အွန်လိုင်းမှ ခရီးသွားလိုင်စင် လျှောက်ခွင့်ပြုသော်လည်း လျှောက်ထားသူနည်းပါး

အွန်လိုင်းမှ ခရီးသွားလိုင်စင် လျှောက်ခွင့်ပြုသော်လည်း လျှောက်ထားသူနည်းပါး
November 23, 2016 Asian Fame

7:59 am
အွန်လိုင်းမှ ခရီးသွားလိုင်စင် လျှောက်ခွင့်ပြုသော်လည်း လျှောက်ထားသူနည်းပါး
In Travel

လင်းဟိန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၆

အစိုးရသစ် လက်ထက်တွင်  အွန်လိုင်းမှတစ်ဆင့် ခရီးသွားလုပ် ငန်းဆိုင်ရာ လိုင်စင်များ လျှောက် ထားခွင့်ပြုခဲ့သော်လည်း လိုင်စင်   လျှောက်ထားမှု နည်းပါးကြောင်း   ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနမှ သိရသည်။

ယခုနှစ် ဇူလိုင်လမှစ၍ အွန် လိုင်းမှ လိုင်စင်လျှောက်ခွင့်ပြုခဲ့ရာ  နိုဝင်ဘာလအထိ  ဟိုတယ်/ တည်း ခိုခန်း ၈ ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်း ၁၆ ခု၊ ခရီးသည်ပို့ဆောင် ရေးလုပ်ငန်း ၂ ခု၊ စုစုပေါင်း လုပ် ငန်း ၂၆ ခုသာ လိုင်စင်လျှောက် ခဲ့ခြင်းဖြစ်ကြောင်း  ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင့် သွင်က ပြောသည်။

လိုင်စင်လျှောက်ထားမှု နည်း ပါးခြင်းနှင့်ပတ်သက်၍ ဦးတင့်သွင် က ”လုပ်ငန်းရှင်တွေ မသိသေးတာ ကြောင့်လည်း ဖြစ်နိုင်တယ်။ ပြီး တော့ အွန်လိုင်းက လျှောက်မယ်ဆို ရင် စာရွက်စာတမ်းတွေကို Scan  ဖတ်ရမယ်။ ပြီးရင် pdf  ခုတ်ရမယ်။ အဲဒီစာရွက်တွေကလည်း သူတို့အ တွက် အရေးကြီးတာကို။ နောက်ပြီး တော့ အွန်လိုင်းက လျှောက်ရင် လူ ချင်းမတွေ့ရ၊ စကားမပြောရတော့ အဆင်မပြေမှာကို စိုးရိမ်တာတွေ ကြောင့်လည်း ဖြစ်နိုင်ပါတယ်” ဟုပြောသည်။

လိုင်စင် လျှောက်သည့်အခါ လွယ်ကူမြန်ဆန်ရေးအတွက် အွန် လိုင်းမှလျှောက်၍ရစေရန် စီစဉ်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိ  ပမာဏ သည် လွန်စွာ နည်းပါးနေသေး ကြောင်း ¤င်းကပြောသည်။

ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် အွန်လိုင်းမှ တစ် ဆင့် လိုင်စင်လျှောက်ထားမှု တွင် ကျယ်လာစေရန် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်း များဖြင့် ရိုက်ကူးထားသော ဗီဒီယို ကြော်ငြာကို ဝန်ကြီးဌာနဝက်ဘ်ဆိုက် နှင့် Youtube ပေါ်တွင် တင်ပေးခြင်း ဖြင့် ပိုမိုလူသိများအောင်လုပ်ဆောင် နေကြောင်း ၄င်းက ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*