ရန်​ကုန်​မြို့သစ်​စီမံကိန်းကို ​ဆွေး​နွေးဖို့ လွှတ်​​တော် ​ကိုယ်​စားလှယ်​များကို အချိန်​ တစ်​ရက်​သာ တိုင်းအစိုးရ​ပေး”

ရန်​ကုန်​မြို့သစ်​စီမံကိန်းကို ​ဆွေး​နွေးဖို့ လွှတ်​​တော် ​ကိုယ်​စားလှယ်​များကို အချိန်​ တစ်​ရက်​သာ တိုင်းအစိုးရ​ပေး”
July 10, 2017 Asian Fame

1:53 pm
ရန်​ကုန်​မြို့သစ်​စီမံကိန်းကို ​ဆွေး​နွေးဖို့ လွှတ်​​တော် ​ကိုယ်​စားလှယ်​များကို အချိန်​ တစ်​ရက်​သာ တိုင်းအစိုးရ​ပေး”

_MG_6393(ရန်ကုန် ဇူလိုင် ၁၀)

ရန် ကုန်တိုင်းဒေသကြီး အတွင်းဖော်ဆောင်မယ့် “ရန်ကုန်မြို့သစ် စီမံကိန်း”ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒီကနေ့ ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။ အဆိုပါ စီမံကိန်းကို ဆွေးနွေးချင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မနက်ဖြန် ဇူလိုင်လ ၁၁ရက်နေ့ ၁၂ နာရီမကျော်ခင် ဆွေးနွေးချင်တဲ့ အချက်တွေကို တိုင်းအစိုးရ ကိုပေးပို့ရမှာပါ။ ဒီအတွက် တိုင်းအစိုးရ ပေးတဲ့အချိန်ဟာ မလုံလောက်ဘူးလို့ ဆိပ်ကြီး ခနောင်တို မဲဆန္ဒနယ် အမှတ် ၁မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဝေဖန်ပါတယ်။

“လုံလောက်တဲ့ အချိန် မဟုတ်ပါဘူး။ ဒီနေ့လည်း ဝန်ကြီး တင်သွင်းတဲ့နေရာမှာ အချက်အလက်တွေ လွှတ်တော် ထဲမှာ ဖြန့်ဝေထား တာမရှိပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ အခုပဲ ဝန်ကြီးကို တင်ပြလိုက်ပါတယ်။ ဝန်ကြီးတင်ပြ သွားတဲ့ လွှတ်တော်ပေါ်က အချက်အလက်တွေကို လွှတ်တော် ဥက္ကဌကြီးမှ တစ်ဆင့် ကိုယ်စားလှယ်တွေကိုဖြန့်ပေးပါ ဒီအပေါ်မှာ ကြည့်ရပါဦ်းမယ် မြေပြင်အခြေအနေ လည်း စုံစမ်းရပါဦးမယ် ” လို့ သူမကပြောပါတယ်။

ဒီကနေ့ တင်သွင်းလိုက်တဲ့ စီမံကိန်းဟာ ပြီးခဲ့တဲ့ အစိုးရလက်၊ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းက အတည်ပြုခဲ့ပြီး ဖြစ်လို့ ဆွေးနွေးရန်မလိုတော့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောပါတယ်။ ဒါပေမဲ့ စီမံကိန်းမှာ ပါဝင်မယ့် ရင်းနှီးမြှုပ်နှံသူ အပြောင်းအလဲ ၊ပြင်ဆင်ပြောင်းလဲ ထားချက် များရှိ နေတာကြောင့် နဲ့ အသေးစိတ် အချက်များ ဘာမှ မသိရသေးတဲ့ အတွက် လွှတ်တော် မှာဆွေးနွေးပြီးမှသာ အကောင်အထည် ဖော်သင့်တယ်လို့ ဒေါ်စန္ဒာမင်း ကပြောပါတယ်။

များပြားလာမယ့် ရန်ကုန်မြို့ရဲ့လူဦးရေနဲ့ ချိန်ညှိပြီး ဖော်ဆောင်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က လွှတ်တော် ကို ရှင်းလင်း တင်ပြခဲ့တာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*