ထာဝရပဋိပက္ခနှင့် တရုတ်နိုင်ငံ

ထာဝရပဋိပက္ခနှင့် တရုတ်နိုင်ငံ
August 18, 2016 Asian Fame

2:21 pm
ထာဝရပဋိပက္ခနှင့် တရုတ်နိုင်ငံ

Naing Oo Swe

တောင်တရုတ်ပင်လယ် ပိုင်ဆိုင် မှုအဆုံးအဖြတ်ရဲ့ ဂယက်အရှိန် မငြိမ်သေးခင် အရှေ့တရုတ်ပင်လယ် မှာ ပိုင်နက်အငြင်းပွားမှု ပဋိပက္ခ တစ်ဖန်ပြန်အားကောင်း လာတယ် ။ သြဂုတ်လဆန်းမှာ အရှေ့တရုတ် ပင်လယ်အတွင်းက တရုတ်နဲ့ဂျပန် ပိုင်နက် အငြင်းပွားဆဲဖြစ်တဲ့ ရှင်ကာကူ ကျွန်းစုအနီးကို တရုတ် ကမ်းခြေစောင့် သင်္ဘော ၆ စင်းရဲ့ အစောင့်အရှောက်နဲ့ တရုတ်ငါးဖမ်း သင်္ဘော ၂ဝဝ ကျော် ရောက်လာတယ် ။ ကမ်းခြေစောင့်သင်္ဘော ၂ စင်းက ကျွန်းစုရဲ့ရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တယ်လို့  ဂျပန် အစိုးရက ကန့်ကွက်လိုက်တယ် ။ ဒုတိယကမ္ဘာ စစ်အတွင်းက ဂျပန်လက်က သိမ်း ယူခဲ့တဲ့ ရှင်ကာကူကျွန်းစုက ကျွန်း ၃ ကျွန်းကို အမေရိကန် အစိုးရက ၁၉၇၂ ခုနှစ်မှာ ဂျပန်အစိုးရရဲ့ အုပ် ချုပ်မှုအောက်ကို လွှဲပြောင်းပေးခဲ့ တယ် ။ အုပ်ချုပ်မှုအာဏာကိုသာ လွှဲပြောင်းခဲ့တာဖြစ်ပြီး ဂျပန်ပိုင်နက် နယ်မြေအဖြစ် အသိအမှတ်ပြုခဲ့တာ တော့ မဟုတ်ဘူး။ ဂျပန်မသိမ်း ပိုက်မီက တရုတ်ပိုင်နက်ဖြစ်ခဲ့တာ ကြောင့် အခုအချိန်မှာ တရုတ်ပိုင် နက်နယ်မြေအဖြစ် တရုတ်အစိုးရ က ကြေညာထားတယ်။

အရှေ့တရုတ်ပင်လယ်အတွင်း က အပြည်ပြည်ဆိုင် ရာရေပြင်မှာ တရုတ်က တည်ဆောက်ထားတဲ့ သဘာဝဓာတ်ငွေ့ တွင်းတူးစင်တစ် ခုမှာ သမုဒ္ဒရာရေဒါ စနစ်နဲ့ ထောက် လှမ်းရေး ကင်မရာများ တပ်ဆင်ထား တယ်လို့ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီး ဌာနက ကြေညာပြီး ဒီလိုတပ်ဆင် ထားခြင်းကို ဖယ်ရှားပေးဖို့တောင်း ဆိုတယ်။ အရှေ့ တရုတ်ပင် လယ် ဒေသ သဘာဝ ဓာတ်ငွေ့ ပူးပေါင်း ရှာဖွေရေး နှစ်နိုင်ငံ ပူးတွဲသဘော တူညီချက်ကို တရုတ်အစိုးရက ချိုး ဖောက်တယ်လို့ ဂျပန်အစိုးရက စွပ် စွဲတယ်။ဇူလိုင်လ ၁၂ ရက်မှာ ချမှတ် ခဲ့တဲ့ PCA ရဲ့ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှု အဆုံးအ ဖြတ်က တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ အလယ်မှာ ရပ်တည်မှု ကိုထိ ခိုက် စေတယ် ။ တောင် တရုတ် ပင်လယ် ဒေသတွင်းက အရှေ့တောင်အာရှနိုင်ငံများရဲ့ စီးပွားရေးဇုန်များပါ အကြုံးဝင်နေတဲ့ မျဉ်းတို၉ခုနဲ့ ရေးဆွဲထားတဲ့ တောင်တရုတ် ပင်လယ် တစ်ခုလုံး နီးပါးကို တရုတ်ပိုင်နက်လိုေ့ကြညာထား မှုကို PCA က ပယ်ချလိုက်တယ်။

ဒီအဆုံးအဖြတ် ကိုအသိအမှတ် မပြုနိုင်သလို မလိုက်နာနိုင်ဘူးလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာတယ်။ဆုံးဖြတ် ချက်ကျပြီး နောက် တစ်ရက်မှာ Misc hief  ကျောက်တန်းနဲ့ Subi  ကျောက်တန်းတို့မှာ တည်ဆောက် ထားတဲ့ လေယာဉ် ကွင်းများမှာ တရုတ် အရပ်ဘက် လေယာဉ်များ ဆင်းသက်ခဲ့တယ် ။ ဇူလိုင်လ ၁၅ ရက် မှ Scarborough  ရေတိမ်သောင် တန်းဒေသ အပေါ်မှာ တရုတ်ဗုံး ကျဲလေယာဉ် အုပ်စု ဖြတ်ပြီးပျံသန်းခဲ့တယ် ။ ဒီ အပြုအမူတို့ဟာ PCA ရဲ့ အဆုံးအဖြတ်ကို ချိုးဖောက် တာဖြစ် တယ်လို့ GeorgeWashington School of Law က Mark Rosen ထောက်ပြတယ်။ တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီးက လည်း တရုတ်နိုင်ငံရဲ့ လုံခြုံရေးကို ထိပါး လာနိုင်ရင် တောင် တရုတ်ပင်လယ် မှာair defense identifica-tion zone ကြေညာခွင့် ရှိတယ်လို့ ဆိုပြန်တယ်။

ဇူလိုင်လ ၂၈ ရက်မှာတော့ အရှေ့တရုတ်ပင်လယ် အတွင်း ရုရှား နဲ့တရုတ် ပူးပေါင်းစစ်ရေးလေ့ ကျင့်မှုကို စက်တင်ဘာလ မှာပြုလုပ်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာပြန်တယ် ။ သြဂုတ် လ ၁ ရက်မှာလည်း ဒုံးကျည်အစစ် များ၊ တော်ပီဒိုများနဲ့ အရှေ့တရုတ် ပင်လယ်မှာ လေ့ကျင့်ပစ်ခတ်မှုလုပ် ခဲ့ပြန်တယ် ။တောင်တရုတ် ပင် လယ်ပိုင် နက်အငြင်းပွားမှု ပြင်းထန်ချိန်မှာ ရှင်ကာကူကျွန်းစု ပိုင်နက် အငြင်းပွားမှုက ရှေ့တန်းပြန်ရောက် လာတယ် ။ ရှင်ကာကူကျွန်းစု ပိုင်နက် အငြင်းပွားမှုကြောင့် ဂျပန်နဲ့တ ရုတ် အကြား လက်နက်ကိုင် ပဋိပက္ခပေါ် ပေါက်လာရင် ၁၉၆၁ Mutual Defense Treaty အရ အမေရိကန် ပြည်ထောင်စုနဲ့ သြစတြေးလျတို့က ဂျပန်ဘက်က ပါဝင် ကူညီရ မှာဖြစ် တယ်။

ဒီအခြေအနေမျိုးမှာ ပဋိပက္ခ စစ်မျက်နှာ ၂ ခုတစ်ပြိုင်နက်ဖွင့် လာတဲ့ တရုတ်အစိုးရရဲ့ ယုတ္တိဗေဒ ကို မေးခွန်းထုတ်စရာ မြင်လာရတယ် ။ ဒါပေမယ့် ဒီလှုပ်ရှားမှုဟာ အကြောင်းမဲ့ လုပ်ရပ်မဟုတ်ဘူး။ သေသေချာချာ တွက်ချက်ထားတဲ့၊ စီမံခန့်ခွဲနိုင်တဲ့၊ အတိတ်မှာလည်း အောင်ပွဲရယူပေးခဲ့တဲ့ မဟာဗျူဟာ ဖြစ်တယ်လို့ University of Not-tingham’s China Policy Institute က senior fellow နဲ့ rench Center for Research on Con-temporary China u associate researcher ဖြစ်သူ  J. Michael Cole က သုံးသပ်တယ်။

တောင်တရုတ် ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်မှာ လတ်တ လောဖြစ်ပေါ်နေတဲ့ ပဋိပက္ခတို့ ကြောင့် ထိပ်တိုက်ရင်ဆိုင်နေရတဲ့ ဒေသတွင်းနိုင်ငံတို့ဟာ အမေရိကန် ဦးဆော င်တဲ့ ဒေသတွင်း လုံခြုံရေး အဖွဲ့အောက်ကို ရောက်သွားနိုင် ပေမယ့် လက်နက် ကိုင်ရင်ဆိုင်မှု များ ပေါ်ပေါက်တဲ့ အထိ ပဋိပက္ခ မပြင်းထန်သွားစေဖို့ တရုတ် ကတွက် ချက်စီမံ ခန့်ခွဲ ထားတယ်လို့ ဆိုတယ် ။တောင်တရုတ်ပင်လယ်နဲ့ အ ရှေ့တရုတ်ပင်လယ်မှာ နယ်မြေတိုး ချဲ့မှုကို နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာ တရုတ်ရဲ့ ပြည်တွင်းပြည်ပ လမ်းနှစ်သွယ် ချဉ်းကပ် မှုကို အထောက်အကူပြုလိုက်တယ်။

တရုတ်နိုင်ငံရဲ့ တိုးတက်မှုကို အနောက် အင်အားစုများက ဝန်းရံ ကန့်သတ် ထိန်းချုပ် ထားတယ်ဆို တဲ့အချက်နဲ့ တရုတ်နိုင်ငံဟာ သမိုင်း ကြောင်းတစ်လျှောက် နစ်နာ ခဲ့ရ တယ် ဆိုတဲ့အချက်ကို ပြည်တွင်းမှာ အမျိုးသားရေး စိတ်ဓာတ် လှုံ့ဆော် ဖို့အတွက် တရုတ် ကွန်မြူနစ်ပါတီ က အသုံးချ ထားတယ်။ ဒါကြောင့် လူထုထောက်ခံမှု ရနိုင်ဖို့ တရု တ် နိုင်ငံဟာ စီမံခန့်ခွဲထားတဲ့ ပဋိပက္ခ များနဲ့ ထာဝရ ရင်ဆိုင်နေရဖို့လိုအပ် နေတယ်။ ဒါကြောင့် ပဋိပက္ခမှာ အလျှော့ပေးရ တယ်ဆိုတဲ့ မျက်နှာ ပျက်စရာအခြေအနေမျိုး မရော က် အောင်လည်း ထိန်းသိမ်းထားရတယ် ။တစ်ဖက်မှာလည်း လက်နက်ကိုင် ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်ပွားဖို့ အတွက် ဖြစ်နိုင်တဲ့နည်းလမ်းကို အသုံးချပြီး ရှောင်ရှား ရ တယ် ။ ထာဝရ ပဋိပက္ခ permanent conflict  ဟာ လတ်တလော ကာလ အတွက် တရုတ်ရဲ့မဟာဗျူဟာဖြစ် နေတယ်လိုဲ့ J M Cole  ကဆိုတယ်။

အချိန်မရွေး ပြဿနာပေါ် ပေါက်အောင် ဖန်တီးနိုင်တဲ့တောင် တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင် လယ်၊ တိုင်ဝမ်ရေလက်ကြားနဲ့ အိန္ဒိယနယ်စပ်လို့ ပဋိပက္ခဒေသ ၄ ခုရှိတဲ့ အတွက် ပြင်ပဖိအားပေးမှု များကြားက တရုတ် အမျိုးသား အကျိုးစီးပွားကို စောင့်ရှောက်နေပါ တယ်လို့ အမျိုးသားရေးစိတ်ဓာတ် မြင့်မားပြင်းထန်လာတဲ့ တရုတ်လူ ထုကို တရုတ် ကွန်မြူနစ် ပါတီက အဆင်ပြေပြေ သက်သေပြနိုင်တယ် ။တောင်တရုတ်ပင်လယ် နဲ့ အ ရှေ့တရုတ်ပင်လယ် ပဋိပက္ခများ မှာ ဒေသတစ်ခုမှာ ဆန့်ကျင်ဘက် အင်အားစု က ပြင်းပြင်း ထန်ထန် တုံ့ ပြန်လာမယ့် အခြေအနေမျိုးရောက် လာရင် ယာယီနောက်ဆုတ် ပေးပြီး နောက်ဒေသတစ်ခုမှာ လှုပ်ရှားမှု တစ်ရပ်ဖော်ထုတ်လိုက်တယ်။ ဒီ မဟာဗျူ ဟာ က တောင်တရုတ်ပင် လယ် ထိပ်တိုက်ရင်ဆိုင်မှု အရှိန် အဟုန်မြင့်မားချိန်မှာ ဘာကြောင့် အရှေ့တရုတ်ပင်လယ်မှာ လှုပ်ရှား မှုပေါ်ပေါက်လာရတယ်ဆိုတာကို ရှင်းပြနိုင် တယ်။ PCA  ရဲ့ တောင် တရုတ်ပင်လယ်ဆုံးဖြတ်ချက် ကျ ပြီးနောက်ပိုင်းမှာ ဆုံးဖြတ်ချက်နဲ့ ဆန့်ကျင်တဲ့ လေကြောင်းပျံသန်းမှု များ ရှိခဲ့ပေမယ့် ဖိလစ်ပိုင်နဲ့ အမေရိကန် ကုန် ပစ္စည်းတွေကို သပိတ် မှောက်တာမျိုးမလုပ်ဖို့ တရုတ်ကုန် သွယ်ရေး ဒုဝန်ကြီးက ကြိုးစားခဲ့ရ တယ်။

စီးပွားရေးပိတ်ဆို့တာ၊ ကုန် ပစ္စည်းသပိတ် မှောက်တာတို့က ပြန် လည်ရုပ်သိမ်းဖို့ မလွယ်ကူလှဘူး။ဒီမဟာဗျူဟာရဲ့ အဓိကပြည် ပအစိတ်အပိုင်းက တစ်ဆင့်ပြီးတစ် ဆင့် တိုးမြှင့် လာတဲ့အခြေအနေနဲ့ ရင်းနှီးယဉ်ပါးလာစေခြင်း ဖြစ်တယ်။ ပဋိပက္ခတစ်ခုမှာ တစ်ဖက်က ပြင်း ထန်တဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရချိန်မှာ လုံးဝဆုတ်ခွာပေးတာမျိုးမဟုတ်ဘဲ အနည်း ငယ်အလျှော့ပေးပြီး တိုးချဲ့ ရယူထားတဲ့ အကျိုးအမြတ် တစ် စိတ်တစ်ပိုင်းကို ထိန်းသိမ်းထား လိုက်တယ်။ ဒီနည်းနဲ့ ရယူထားတဲ့ အကျိုးအမြတ်ဟာ တရုတ်ရဲ့ မူလ ရပိုင် ခွင့်လိုမျိုး ဖြစ်လာတယ်။ တောင် တရုတ်ပင်လယ်မှာ ကျွန်းစုများကို တစ်ကျွန်းပြီးတစ်ကျွန်း တိုးချဲ့ အ ခြေစိုက်လာနိုင် တာက ထင်ရှားတဲ့ သာဓကဖြစ်တယ် ။တောင်တရုတ် ပင် လယ်၊ အရှေ့ တရုတ်ပင်လယ်၊ တိုင်ဝမ်ရေလက် ကြားနဲ့ အိန္ဒိယနယ်စပ်လို ပဋိပက္ခ ဇုန် ၄ ခုမှာ လိုအပ်တဲ့ ပဋိပက္ခကို အရှိန်အဟုန်မြှင့်ပြီး မလိုအပ်တဲ့ ပဋိပက္ခကို အရှိန် အ ဟုန်လျှော့ချ နိုင်တာကြောင့် ပြည်တွင်းက မြင့် မားပြင်းထန်လာတဲ့ အမျိုးသားရေး စိတ်ဓာတ်ကို အသုံးချနိုင်သလို ပြည်ပမှာလည်း အမြတ်ထုတ်နိုင် တယ် ။ ဒီပဋိပက္ခ ၄ ခုကို ကိုင် တွယ် ပြီး ဒေသတစ်ခုမှာ ယာယီနောက် ဆုတ်ခဲ့ရရင်တောင်မှ အခြားဒေသ တစ်ခုမှာ အကျိုးအမြတ်ဖော်ထုတ် နိုင်တယ်။ အားလုံးပေါင်းခြုံ လိုက်ရင်အကျိုး အမြတ် ကျန်အောင်ဖော် ထုတ်နိုင်တဲ့ မဟာဗျူဟာဖြစ်တယ်။

အမေရိကန် အစိုးရရဲ့ အာရှ ဒေသ ပြန်လည်အဓိကထား အာရုံ စိုက်လာချိန်၊ ပဋိပက္ခဒေသ တွင်းက နိုင်ငံများအပေါ် ပြတ်ပြတ်သားသား အနိုင်မယူနိုင်သေးချိန်မှာ ထာဝရ ပဋိပက္ခ မဟာဗျူဟာက တရုတ်နိုင် ငံရဲ့ အကျိုးစီးပွားအတွက် အသင့် တော်ဆုံးဖြစ်တယ် ။ ထရော်စကီးရဲ့ ထာဝရတော် လှန်ရေးဟာ နိုင်ငံရေးအာဏာ တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့သူရဲ့ သဘောတရား ရေး သုံးသပ်ချက်အဖြစ် သမိုင်းစာ မျက်နှာများမှာ မြှုပ်နှံခံခဲ့ရတယ်။ တရုတ်နိုင်ငံရဲ့ ထာဝရပဋိပက္ခက တော့ ဆက်လက်လေ့လာရမယ့် မဟာဗျူဟာ တစ် ရပ် ဖြစ်လာတယ်။

နိုင်ဦးဆွေ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*