2:20 pm
(ရန်ကုန်၊ဇူလိုင် ၂၇)
စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်သည် ယနေ့ မနက်ပိုင်းက ရန်ကင်း ကလေးဆေးရုံကြီးသို့ သွားရောက်၍ ပြင်းထန်တုပ်ကွေးရောဂါ ကာကွယ် ကုသရေး အတွက် လိုအပ်သည့် ပစ္စည်းများကို လှုဒါန်းခဲ့သည်။
ဦးဇော်ဇော်က ပြင်းထန် တုပ်ကွေးရောဂါ ကာကွယ်ကုသရေး အတွက် လိုအပ်သည့် သွေးအတွင်းရှိ အောက်ဆီဂျင် ပမာဏ တိုင်းတာသည့် ကိရိယာငယ် Pulse Oximeter၊ ကိုယ်ခံ စွမ်းအားမြှင့်တင် ကာကွယ်ဆေး Human Immunoglobulin၊ ရာသီ တုပ်ကွေး ကာကွယ်ဆေးပြား Tamiflu Tablet၊ ခွဲစိတ်ခန်းသုံးဝတ်ရုံ Surgical Gown နှင့် နှာခေါင်းစည်းမျက်နှာဖုံး N95 Mask အခုရေ (၅,၅၀၀) တို့ကို ပံ့ပိုးပေးခဲ့သည်ဟု သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနက ယင်းဆေးရုံတွင် တက်ရောက်နေသည့် ကလေး ၂ဦး၌ ရာသီတုပ်ကွေး H1N1 ရောဂါ ပိုး နှင့် ရာသီတုပ်ကွေး H3N2 ရောဂါပိုးတွေ့ ထား၍ ကလေး၂ဦးကို အထူးကြပ်မတ် ကုသဆောင် တွင်ကု သပေးနေ ရသည်ဟု သတင်းထုတ်ပြန်ထားသည်။
ဓါတ်ပုံ။ ။ဧရာဝတီဖောင်ဒေးရှင်း