ဦးကိုနီနှင့် ကိုနေဝင်း တို့အတွက် မန္တလေးတွင် ဆုတောင်း ကုသိုလ်ပြုပွဲ ကျင်းပ

ဦးကိုနီနှင့် ကိုနေဝင်း တို့အတွက် မန္တလေးတွင် ဆုတောင်း ကုသိုလ်ပြုပွဲ ကျင်းပ
February 1, 2017 Asian Fame

11:43 am
ဦးကိုနီနှင့် ကိုနေဝင်း တို့အတွက် မန္တလေးတွင် ဆုတောင်း ကုသိုလ်ပြုပွဲ ကျင်းပ

wish1(ရန်ကုန် -ဖေဖော်ဝါရီ ၁)

သေနတ်သမား ရဲ့အနီးကပ် ပစ်ခတ် လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရသူ NLD ဥပဒေ အကြံပေး တရား လွှတ်တော်ရှေ့နေ ဦးကိုနီ နဲ့ သေနတ်သမား ကို အသက် စွန့်ဖမ်းဆီး ကူညီပေးခဲ့သူ taxi ယာဉ်မောင်း ကိုနေ၀င်းတို့ အတွက် ဆုတောင်း ကုသိုလ်ပြု ပွဲကို ဒီနေ့ မနက် ၉ နာရီက မန္တလေး အမရပူရမြို့နယ် တောင်လေးလုံး ကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

သံဃာ ၆ ပါးအား ဆွမ်းကပ်လှူဒါန်းခြင်း ၊ အမျှအတန်း ပေးဝေခြင်း ၊ ဆုတောင်းခြင်း ၊ ၀မ်းနည်း စကား ဆိုခြင်း ၊ ဂုဏ်ပြုခြင်း အစီ အစဉ်တွေ နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး ဒီပွဲကို မန္တလေးက On Line NLD အဖွဲ့ကဦးဆောင် စီစဉ်တာလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံ မှာ ဇန်န၀ါရီ ၂၂ ရက် မှ ၂၉ ရက်အထိ ကျင်းပတဲ့ Senior Leadership Program ကို ပြန်ကြားရေး ၀န်ကြီးနဲ့ အတူ သွားရောက် လေ့လာခဲ့သူ ဦးကိုနီဟာ ဇန်န၀ါရီ ၂၉ ရက် ညနေ ၅ နာရီခန့်က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် မှာ သေနတ်သမား ရဲ့အနီးကပ် လုပ်ကြံခံ လိုက်ရတာ ဖြစ်ပြီး ကိုနေ၀င်း ကတော့ သေနတ်သမား အားလိုက်လံ ဖမ်းဆီးရင်း အသက်စွန့် သွားခဲ့ရ သူဖြစ်ပါ တယ်။

သတင်းနှင့်ဓာတ်ပုံ -စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*