ယခုနှစ်အတွင်း တည်းခိုခန်း(၄၅၁) ခုအပါအ၀င် လိုင်စင် ၅သောင်းခွဲကျော် စည်ပင်က ခွင့်ပြုချပေးခဲ့

ယခုနှစ်အတွင်း တည်းခိုခန်း(၄၅၁) ခုအပါအ၀င် လိုင်စင် ၅သောင်းခွဲကျော် စည်ပင်က ခွင့်ပြုချပေးခဲ့
May 17, 2018 AsianFame MediaGroup

5:07 pm
ယခုနှစ်အတွင်း တည်းခိုခန်း(၄၅၁) ခုအပါအ၀င် လိုင်စင် ၅သောင်းခွဲကျော် စည်ပင်က ခွင့်ပြုချပေးခဲ့

32680596_1793265077384116_1607086920037302272_n

ရန်ကုန် ၊ မေ ၁၇

ရန်ကုန်မြို့ တော်စည်ပင်က ခွင့်ပြုပေးနေတဲ့ လိုင်စင်အမျိုးအစား (၇)မျိုးနဲ့ ယခုနှစ် မတ်လကုန်အထိ လိုင်စင်စုစုပေါင်း ငါးသောင်းခွဲကျော်ခွင့်ပြုပေးထားပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒီကနေ့ လွှတ်တော်မှာတင်ပြသွားတဲ့အချက်အလက်အရသိရတာဖြစ်ပါတယ်။

အစားအသောက်လိုင်စင်၊လုပ်ငန်းလိုင်စင်၊တည်းခိုခန်းလိုင်စင်၊ဘော်ဒါဆောင်လိုင်စင်၊ကိုယ်ပိုင်ဈေးလိုင်စင်၊ယာဉ်နဲ့ လှည့်လည်ရောင်းချခွင့်လိုင်စင်နဲ့  ယာယီိဇာတ်ရုံဆောက်လုပ်ခွင့်လုပ်စင်တို့ ကိုခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့ တိုင်းအစိုးရက လွှတ်တော်မှာတင်ပြပါတယ်။

ဒီကနေ့  ပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ လမ်းမတော်မြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက စည်ပင်ကချပေးနေတဲ့ လိုင်စင်တွေနဲ့ ပတ်သတ်လို့ မေးမြန်းခဲ့ပြီး လိုင်စင်မရဘဲဖွင့်ထားတဲ့ဆိုင်ခန်းတွေအတွက် ဥပဒေအရ ဘယ်လိုဆောင်ရွက်ထားသလဲဆိုတာကိုမေးမြန်းခဲ့ပါတယ်။

ရန်ကုန်မြို့ တော်ဝန်ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ရာမှာ ၂၀၁၈ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့အထိ လိုင်စင်ခွင့်ပြုခဲ့မှု အခြေအနေမှာ အစားအသောက်လိုင်စင် (၈၄၀၈) ခု၊ လုပ်ငန်းလိုင်စင် (၄၆၀၁၁) ခု၊ တည်းခိုခန်းလိုင်စင် (၄၅၁)၊ ဘော်ဒါဆောင်လိုင်စင် (၃၆၀)ခု၊ ကိုယ်ပိုင်ဈေး (၈၆)ခု၊ ယာဉ်ဖြင့် လှည့်လည်ရောင်းချခွင့်လိုင်စင် (၁၇၄)ခု၊ ယာယီ ဇာတ်ရုံဆောက်လုပ်ခွင့်လိုင်စင် (၂၆)ခု၊ စုစုပေါင်း (၅၅၅၁၆)ခု ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။

လိုင်စင်များလျှောက်ထားရင် သာမန်အားဖြင့် အနီးဆုံးပတ်ဝန်းကျင် နေထိုင်သူများရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာ မီးသတ်/လျှပ်စစ်ဌာနရဲ့ ထောက်ခံချက်တို့ရယူပြီး လိုင်စင်ခွင့်ပြုလျက်တယ်လို့ မြို့ တော်ဝန်ကပြောပါတယ်။လိုအပ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ထောက်ခံချက်၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်၊ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာန အဖွဲ့အစည်းများရဲ့ ထောက်ခံချက်၊ အဆောက်အဦသစ်ဖြစ်ပါက ဆောက်လုပ်ခွင့်ပြုမိန့်/ ပြင်ဆင်ခွင့်ပြုမိန့်တို့ ရယူပြီး ရေဆိုးစွန့်ပစ်မှုစနစ်၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်မှုစနစ်၊ မိမိဧရိယာအတွင်း ဆောင်ရွက်မှု ရှိ/မရှိ တို့ကို မြေပြင် ကွင်းဆင်းစစ်ဆေးကာ လိုင်စင်ခွင့်ပြုလျက်ရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

”လိုင်စင်မရဘဲဖွင့်ထားတာကျတော့ နိုင်ငံတော်အတွက်နစ်နာပါတယ်။ ၀င်ငွေမရဘဲဖြစ်နေတယ်။ လမ်းမတော်ထဲမှာဆို အသစ်ဖွင့်လာတဲ့ဆိုင်ခန်းတွေ တည်းခိုခန်းတွေနဲ့ အခြားအလှပြင်ဆိုင်လိုဆိုင်တွေပိုပြီးများလာတယ်။ အဲဒီတော့ ၀င်ငွေခွန်တွေပိုရဖို့ ၊ ဆိုင်ခန်းဖွင့်ထားတဲ့သူတွေအထောက်အကူရအောင်ဒီမေးခွန်းကိုမေးပါတယ်” လို့ ဒေါ်အေးအေးမာက ပြောပါတယ်။ ဒါ့အပြင် သူမအနေနဲ့  ကွင်းဆင်းလေ့လာခဲ့တုန်းက လိုင်စင်မလုပ်ထားတဲ့ဆိုင်တွေအနေနဲ့ လိုင်စင်လျှောက်ထားဆဲလို့ ဖြေကြောင်းနဲ့ လိုင်စင်လျှောက်ထားမှုကြာနေတယ်ဆိုတာနဲ့ ဒဏ်ကြေးကိုလည်းစည်ပင်က လာရောက်ကောက်ခံမှုမရှိဘူးလို့ ဖြေကြားတယ်လို့  မြို့ တော်ဝန်ကိုပြောပါတယ်။

g&g , ABC, One Stop Mart စတဲ့ Convenience Store ဆိုင်များဟာ လုပ်ငန်း လိုင်စင်အမျိုးအစား၊ စားသောက်ဆိုင်များမှာ အစားအသောက်လိုင်စင်အမျိုးအစား၊ onvenicence Store ဆိုင်များထက် လုပ်ငန်းပမာဏကြီးမားတဲ့ Mini Market, Super Market, Shopping Mall များဟာ ကိုယ်ပိုင်ဈေး လိုင်စင် အမျိုးအစားတို့ မှာပါဝင်ပါတယ်။

AF-245

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*