တရားမ၀င် ကုန်သွယ်မှုများ ကို ထိထိရောက်ရောက် အရေးယူမည်

တရားမ၀င် ကုန်သွယ်မှုများ ကို ထိထိရောက်ရောက် အရေးယူမည်
January 13, 2017 Asian Fame

11:29 am
တရားမ၀င် ကုန်သွယ်မှုများ ကို ထိထိရောက်ရောက် အရေးယူမည်

m(ရန်ကုန်- ဇန်နဝါရီ ၁၃) 

တရားမဝင် ကုန်သွယ်မှု များကို ထိထိရောက်ရောက် အရေးယူ သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင် စု ဝန်ကြီး ဦးကျော်ဝင်း က ပြောသည်။ “တရားမဝင် ကုန်သွယ်မှုကြောင့် ကျွန်တော်တို့ လုပ်ငန်းရှင်တွေ ထိခိုက်ပါတယ်။ အများကြီး နစ်နာပါတယ်။ သက်ဆိုင်ရာလုပ်ငန်းရှင်တွေပဲ နစ်နာတာ မဟုတ်ဘူး၊ တိုင်းပြည် အတွက်လည်း နစ်နာတယ်။ တရားမဝင် နည်းလမ်းနဲ့ လုပ်ချင်တဲ့ သူတွေကို ထိထိရောက်ရောက် ပြတ်ပြတ်သား အရေးယူမယ်။ ဒါမှသာ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်လာမယ် “ဟု ဦးကျော်ဝင်း ကပြောသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲကို ဇန်နဝါရီလ ၁၃ ရက်တွင် ရန်ကုန်ရှိ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၌ ပြုလုပ်ခဲ့ရာ အဆိုပါ ပွဲတွင် ၀န်ကြီးက အထက်ပါ အတိုင်းပြော ကြားခဲ့ခြင်း ဖြစ် သည်။  အစိုးရ အနေဖြင့် တရားမဝင် ကုန်သွယ်ရေးကို ကိုယ်တွယ် လုပ်ဆာင်ရာတွင် မှန်မှန်ကန်ကန် လုပ်ကိုင် နေသည့် လုပ်ငန်းများကို ထိခိုက်မှု မရှိစေရန် လုပ်ဆောင် သွားမည်ဖြစ်ပြီး အဂတိ လိုက်စားမှု ကင်းရှင်းစေရန်လည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းကပြောသည် ။

တရားမဝင် ကုန်သွယ်ရေး အပါအဝင် ပြည်တွင်း လုပ်ငန်းငယ်များက နိုင်ငံခြား လုပ်ငန်းများ၏ ဝါးမျိုခံနေရခြင်း ကို ထိန်းချုပ်နိုင်ရေး အတွက် UMFCCI မှ ညီနောင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အစိုးရ အဖွဲ့အစည်းများ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းရန် လိုအပ်ကြောင်း ၄င်းကပြောသည်။

ယင်းတွေ့ဆုံပွဲကို ဒုတိယသမ္မ ဦးမြင့်ဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးကျော်ဝင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးအုန်းမောင်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်း ရှင်များ တက်ရောက်ကြသည်။  ဒုသမ္မတ ဦးမြင့်ဆွေနှင့် စီးပွားရေး လုပ်ငန်းရှင် များ တွေ့ဆုံပွဲကို ၂၀၁၆ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ဖူးပြီး ယခု တွေ့ဆုံမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်သည် ။

လင်းဟိန်း  

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*