မန်းတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် အဆင့်မြင့် မီးပွိုင့်များ တိုးချဲ့ တပ်ဆင်

မန်းတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် အဆင့်မြင့် မီးပွိုင့်များ တိုးချဲ့ တပ်ဆင်
January 26, 2017 Asian Fame

11:33 am
မန်းတွင် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် အဆင့်မြင့် မီးပွိုင့်များ တိုးချဲ့ တပ်ဆင်

(မန္တလေး၊ ဇန်နဝါရီ ၂၄)

မန္တလေးမြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်း ယာဉ်ကြော ကျပ်မှု ဖြေရှင်းနိုင်ရန် ယခုနှစ်အတွင်း အဆင့်မြင့် မီးပွိုင့် ၁ဝ ခု တိုးချဲ့ တပ်ဆင်နေကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံ နှင့် ကုန်ရုံဌာန၊ ဌာနမှူး ဦးဇော်ဝင်းက ”ယာဉ်ကြောကျပ်မှုကို အချိန်နဲ့ တစ်ပြေးညီ ဖြေရှင်းနိုင်ဖို့ပါ။ မနှစ်က ယာဉ်ကြောကျပ်တဲ့ မီးပွိုင့်လမ်းဆုံ ၁၁ နေရာမှာ အာရုံခံစနစ် အသုံးပြုတဲ့ Real Time Traffic Light တွေ ကို တပ်ဆင်ခဲ့ပြီးပါပြီ။ ဒီနှစ်အတွက် နေရာ ၁ဝ ခုမှာ ထပ်တပ်နေတာပါ” ဟု ပြောသည်။

အာရုံခံစနစ် အသုံးပြုသော Real Time Traffic Light မီးပွိုင့်များ ကို ယမန်နှစ်က မြို့တွင်း လမ်းဆုံများတွင် ၁၁ ခုအထိ တပ်ဆင်ပေးနိုင် ခဲ့ပြီး ယခုထပ်မံ တပ်ဆင်မည့် အဆင့်မြင့်မီးပွိုင့်များသည် ယာဉ်ကြော ကျပ်မှုကို အလိုအလျောက် ထိန်းချုပ် ဖြေရှင်းနိုင်သည့် အာရုံခံကိရိယာ ပါဝင်သော မီးပွိုင့်များဖြစ်သည့် အတွက် စောင့်ဆိုင်း ယာဉ်မရှိချိန် မီးနီ နေမည်ဖြစ် ပြီး ယာဉ်ရှိသည့် ဘက်သို့ အလိုအလျောက် မီးစိမ်းပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

”UPS စနစ်ပါဝင်တဲ့အတွက် လျှပ်စစ်မီး ပြတ်တောက် သွားမယ်ဆို ရင်လည်း ၂၄ နာရီ အလုပ်လုပ် နေမှာပါ။ ဗဟိုထိန်းချုပ်ခန်းကနေ ပြီးတော့လည်း အချိန်နဲ့ တပြေးညီစောင့်ကြည့်နေမှာပါ” ဟုလည်း ၄င်းက ဆိုသည်။

ယခု တပ်ဆင် အသုံးပြုလျက်ရှိသော မီးပွိုင့် စနစ်က SCATS (Sydney Coordinated Adaptive Traffic System) ဟုခေါ်ပြီး သြစ တြေးလျ၊ တရုတ်၊ စင်ကာပူ အစရှိသည့် နိုင်ငံများတွင် အသုံးပြုလျက် ရှိကြောင်းလည်း သိရသည်။

မီးပွိုင့်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများ အတွက် CCTV ကင်မရာများမှတစ်ဆင့် ဖော်ထုတ်အရေး ယူနိုင်မည် ဖြစ်သည့်အပြင် ဗဟိုထိန်းချုပ် ခန်းတွင် တပ်ဆင်ထားသော အရည်အ သွေးမြင့် CCTV ကင်မရာ များဖြင့်လည်း ကားမောင်းသူနှင့် ကားနံပါတ် ကိုပါ လိုသလို အကျယ်ချဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*