မြန်မာကျပ်ငွေ ဘီလီယံ၄၀၀နဲ့ ၅၀၀ကြား နှစ်စဉ် အရှုံးပေါ်လျှက်ရှိနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ရုံ

မြန်မာကျပ်ငွေ ဘီလီယံ၄၀၀နဲ့ ၅၀၀ကြား နှစ်စဉ် အရှုံးပေါ်လျှက်ရှိနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ရုံ
December 26, 2017 Fame Asian

2:33 pm
မြန်မာကျပ်ငွေ ဘီလီယံ၄၀၀နဲ့ ၅၀၀ကြား နှစ်စဉ် အရှုံးပေါ်လျှက်ရှိနေတဲ့ နိုင်ငံပိုင်စက်ရုံ ၂၄ရုံ

26165248_1664946420234300_2083285821585426523_n

ရန်ကုန် ၊ ဒီဇင်ဘာ ၂၆

၅နှစ်ဆက်တိုက်အရှုံးပေါ်နေတဲ့ စက်ရုံ၂၄ရုံအကြောင်းကို အစီရင်ခံစာရေးပြီး လွှတ်တော်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနထံ တင်ပြဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့က စီစဉ်နေတယ်လို့ သိရပါတယ်။

အဖွဲ့ဝင် ၂၃ဦးပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ယခုလ ဒီဇင်ဘာလ ၁၇ရက်နေ့က စပြီး အရှုံးပေါ်နေတဲ့ နိုင်ငံပိုင်စက်ရုံတွေဆီ သွားရောက် လေ့လာစစ်ဆေးမှုတွေ ပြုလုပ်အပြီး ယခုလို အစီရင်ခံစာရေးဖို့ ဆုံးဖြတ်ခဲ့တာပါ။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက “အစီရင်ခံစာရေးနေပါပြီ ၊ ဘာကြောင့်ရှုံးရတာလည်း ဆိုတဲ့ အကြောင်းပါ ပါပါတယ်”လို့ သူက ပြောပါတယ်။

အရှုံးပေါ်နေတဲ့ စက်ရုံတွေဟာ ဧရာဝတီတိုင်းထဲက စက်ရုံတွေ အများဆုံး ဖြစ်နေတယ်လို့ သူက ပြောပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သွားရောက်စစ်ဆေးခဲ့တဲ့ စက်ရုံတွေကတော့ မြင်းခြံက သံမဏီစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ပုသိမ်က မှန်စက်ရုံ၊သာပေါင်းက စက္ကူစက်ရုံ၊သတင်းစာစက်ရုံ၊သန်လျင်က အမှတ်(၁) ရေနံချက်စက်ရုံ၊သင်္ဃန်းကျွန်းက ရာဘာပစ္စည်း စက်ရုံခွဲ၊သာဂရက အမှတ်၁၄ အကြီးစားစက်ရုံ၊အမှတ်၁၅ အကြီးစားစက်ရုံ၊အမှတ် ၂၆ အကြီးစားစက်ရုံ နဲ့ ရွှေတောင်က အမှတ်(၁)အထည်စက်ရုံ စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံပိုင် စက်ရုံ၂၄ရုံဟာ တစ်နှစ်ကို မြန်မာကျပ်ငွေ ဘီလီယံ၄၀၀နဲ့ ၅၀၀ကြား နှစ်စဉ် အရှုံးပေါ်လျှက် ရှိနေပါတယ်။

ဒီစက်ရုံတွေဟာ လည်ပတ်မှု ယာယီရပ်ဆိုင်းထားတဲ့ စက်ရုံတွေ ဖြစ်ကြပါတယ်။

ဒီစက်ရုံတွေထဲကမှ စက်ရုံအချို့ဟာ အပြီးပိတ်သိမ်းဖို့ရှိနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“၃၊၄၊၅ရုံကတော့ ပိတ်သိမ်းသွားဖို့ရှိနေတယ်”လို့ ဦးအောင်ကျော်ကျော်ဦးက ပြောပါတယ်။

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*