ယခုလ(၁)ရက်နေ့မှစတင်ကာ လိုင်စင်မဲ့ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်မည်

ယခုလ(၁)ရက်နေ့မှစတင်ကာ လိုင်စင်မဲ့ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်မည်
July 1, 2017 Asian Fame

8:08 pm
ယခုလ(၁)ရက်နေ့မှစတင်ကာ လိုင်စင်မဲ့ယာဉ်များကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးနိုင်ရေးဆောင်ရွက်မည်

19748606_1480789135316697_3812849661491952662_n

နေပြည်တော် ဇူလှိုင် (၁)

ဇူလှိုင်လ(၁)ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအနှံ့လိုင်စင်မဲ့ကားများနှင့်ဆိုင်ကယ်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စီမံချက်ချပြီး ပူးပေါင်းအဖွဲ့များနှင့်အတူဖမ်းဆီးအရေးယူနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။

“အရင်က ရဲတပ်ဖွဲ့ကနေ စီမံချက်တွေလှည့်ကင်းတွေနဲ့ဂိတ်တွေမှာ ဖမ်းဆီးကြတာပေါ့၊အခုကျတော့ ကညန ကနေမှ ရှာဖွေစီစစ်ပြီးပူးပေါင်းအဖွဲ့တွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးဖို့ လုပ်မှာပါ။စီမံချက်အသေးစိတ်နဲ့နေရာတွေကျတော့ ကြိုတင်ရှောင်ရှားကြမှာစိုးလို့ ကြိုမပြောတော့ဘူး”ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(နေပြည်တော်)မှအကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

ယခုနောက်ပိုင်းတွင် လိုင်စင်မဲ့မော်တော်ယာဉ်တွေကို အခြားယာဉ်နံပါတ်ပြားများတပ်ဆင်ခြင်း၊မှတ်ပုံတင်အမှတ်အသားအတုများပြုလုပ်ခြင်းစသည့်လုပ်ရပ်များဖြစ်ပေါ်လာသဖြင့် ကညန မှ အသေးစိတ်စီမံချက်များရေးစွဲပြီးရှာဖွေဖမ်းဆီးသွားရန်စီစဉ်ခြင်းဖြစ်သည်။

လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမှုများတွင်တွေ့ရှိရသောသက်သေခံအမှတ်အသားအားလုံးသည် အတုပြုလုပ်ထားခြင်းများသာဖြစ်ပြီး ကညနတာဝန်ရှိသူများအနေဖြင့်အလွယ်တကူစစ်ဆေးသိရှိနိုင်သည့်အတွက်နေရာအနှံ့ပူးပေါင်းအဖွဲ့များနှင့်အတူရှာဖွေဖော်ထုတ်သွားမည်ဖြစ်သည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနေနှင့် လိုင်စင်မဲ့ယာဉ်များကို ဌာနရှိကျွမ်းကျင်ဝန်ထမ်းနှင့်အင်ဂျင်နီယာများမှ စစ်ဆေးဖော်ထုတ်မည်ဖြစ်ပြီး ပူးပေါင်းအဖွဲ့များမှ ဖမ်းဆီးအရေးယူမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။လိုင်စင်မဲ့ယာဉ်များကို ဖော်ထုတ်ဖမ်းဆီးခြင်းများအပြင် ယာဉ်သက်သေခံအမှတ်အသားအတုပြုလုပ်သူများကိုလည်း ခြေရာခံဖမ်းဆီးမှုများပြုလုပ်သွားရန်စီစဉ်နေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှသိရသည်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*