လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပြီးပါက နယ်စပ်ပေါက်မှ လည်ပတ်ခွင့်ပြုမည်

လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပြီးပါက နယ်စပ်ပေါက်မှ လည်ပတ်ခွင့်ပြုမည်
March 3, 2017 Asian Fame

1:57 pm
လွိုင်ကော်နှင့် မယ်ဟောင်ဆောင် ညီအစ်မမြို့တော်အဖြစ် သတ်မှတ်ပြီးပါက နယ်စပ်ပေါက်မှ လည်ပတ်ခွင့်ပြုမည်

မေဇင်ဝင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နှင့် ကယားပြည်နယ် လွိုင်ကော် မြို့တို့ကို ညီအစ်မမြို့တော်အဖြစ်သတ်မှတ်ပြီးပါက နှစ်နိုင်ငံပြည်သူ များ နယ်စပ်ပေါက်မှတစ်ဆင့် ခရီး သွား လည်ပတ်ခွင့် ရရှိမည်ဖြစ် ကြောင်း ကယားပြည်နယ်ဟိုတယ် နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန မှ သိရသည်။

မတ်လ ၉ ရက်နေ့တွင် မြို့နှစ်ခုကို ညီအစ်မမြို့တော် များအဖြစ် သဘောတူလက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး ထိုသို့ရေးထိုးလိုက်ခြင်းကြောင့် ခရီးသွားလုပ်ငန်းကို မြှင့်တင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က ပြောသည်။

”နယ်စပ်ပေါက်ကနေ Entry Permit Visa နဲ့ လွိုင်ကော်ထိ ဝင်ခွင့်ပေးမယ်။ အဲဒီအပေါက်ကနေ တတိယနိုင်ငံသား မရသေးဘူး၊ ထိုင်းနိုင်ငံသားပဲရဦးမှာ။ ကျွန်တော် တို့ဘက်က မြန်မာနိုင်ငံသားကလည်း သွားလည်လို့ရမယ်။ ထိုင်းဘက်ကလည်း ဒီဘက်ကိုလာလည် လို့ရမယ်။ ကျွန်တော်တို့ဘက်က ခွင့်ပြုထားတာက ၆ ညအိပ် ၇ ရက် ခွင့်ပြုထားတယ်။ ထိုင်းဘက် ကလာရင် ၆ ညအိပ် ၇ ရက်ကို လွိုင်ကော်မြို့ထိ ဝင်ခွင့်ပြုဖို့ အကြမ်းဖျင်း သဘောတူညီမှု ရရှိ တယ်။ ဒါပေမယ့်အသေးစိတ် ဆွေး နွေးရဦးမှာပေါ့။ ဟိုဘက်ကိုလည်း တောင်းဆိုထားတာက မယ်ဟောင်ဆောင်ထိကို ခွင့်ပြုဖို့ပြောထားပါတယ်” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံသားများ ထိုင်း နိုင်ငံသို့ သွားရောက်လည်ပတ်မှုအတွက်ဗီဇာကြေးကိုမူ မသတ်မှတ်ရသေးကြောင်း ၎င်းကပြောသည်။ လက်ရှိတွင်ကယားပြည်နယ်သို့ပြည်တွင်းပြည်ပခရီးသွားလာ ရောက်မှု တိုးတက်လျက်ရှိပြီး ဟိုတယ်သစ်များလည်းတိုးချဲ့ဆောက် လုပ်လျက်ရှိကြောင်း သိရသည်။ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှရရှိသော စာ ရင်းအရ ၂ဝ၁၄ တွင်ကယားပြည် နယ်သို့ ပြည်ပဧည့် ၂၆၆၂ ဦး၊ ၂ဝ၁၅ တွင် ၃၉၃၃ ဦး၊ ၂ဝ၁၆ တွင် ၆၃၇၄ ဦး ဝင်ရောက်ခဲ့သည်ဟု သိရသည်။ပြည်နယ်တွင် ဟိုတယ်/ခရီး လိုင်စင်ယူထားသော ဟိုတယ် ၁၃ လုံး၊ အခန်းပေါင်း ၂၉ဝ ရှိပြီး နောက်ထပ် ဟိုတယ်သစ် ၁၅ လုံး ဆောက်လျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*