ရာဘာ ရာသီစ အဖွင့်ဈေး ယခင်နှစ်ထက် များစွာနိမ့်ကျနေ

ရာဘာ ရာသီစ အဖွင့်ဈေး ယခင်နှစ်ထက် များစွာနိမ့်ကျနေ
November 8, 2017 Fame Asian

12:00 pm
ရာဘာ ရာသီစ အဖွင့်ဈေး ယခင်နှစ်ထက် များစွာနိမ့်ကျနေ

23316565_1596054773771815_6929284199169792904_n

နေပြည်တော် အောက်တိုဘာ (၈)

ယခုနှစ်အတွက်ရာဘာစေးခြစ်သည့် ရာသီစချိန် ရောက်ရှိလာုပီး အဖွင်းဈေးမှာ ယခင်နှစ်ထက်များစွာနိမ့်ကျလျှက်ရှိနေသည်။ယခင်နှစ်က ပြည်ပဝယ်လက်များ၏ အဖွင့်ဈေးမှာ တစ်ပေါင်လျှင်(၁၄၀၀)ဝန်းကျင်ရရှိခဲ့သော်လည်း ယခုနှစ်အဖွင့်ဈေးမှာ ကျပ်(၈၀၀)ခန့်သာ ပေါက်ဈေးရှိနေသည်။

“ရာဘာရောင်းအားကမဆိုးဘူးပြောလို့ရတယ်။ဒါပေမယ့် အဖွင့်ဈေးက နိမ့်ကျနေတာပေါ့၊ကုန်သည်တွေဆီကကြားတာတော့ ပြည်ပကဝယ်လက်ရှိပေမယ့် ဈေးချပြီးဝယ်နေတာကြောင့်လို့သိရပါတယ်”ဟု မွန်ပြည်နယ်ကျိုက်မရောမြို့မှ ရာဘာစိုက်တောင်သူ ကိုလင်းလင်းဦးက ဆိုသည်။

ပြည်တွင်းမှထွက်ရှိသည့်ရာဘာစုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းကျော်ကို ပြည်ပနိုင်ငံများသို့တင်ပို့နေပြီး ငွေလဲနှုန်းများကြောင့်လည်း ရာဘာဈေးကျဆင်းရခြင်းဖြစ်ကြောင်းသိရသည်။ပြည်တွင်းမှ ရာဘာများကိုအများဆုံးဝယ်ယူနေသည့်နိုင်ငံများမှာ တရုတ်၊မလေးရှား၊စင်ကပူ၊အိန္ဒိယ၊ဂျပန်၊ထိုင်ဝမ်နှင့်အင်ဒိုနီးရှားတို့ဖြစ်ကြပြီး တရုတ်နှင့်မလေးရှားနိုင်ငံကို အများဆုံးတင်ပို့လျှက်ရှိနေသည်။

ရာဘာသည် ပြည်ပသို့အများဆုံး တင်ပို့လျှက်ရှိနေသည့် လယ်ယာထွက်ကုန်(၁၀)မျိုး စာရင်းတွင်ပါဝင်နေသည်။ယခုဘဏ္ဍာနှစ်တွင် ပြညပသို့ရာဘာတင်ပို့မှုမှာ ကာလတူထက်ကန်ဒေါ်လာ (၂၆)သန်းကျော်ပိုမိုရရှိထားသည်ဟု ကုန်သွယ်ရေးဦးစီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*