မဟာဗန္ဓုလ တံတားပေါ်မှာ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သွားတဲ့ YBS ၂ စီး ရဲ့ယာဉ်မောင်းတွေကို လိုင်းပိတ်သိမ်း အရေးယူဖို့ YRTA ထံ ယာဉ်ထိန်း ရဲတပ်ဖွဲ့တင်ပြ

မဟာဗန္ဓုလ တံတားပေါ်မှာ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သွားတဲ့ YBS ၂ စီး ရဲ့ယာဉ်မောင်းတွေကို လိုင်းပိတ်သိမ်း အရေးယူဖို့ YRTA ထံ ယာဉ်ထိန်း ရဲတပ်ဖွဲ့တင်ပြ
July 12, 2017 Asian Fame

10:31 am
မဟာဗန္ဓုလ တံတားပေါ်မှာ လမ်းပြောင်းပြန် ကျော်တက် မောင်းနှင်သွားတဲ့ YBS ၂ စီး ရဲ့ယာဉ်မောင်းတွေကို လိုင်းပိတ်သိမ်း အရေးယူဖို့ YRTA ထံ ယာဉ်ထိန်း ရဲတပ်ဖွဲ့တင်ပြ

cars(ရန်ကုန်၊ ဇူလိုင် ၁၂)

မဟာဗန္ဓုလ တံတားပေါ်မှာ လမ်းပြောင်းပြန် ကျော်တက်မောင်းနှင်သွားတဲ့ YBS ၂ စီး ရဲ့ယာဉ်မောင်းတွေကို လိုင်းပိတ်သိမ်း အရေးယူဖို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့က YRTA နဲ့ ကညန ကိုတင်ပြ ထားတယ်လို့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရဲ့ ဖေ့ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်က မဟာဗန္ဓုလ တံတားပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ် အပျက်ကို aung lay ဆိုတဲ့ ဖေ့ဘွတ် အကောင့် ကနေ ဖော်ပြခဲ့တဲ့တာကို တွေ့ရှိရတဲ့ အတွက် အခုလို အရေးယူဖို့ တင်ပြတာဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ ကဖော်ပြ ထားပါတယ်။

အဆိုပါ လမ်းပြောင်းပြန်ကျော်တက်တဲ့ ယာဉ်တွေရဲ့ ယာဉ်မောင်းတွေကို လိုင်းပိတ်တဲ့ အထိ အရေးယူဆောင်ရွက်ပေးဖို့ ရန်ကုန် တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ထံ တင်ပြထားကြောင်းနဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့ရှိ OCC ကနေ မှတ်တမ်း ရယူပြီး ကညနသို့ လိုင်စင် ၀င်ရောက်စဉ် အရေးယူနိုင်ရန် လည်း ဆောင်ရွက် ထားရှိကြောင်း ဖော်ပြထားပါတယ်။

YL
Photo- Yangon Traffic Police

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*