သမဝါယမ အသင်းပိုင်မြေ နှင့် အဆောက်အဦ ပြဿနာ တိုင်းဒေသကြီး အစိုးရထံ တင်ပြထား

သမဝါယမ အသင်းပိုင်မြေ နှင့် အဆောက်အဦ ပြဿနာ တိုင်းဒေသကြီး အစိုးရထံ တင်ပြထား
October 20, 2016 Asian Fame

8:52 am
သမဝါယမ အသင်းပိုင်မြေ နှင့် အဆောက်အဦ ပြဿနာ တိုင်းဒေသကြီး အစိုးရထံ တင်ပြထား
In Local

သမဝါယမ အသင်းပိုင်မြေ နှင့် အဆောက်အဦ ပြဿနာ တိုင်းဒေသကြီး အစိုးရထံ တင်ပြထား

mdy2

(မန္တလေး၊ အောက်တိုဘာ ၁၈ )

မန္တလေး ချမ်းအေးသာစံ မြို့နယ် မောရဂီဝါရပ်မှ ရပ်ကွက်ပိုင် ရွှေဥ ဒေါင်း စားသုံးသူ သမဝါယမအသင်း ပိုင်မြေနှင့် အဆောက်အဦကို တစ်ဦး ပိုင်အမည်ဖောက်ကာ လုပ်ကိုင်လာ သဖြင့် တိုင်းဒေသကြီး တာဝန်ရှိသူ များထံ တင်ပြထားကြောင်း ရပ်ကွက် နေသူများက ပြောသည်။

အဆိုပါမြေနှင့် အဆောက်အဦ သည် အိမ်ထောင်စု ၁၃ဝဝ ကျော်ရှိ သော မောရဂီဝါ ရပ်ကွက် ၇၄ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား၊ အကွက် အမှတ် ၇ဝ၈ တွင် တည်ရှိပြီး ၁၉၈၃ ခုနှစ်က ရပ်ကွက် လူထု စုပေါင်း ထည့် ဝင်ငွေ ကျပ် တစ်သိန်းဖြင့် ဝယ်ယူထား ခြင်းဖြစ်ကြောင်း၊ ၂ဝဝ၇ ခုနှစ်တွင် အသင်း တာဝန်ရှိသူ တစ်ဦးက သတင်း စာမှတစ်ဆင့် လျှို့ဝှက် ကြော်ငြာကာ ၂ဝဝ၉ ခုနှစ်တွင် ရပ်ကွက် လူထုမသိ ရှိလိုက်ရဘဲ အရောင်းအဝယ်စာချုပ် ဖြင့် ရယူသွားခြင်းဖြစ်ကြောင်း ရပ် ကွက်နေသူများ ကဆိုသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင် ကျော်စိုးက ”ရပ်ကွက်သူ ရပ်ကွက် သားတွေဘက်က လုံးဝမ ကျေနပ်ကြ ဘူး။ အဓိကရုဏ်းတွေ အထိဖြစ်လာ နိုင်တယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက် မပါဘဲနဲ့လုပ်ထားတယ်။ မြေယာ လွှဲပြောင်း သွားတဲ့ စာရွက်စာ တမ်းတွေ ကလည်း မှန်ကန်မှု မရှိဘူး။ ကျွန်တော် တို့က ဌာနတစ်ခု ချင်းဆီ က စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆို ထားတာကို တရားရေး နဲ့ပဲလွှဲပြီး ပုတ် ထုတ်လိုက်တယ်။ အခုလို အမည် ပြောင်းတာတွေကို ဘယ်သူ လုပ်ပေး တယ် ဆိုတာကို ကျွန်တော်တို့က သိ ချင်တယ်။ တိုင်းဒေသကြီး တာဝန်ရှိ သူတွေဆီလည်း တင်ပြ ထားပြီးပြီ။ ထပ်ပြီးတော့လည်း တင်ပြသွားဦး မယ်။ ဒီကြားထဲတော့ တရားရေး နဲ့ပဲ လုပ်သွားရဦးမှာပဲ” ဟု ပြောသည်။

အဆိုပါ ပြဿနာအား တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ကိုယ်တိုင် စုံစမ်းစစ် ဆေးမှု ပြုလုပ်ရန် အဆင့်ဆင့် ညွှန် ကြား ထားသော်လည်း လက်ရှိ အခြေ အနေတွင် အဆောက်အဦ ဖျက်သိမ်း မိန့်ထွက်ပေါ်လာသဖြင့် ရပ်ကွက်လူ ထုက စိုးရိမ်လျက် ရှိနေပြီး အတင်းအဓမ္မ မပြုလုပ်ရန်လည်း တောင်းဆိုထား ကြသည်။

အဆိုပါသမ အသင်း၏ စာရင်း ကိုင်နှင့် ဆိုင်တာဝန်ခံ အဖြစ် တာဝန် ယူခဲ့ရသူဦးလှသန်းက ”ဒီဟာက အ သင်းသူ အသင်းသား ပိုင်တဲ့ အဆောက် အဦပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အသင်း သူအသင်းသားတွေ ရဲ့ ပိုက်ဆံ နဲ့ပဲဝယ် ခဲ့ကြတာပါ။ အခုဟာက ကျွန်တော် တို့ လွှဲပြောင်း ရောင်းချခဲ့တာလည်း မ ဟုတ်ဘူး။ အသင်း ဖျက်သိမ်းတုန်းက လည်း ကျွန်တော် တို့ကို ခေါ်ပြီး ဖျက် သိမ်း ခဲ့တာလည်း မဟုတ်ဘူး။ အဲဒီ တော့ သူတို့ဟာသူတို့ ပိုင်ဆိုင်မှု လုပ် သွားတယ်။ လုပ်သွားပြီးတော့ အခု ကျတော့ နောက်ထပ်တစ်ဆင့် လွှဲ ရောင်းသွားတယ်။ ကျွန်တော်တို့က ရပ်ကွက် အကျိုးအတွက် မဟုတ်လို့ အခုလို ဝင်ပါရတာပါ။ အတင်းအဓမ္မ လုပ်လာရင် ရပ်ကွက် လူထုက အပြင်း အထန်ဆန္ဒပြကြမှာပါ” ဟု ပြောသည်။

လက်ရှိ ကာလ ပေါက်ဈေးအရ အဆိုပါမြေနှင့် အဆောက်အဦ သည် ကျပ်သိန်းပေါင်း သောင်းချီ တန်ကြေး ရှိကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*