Local

  • Nov202018

    ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးဥပဒေစည်းမျဉ်းစည်းကမ်းနှင့်ညီသည်ဟုဒုဝန်ကြီးဖြေသွားသည့်အပေါ်ဘဝင်မကျဟုပြည်ခိုင်ဖြိုးအမတ်ပြော

    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်မျိုးက"ဆက်သွယ်ရေးဥပဒေပုဒ်မ(၇၅)တွင်နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေသောမည်သည့်သတင်းအချက်အလက်နှင့်ဆက်သွယ်မှုများကိုမဆိုရ ရှိနိုင်ရေးအတွက်နိုင်ငံသားများ၏မူလအခွင့်အရေးများကိုမထိခိုက်စေပဲပြည်ထောင်စုအစိုးရအဖွဲ့ကသက်ဆိုင်ရာအဖွဲ့အစည်းသို့လိုအပ်သလိုညွှန်ကြားဆောင်ရွက်နိုင်သည်ဟူ၍လည်းကောင်းပြဋ္ဌာန်းထားသဖြင့်Social Media Monitoring Teamကိုဖွဲ့စည်းခြင်းဟာတည်ဆဲဥပဒေများနှင့်ညီညွတ်မှုရှိပါတယ်"ဟုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်...

    Read more
  • Oct292018

    ညာမောင်းလား ဘယ်မောင်းလား ဝေခွဲမရဖြစ်နေအုံးမယ့် (၂၀၁၉)

    နှစ်ပေါင်းသုံးဆယ်နီးပါး အသုံးပြုအသားကျနေတဲ့ ညာမောင်းကားတွေနေရာမှာ လမ်းစနစ်နဲ့ကိုက်ညီမယ့် ဘယ်မောင်းတွေ အစားထိုးအသုံးပြုကြစေဖို့အတွက်ဆိုရင်တော့ ဘယ်မောင်းကား အရောင်းစင်တာတွေက၀ယ်ယူသူတွေအတွက် စိတ်ကျေနပ်မှုရစေမယ့် ၀န်ဆောင်မှုတွေ ပိုမိုရရှိစေဖို့ ဆောင်ရွက်ပေးဖို့နဲ့အစိုးရအပိုင်းကလည်း ပိုမိုတိကျတဲ့ မူဝါဒသတ်မှတ်ချက်တွေရှိဖို့လိုအပ်နေပါတယ်။

    Read more
  • Oct222018

    ငွေကြေးကောက်ခံမှုနဲ့နာမည်ကြီးနေတဲ့ မိုးကောင်းမြို့နယ် ၈ မိုင်လမ်းဆုံပူးပေါင်းဂိတ် ဖျက်သိမ်း

    လွန်ခဲ့တဲ့ ၃ ရက်လောက်က စတင်ဖျက်သိမ်းလိုက်တာဖြစ်ပြီး မူလက မရန်ကထောင်မှာရှိနေတဲ့ တပ်မတော်လုံခြုံရေးဂိတ်နေရာဆီကိုရွှေ့လိုက်တာဖြစ်ဖြစ်ကြောင်း၊ ၈ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ လမ်းအသုံးပြုခကောက်ခံခြင်းကိုလည်း ကားမိုင်းဘက်ကိုရွှေ့လိုက်ပြီဖြစ်ကြောင်း၊ မရန်ကထောင်ဂိတ်ဟာလည်း ငွေကြေးကောက်ခံတဲ့ဂိတ်မဟုတ်တော့ဘဲ လုံခြုံရေးဂိတ်အဖြစ်သာသီးသန့်တည်ရှိတော့မှာဖြစ်ကြောင်း မိုးကောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် ကပြောပါတယ်။

    Read more
  • Oct122018

    ဆော့လော်မှာပုံထားတဲ့ တန် ၁၃၀၀ ကျော် သစ်ပုံကြီးကိစ္စ အခုထိပြဿနာမပြီးသေး

    ဆော့လော်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးကတော့ အဆိုပါသစ်တန် ၁၃၀၀ ဟာအပုံလိုက်တွေဖြစ်ပေမယ့် ဘယ်သူ့အပုံဖြစ်တယ်ဆိုတာတွေကို ကိုယ်စီအမှတ်အသားတွေပြုလုပ်ထားပြီးဖြစ်ကြောင်း၊ အဆိုပါသစ်တွေကို အမှတ်အသားဖျောက်ပြီးသယ်ဆောင်သွားမှုတွေရှိတယ်လို့လည်း ဒေသခံတွေပြန်ပြောချက်အရသိရကြောင်း ပြောပါတယ်။

    Read more
  • Sep262018

    ကွမ်းသီးတစ်ပိဿာလျှင် ၅ ကျပ်နှုန်းအခွန်ပေးပြီးမှ မရမ်းချောင်ဂိတ်ကို ဖြတ်သန်းခွင့်ရတဲ့ကိစ္စ လွှတ်တော်မှာမေးမြန်း

    ဒီအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ လုဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော် က ကွမ်းသီး၊ ကွမ်းသီး ခွံကုန်သွယ်မှုအတွက် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ကြောင်း၊ ဒါပေမဲ့ ၀င်ငွေခွန်ဥပဒေပုဒ်မ ၁၅(က)အရ "ထိုဝင်ငွေရရှိချိန်၌ ၀င်ငွေခွန်ပေးဆောင်ရန် တာဝန်ရှိစေရမည်" လို့ ပြဋ္ဌာန်းပါရှိတာကြောင့် ကွမ်းသီးတင်ပို့…

    Read more
  • Sep192018

    အဝေးပြေးယာဉ်ရပ်နားစခန်း၎ခုမှ အ၀င်အထွက်ဂိတ်တွေကို အလို အလျောက်လမ်းအခပေးစနစ်(တိုးဂိတ်စနစ်) ပြောင်းလဲတပ်ဆင်သွားဖို့မန်းစည်ပင်စီစဉ်နေ

    ဒီကားကွင်း ၄ ခုမှာ အီးတီစီစနစ်အတွက် စက်ကိရိယာတွေ၊ စီစီတီဗီတွေတပ်ဖို့လုပ်နေတာပါ၊ စက်တင်ဘာလကုန်အပြီးဆောင်ရွက် သွားမှာပါ လို့ မန္တလေးမြို့တော်စည်ပင်ကော်မတီဝင်ဦးကျော်ဇောအောင်ကပြောပါတယ်...

    Read more
  • Sep112018

    ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများ၏လိုင်စင်အာမခံကြေးငွေကိုတိုးမြှင့်သတ်မှတ်မည်

    မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအဖွဲ့ချုပ် ဥက္ကဋ္ဌဦးပီတာညွှန့်မောင်က"အဲဒါကတော့ဒီစာရင်းစစ်ချုပ်ရုံးရဲ့အစီရင်ခံစာအရအခုခေတ်နဲ့မသင့်လျော်ဘူးပြောတဲ့အတွက်ပြောင်းလဲဖို့အစီစဉ်ရှိတယ်ပေါ့လေ။ ဘယ်လောက်ပြောင်းလဲမယ်လို့တော့မသတ်မှတ်သေးဘူး။ အေဂျင်စီတွေကတော့ပိုပြီးတော့Depositသတ်မှတ်လိုက်ရင်တော့သူတို့အတွက်တော့အခက်အခဲထိုက်သင့်သလောက်တော့ရှိမှာပေါ့နော်"ဟုပြောသည်...

    Read more
  • Sep112018

    အေဂျင်စီများအနေဖြင့်အလုပ်သမားများ၏အကျိုးစီးပွားကိုကာကွယ်ပေးဖို့လိုပြီးထိုသို့မဆောင်ရွက်ပါကအရေးယူသွားမည်ဟုပြည်ထောင်စုဝန်ကြီးပြော

    "အေဂျင်စီများဟာသတ်မှတ်လုပ်ထုံးလုပ်နည်းများနဲ့အညီကျွန်တော်တို့အလုပ်သမားများရဲ့အကျိုးစီးပွားကိုကာကွယ်ပေးဖို့လိုပါတယ်။အဲ့လိုမဆောင်ရွက်တဲ့အေဂျင်စီများကိုလည်းပဲနောင်မှာကျွန်တော်တို့စိစစ်ပြီးတော့မှဖော်ထုတ်ပြီးတော့မှထိုက်သင့်သလိုအရေးယူသွားရမှာဖြစ်ပါတယ်"ဟုဝန်ကြီးကပြောသည်။

    Read more
  • Sep062018

    မြန်မာနိုင်ငံမှာတစ်ခါမှမရှိဖူးတဲ့ ကမ်းခြေစောင့်တပ်ဖွဲ့(Coast Guard) တည်ထောင်ရန်စီစဉ်နေ

    နိုင်ငံတကာမှာတော့ Cost Guard ကို ပုံစံ ၄ မျိုးနဲ့ ဖွဲ့လေ့ရှိကြောင်း တစ်ချို့ Cost Guard တွေဟာ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိပြီး အချို့ Cost Guardတွေဟာ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိကြောင်း၊ အချို့ Cost Guardတွေဟာ…

    Read more
  • Sep062018

    ဘဝပေးအခြေအနေအရကျောင်းထွက်ရမည့်ကလေးများအတွက်ကျောင်းမတက်မနေရစနစ်က ရာနှုန်းပြည့် ကူညီမှုမပေးနိုင်ဟုဆို

    "ဘဝပေးအခြေအနေအရကျောင်းထွက်ရမယ့်ကလေးတွေကိုကျောင်းမတက်မနေရစနစ်ကရာနှုန်းပြည့်မကူညီနိုင်ပါဘူး။ဒီကလေးတွေရဲ့ဝင်ငွေကိုသူ့မိသားစုကမှီခိုဖို့လိုအပ်နေတဲ့အခြေအနေမျိုးမှာဒီကလေးအတွက်ကျွမ်းကျင်တဲ့ပညာရပ်တစ်ခုအခမဲ့သင်ယူတတ်မြောက်ဖို့သူတတ်တဲ့ပညာနဲ့ကိုက်ညီတဲ့အလုပ်တစ်ခုရဖို့လုပ်ငန်းခွင်တွေမှာအန္တရာယ်ကင်းကင်းကျွမ်းကျွမ်းကျင်ကျင်အလုပ်လုပ်နိုင်ဖို့ကအတန်းပညာဆက်သင်ဖို့ထက်အရေးကြီးပါတယ်"ဟုဒေါ်ယဉ်မင်းလှိုင်က ဆွေးနွေးခဲ့သည်...

    Read more