အင်အားတည်ဆောက်တာ၊ နယ်မြေတည်ဆောက်တာ မလုပ်ရန် JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော

အင်အားတည်ဆောက်တာ၊ နယ်မြေတည်ဆောက်တာ မလုပ်ရန် JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော
September 12, 2018 Asian Fame

4:13 pm
အင်အားတည်ဆောက်တာ၊ နယ်မြေတည်ဆောက်တာ မလုပ်ရန် JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ပြော

a

ရန်ကုန်၊ စက်တင်ဘာ ၁၂

အင်အားတည်ဆောက်တာတွေ နယ်မြေတည်ဆောက်တာတွေ ဆောင်ရွက်ခြင်းမပြုကြဖို့ JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်(တပ်မတော်)က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ NRPC မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ရဲ့ (၁၈) ကြိမ်မြောက် အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လက်ရှိအနေအထားမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကိုကြည့်ရင် အင်အားတည်ဆောက်တာတွေ နယ်မြေတည်ဆောက်တာတွေ ဒီအပေါ်မှာ အခြေခံပြီးတော့ ဖြစ်ပွားနေတာတွေ့ရပါတယ်။ ကျွန်တော်တို့ တပ်မတော်အနေနဲ့ကတော့ ထာဝရငြိမ်းချမ်းရေးနဲ့ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ဖော်ဆောင်နေတာဖြစ်တဲ့အတွက် အင်အားတည်ဆောက်တာတွေ နယ်မြေတည်ဆောက်တာတွေဟာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကြီးမားတဲ့အဟန့်အတားဖြစ်စေတဲ့အတွက် တစ်ဘက်နဲ့တစ်ဘက် သံသယကိုလည်းပိုပြီးတော့ကြီးထွားစေပါတယ်။ အခုလို တစ်ဘက်နဲ့တစ်ဘက် ယုံကြည်မှုတည်ဆောက်နေတဲ့ကာလမှာ ထိပ်တိုက်ရင်ဆိုင်မှုများကိုေ ရှာင်ရှားလိုတဲ့ အင်အားတည်ဆောက်တာတွေ နယ်မြေတည်ဆောက်တာတွေ ဆောင်ရွက်ခြင်းမပြိုဖို့ အတွက် ကျွန်တော့်အနေနဲ့သတိပေးပန်ကြားလိုပါတယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က သူ့ရဲ့အဖွင့်မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဘက်နဲ့တစ်ဘက် ရန်မှုတာ၊ စော်ကားမှုဖြစ်စေတာကို တိုက်ရိုက်(သို့မဟုတ်) သွယ်ဝှိုက်ပြီး မပြလုပ်ရဘူးလို့ NCA မှာ တိတိကျကျဖော်ပြထားတဲ့အတွက် သိရှိလိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ ယုံကြည်မှုတည်ဆောက်ရာမှာ ကိုယ်ပိုင်သွင်ပြင်အမှတ်လက္ခဏာတွေကိုလည်း ဦးစားပေးဆောင်ရွက်နေခြင်းထက် နိုင်ငံတော်ဆိုတဲ့ ဘုံသွင်ပြင်ခိုင်မာအောင်ဆောင်ရွက်တာဟာတစ်ဘက်နဲ့တစ်ဘက် အပေါင်းလက္ခဏာဆောင်တဲ့မိတ်ဘက်အသွင်းကိုပြောင်းလဲ လာမှာဖြစ်တဲ့အပြင် အပြန်အလှန်အကျိုးပြုရာကနေတစ်ဆင့် ယုံကြည်နားလည်မှုတွေတဖြည်းဖြည်းဖြစ်ပေါ်လာမှာဖြစ်တဲ့အတွက် ကိုယ်ပိုင်သွင်ပြင်လက္ခဏာကို အလွန်အမင်းဦးစားပေး ဆောင်ရွက်နေတာတွေကို သတိထားဖို့တင်ပြလိုတယ်လို့လည်းသူကထပ်လောင်းဆိုခဲ့ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU) နဲ့ ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ကြပါတယ်။

ဒုတိယဥက္ကဌ ၁ ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး(KNU) က “ပဋိပက္ခဖြစ်တိုင်း တစ်ဦးအပေါ်တစ်ဦးပြစ်တင်ရှုံ့ချခြင်းဟာလည်း ပြဿနာရဲ့ အဖြေမဟုတ်သလို ပြဿနာကိုပိုမိုကြီးထွားစေလို့ ရန်လိုစိတ်မုန်းတီးစိတ်တွေကိုပဲ တိုးပွားစေမှာဖြစ်ပါတယ်။ ဒါကြောင့်ပြဿနာအရင်းအမြစ်တွေကိုစေတနာမှန်မှန်နဲ့ ပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြနိုင်တဲ့အလွတ်သဘောဆွေးနွေးမှုများကို မကြာခဏလုပ်နိုင်ဖို့ လိုအပ်မယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ဒုတိယဥက္ကဌ ၂ ဦးစိုင်းမျိုးသန့် ကတော့ JMC ဖွဲ့စည်းတဲ့သက်တမ်း ၃ နှစ်ပြည့်တော့မှာဖြစ်ကြောင်းနဲ့ ဒီကာလမှာ ပွတ်တိုက်မှုတွေရှိခဲ့ပေမယ့် အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့ကြောင်း၊ ဒီလိုအောင်မြင်မှုကို ပြန်သုံးသပ်တဲ့အခါ အချင်းချင်းဟာ ညီရင်းအကိုမောင်နှမတွေကို ပူးပေါင်းဆောင်ရွက်ကြလို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။

အခုတစ်ခေါက်ကျင်းပတဲ့ JMC-U အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာဖြစ်ပါတယ်။

AF-178
Photo-JMC

aa

aaa

aaaa

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*