အစိုးရ၏ ဘတ်ဂျက်တောင်းခံငွေများမှ ကျပ်ဘီလျံ ၃ဝဝ ကျော် ဖြတ်တောက်ရန် ငွေစာရင်းပူးပေါင်းကော်မတီ တင်ပြ

အစိုးရ၏ ဘတ်ဂျက်တောင်းခံငွေများမှ ကျပ်ဘီလျံ ၃ဝဝ ကျော် ဖြတ်တောက်ရန် ငွေစာရင်းပူးပေါင်းကော်မတီ တင်ပြ
March 8, 2017 Asian Fame

4:21 pm
အစိုးရ၏ ဘတ်ဂျက်တောင်းခံငွေများမှ ကျပ်ဘီလျံ ၃ဝဝ ကျော် ဖြတ်တောက်ရန် ငွေစာရင်းပူးပေါင်းကော်မတီ တင်ပြ

စိုင်းလမင်း
နေပြည်တော်၊ မတ် ၆

လာမည့် ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့၏ ဘတ်ဂျက်တောင်းခံငွေများထဲမှ ကျပ် ၃ဝဝ ဘီလျံကျော်ကို ဖြတ်တောက်ရန် ပြည်ထောင်စုလွှတ်တော် ပြည် သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ တင်ပြခဲ့သည်။

မတ်လ ၆ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင် စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွင် လာမည့်ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့က တင်ပြတောင်းခံထားသော ကျပ်ဘီလျံ နှစ်သောင်း ရှစ်ရာကျော်ထဲမှ ကျပ်ဘီလျံ ၃ဝဝ ကျော်အား ဖြတ်တောက်ရန် ပြည်ထောင်စု လွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီမှဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက တင်ပြခဲ့ခြင်းဖြစ်သည်။

ယခုနှစ် ဘဏ္ဍာနှစ်တွင် ကျပ်ဘီလျံ ၄ဝဝဝ ကျော် လိုငွေပြခဲ့ပြီး ဘတ်ဂျက်လိုငွေများကို ယခင်ဘဏ္ဍာနှစ်များအတိုင်း ဗဟိုဘဏ်က ငွေစက္ကူအသစ် ရိုက်နှိပ်ဖြည့် ဆည်းတော့မည် မဟုတ်ဘဲ လိုငွေ ၏ ၄ဝ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်မှ ချေးယူရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။

”ဘတ်ဂျက်လိုငွေတွေကိုဖြည့် ဆည်းတဲ့နေရာမှာ အရင်ဘဏ္ဍာ နှစ်တွေကလို ငွေစက္ကူအသစ် ရိုက် နှိပ်တော့မှာ မဟုတ်ဘူး။ ဒီဘဏ္ဍာ နှစ်မှာ ထူးခြားတဲ့အချက်ကတော့ ပညာရေးနဲ့ကျန်းမာရေးအသုံးစရိတ် ကို ဒီနှစ်ရဲ့ ၁၃ ဒသမ ၆ ရာခိုင်နှုန်း အထိသုံးစွဲဖို့ ရည်မှန်းထားတာရှိ တယ်။ နောက်တစ်ခါ လူမှုကယ် ဆယ်ရေးအဖြစ်အသက် ၉ဝကျော် တွေကို လူမှုရေးပင်စင်အဖြစ် လာမယ့် ဘဏ္ဍာနှစ်မှာလစဉ်ငွေကျပ် တစ်သောင်း ထောက်ပံ့ပေးသွား မှာပါ” ဟု ၎င်းကပြောသည်။ ထို့အပြင် အဆင်းရဲဆုံး ပြည် နယ်များဖြစ်သော ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများတွင်ရှိ သော ကိုယ်ဝန်ဆောင်မိခင်များနှင့် ထိုမိခင်များမှ မွေးဖွားလာသော အသက် ၂ နှစ်အောက်ကလေးများ အတွက် လစဉ်ထောက်ပံ့ကြေးကျပ် တစ်သောင်းငါးထောင် ထောက်ပံ့ ပေးမည့် စီမံကိန်းများလည်း ပါဝင် ကြောင်း ၎င်းကပြောသည်။ အဆိုပါ ဘတ်ဂျက်ကိစ္စနှင့် ပတ်သက်၍ဆွေးနွေးလိုသော ကိုယ်စားလှယ်များသည် မတ်လ ၉ ရက် နေ့နောက်ဆုံးထား စာရင်းပေးသွင်း ရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*