တိုက် မှူးတွေကို နည်းပညာနဲ့ပတ် သက်ပြီး သင်တန်းတွေပေးပါတယ်။ စာ ကြည့်တိုက်တွေနဲ့ ပတ်သက်ပြီး အိုင်တီ တစ်ခုတည်းမဟုတ်ပါဘူး။ ခေါင်းဆောင်မှု ပညာနဲ့လည်း ပတ် သက်ပြီး သင်တန်းတွေပေးပါတယ်။ ဒီလို သင်တန်းပေးတဲ့နေရာမှာ သူတို့တွေရဲ့ဒေသတွေမှာ အကျိုး ပြုလုပ်ငန်းတွေ လုပ်ဆောင်နိုင် အောင်လည်း ၁၆ နှစ် ကနေ၂ဝ နှစ် အ တွင်း အမျိုးသမီး ငယ်တွေကို လည်း အိုင်တီပညာရပ်ဆိုင်ရာတွေ သင်ပေးတယ်၊ ခေါင်းဆောင်မှု အရည်သွေးပညာနဲ့ ပတ်သက်ပြီး သင်ပေးတယ်။ ဒီကလေးတွေက နေသူ တို့ ဒေသတွေရဲ့ ခေါင်း ဆောင်တွေ ဖြစ်လာအောင် လုပ် ဆောင်ပေးတာလည်း ဖြစ်ပါတယ်။

စာကြည့်တိုက်ဆိုင်ရာ သင်တန်း တွေပေးနေတယ် ဆိုတဲ့နေရာမှာ အခက်အခဲတွေရောရှိလား ဆိုတာ ကိုလည်းသိချင်ပါတယ်။

ကျွန်တော်တို့ စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ် ဆောင်ပေးနေတာဆိုလို့ရှိရင် စာ ကြည့်တိုက်စုစုပေါင်း၂ဝ ရှိပြီ ဖြစ် ပါတယ်။ ကျွန်တော်တို့အခက်အခဲ ကတော့ သင်တန်းပေးတယ်ဆိုတဲ့ နေရာမှာ အင်တာနက်ရရင် ပို ကောင်းတာပေါ့နော်။ အခုလည်း ဒီအတွက် အူရီဒူးနဲ့ပူးပေါင်းပြီး လုပ်ဆောင်နေတာ ရှိပါတယ်။

စာကြည့်တိုက်တွေ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် ဘာတွေများ လုပ်ဆောင်ရမလဲ ဆို တာကိုလည်း သုံးသပ်ပေးပါဦးရှင်။

အဲ့ဒါက စာကြည့်တိုက်မှူးတွေ အနေနဲ့လည်းသူတို့ရဲ့  အသိအမြင် တွေကို ပြုပြင်ဖို့လိုပါတယ်။ စာ ကြည့်တိုက်တွေက ဒေသတွေမှာ ဒါတွေ အမှန်တကယ် လိုအပ် တယ် ဆို တာကို သိဖို့လိုအပ်ပါ တယ်။ နောက်ပြီး သူတို့ဒေသတွေ မှာဘာတွေက အဓိကလိုအပ်တယ် ဆိုတာကိုလည်း သိဖို့လိုပါတယ်။ သိတယ်ဆိုရင်လည်း သူတို့အနေနဲ့ ဒါကို ဘယ် လိုပံ့ပိုးပေးရမလဲဆို တာကိုပါ သိဖို့လိုအပ်ပါတယ်။ သမားရိုးကျထက် ရှေ့ကိုထွက်ရဲတဲ့ ခေါင်းဆောင်နိုင်တဲ့ စာကြည့်တိုက် မှူးတွေဖြစ်ဖို့ လိုပါတယ်။

ဒီမှာက စာကြည့်တိုက်တွေက အသေတွေလို ဖြစ်နေတယ်။ လှုပ် စာကြည့်တိုက်တွေ ခေတ်စနစ်နဲ့ အညီမဖြစ်ကြတဲ့အပေါ်ကိုလည်း သုံးသပ်ပေးပါဦးရှင်။

ဟုတ်ပါတယ်။ စာကြည့်တိုက် တွေက အသေတွေဖြစ်နေတာ တွေ ရှိနေပါတယ်။ပြောင်းလဲဖို့ဆို တာကတော့ ပူးပေါင်းပါဝင်ဖို့လည်း လိုပါတယ်။ ပူးပေါင်းပါဝင်တယ် ဆိုတဲ့နေရာ မှာ နိုင်ငံတကာကလည်း လိုတယ်။ အစိုးရပိုင်းကလည်း လိုပါတယ်။ CSO တွေလည်းလိုပါ တယ်။ အားလုံးပေါင်း ပြီးလုပ်မှ သာရမှာပါ။ ချက်ချင်းကြီးပြောင်း လဲဖို့တော့ မလွယ် ဘူး။ ဖြည်းဖြည်း ချင်းတော့ သွားရပါလိမ့်မယ်။

စာကြည့်တိုက်တွေရဲ့ အရေးပါမှုနဲ့ စာကြည့်တိုက်တွေကနေ ကိုယ့်ဆီ လာတဲ့သူတွေကို ဝန်ဆောင်မှုပေး တဲ့ နေရာမှာ ဘာတွေ လုပ်ဆောင် ပေးသင့်တယ် ဆိုတာ ကိုလည်း အကြံပြုပေးပါဦးရှင်။

 ပြည်သူ့ စာကြည့်တိုက်တွေ ဆိုတာပိုပြီးတော့တောင် အရေးပါ သေးတယ်။ ဒီစာကြည့်တိုက်တွေက ကျေးရွာ အဆင့်ထိရောက်တာဆို တော့ ဟိုးအောက်ခြေထိ ရောက် တာ ဖြစ်တဲ့အတွက်  ပြည်သူ့စာ ကြည့်တိုက်တွေမှာ လူတွေလာချင် စိတ်ဖြစ်အောင် လုပ်ပေးမယ်။ အင်တာနက်တွေရမယ်။ အွန်လိုင်း တွေရမယ်ဆိုလို့ရှိရင် ဒါတွေသည် လူထု အားကိုး ရာနေရာ ဖြစ်လာ မယ်။ စာအုပ်စာပေတွေက အရေး ကြီးတယ်။ နောက်ပြီးစာအုပ်စာပေ တွေက သတင်းအချက်အလက် တွေကို ပိုပြီး ကျယ်ပြန့်ပွားပေး ရာ  နေရာ လည်းဖြစ်တယ်။ ဥပမာဆို ရင် ဒီနယ်တစ်နယ်က အလုပ် အကိုင်ရှားပါးတယ်ဆိုလို့ရှိရင် အဲ့ဒီနေရာမှာသာ စာကြည့်တိုက် တွေက အွန်လိုင်းသာရခဲ့မယ်ဆို လို့ရှိရင် အွ န်လိုင်း ကနေအလုပ်ရှာ မှာပေါ့။ အွန်လိုင်းကနေ အလုပ်ရှာဖို့ အတွက် စာကြည့်တိုက်မှူးက ဝိုင်းကူမယ်။ ကိုယ်ရေးအကျဉ်း အချက်အလက်တွေရေးတာ ဝိုင်းကူမယ်ဆိုလို့ ရှိရင် ပြည် သူ့စာ ကြည့်တိုက်တွေက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဝိုင်းဝန်းကူညီ ပေးရာလည်းရောက်ပါမယ်။ ဒါ တွေကိုသာ စာကြည့်တိုက်မှူးတွေ ကကူပေးမယ် ဆိုရင် စာကြည့် တိုက်တွေက ပိုပြီးအသက်ဝင် လာမှာပါ။ စာကြည့်တိုက်တွေကို လည်း  ပြည်သူတွေ အားကိုးလာကြပါမယ်လို့ပြောချင်ပါတယ်။