စမတ်ကတ် မှတ်ပုံတင် ပေးအပ်နိုင်ရန် နည်းလမ်း နှစ်သွယ်ကို စဉ်းစားနေဟုဆို

စမတ်ကတ် မှတ်ပုံတင် ပေးအပ်နိုင်ရန် နည်းလမ်း နှစ်သွယ်ကို စဉ်းစားနေဟုဆို
January 11, 2017 Asian Fame

1:54 pm
စမတ်ကတ် မှတ်ပုံတင် ပေးအပ်နိုင်ရန် နည်းလမ်း နှစ်သွယ်ကို စဉ်းစားနေဟုဆို

PNews
နေပြည်တော်၊ ဇန်နဝါရီ ၉

လက်ရှိ မှတ်ပုံတင်ကတ်များကို စမတ်ကတ်များနှင့်အစား ထိုးပြောင်းလဲပေးအပ်နိုင်ရန် နေရာအချို့၌ စတင်စမ်းသပ်နေ ပြီဟု အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမြင့်ကြိုင်က ပြောသည်။

   ပြီးခဲ့သည့် တစ်လကျော်မှစကာ နေပြည်တော်၊ မန္တလေး၊ ရန်ကုန် အင်းစိန်နှင့် ရခိုင်ပြည်နယ် စစ်တွေ စသည့်နေရာတို့ တွင် ရှေ့ပြေး လုပ်ငန်းအနေဖြင့်ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆောင် ရွက်နေကြောင်း သူကဆိုသည်။

”ဘယ်အချိန် အပြီးလုပ်မယ်၊ ဘယ်တော့ စလုပ်ပေးမလဲဆို တာတော့ မပြောနိုင်သေးဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရ အဖွဲ့ကို တင်ရမယ်။ ဆုံးဖြတ်ချက်ကျမှ ပြောလို့ရမယ်”ဟု ဦးမြင့်ကြိုင်က ပြောသည်။

လက်ရှိတွင် ဝန်ကြီးဌာနက စမတ်ကတ် မှတ်ပုံတင်ပေးအပ် နိုင်ရန် ကနဦးနည်းလမ်းနှစ်သွယ်ကို စဉ်းစားပြီး လုပ်ဆောင်နေ သည်ဟု သိရသည်။

ပထမနည်းလမ်းမှာ လူတစ်ဦး နံပါတ် ၁ ခု သတ်မှတ်၍ ပေးလိုက်သည့် နည်းလမ်း၊ ဒုတိယနည်းလမ်းမှာ နိုင်ငံအတွင်း   နိုင်ငံသား စိစစ်ရေးကတ် အမျိုးမျိုးရှိနေသည့်အတွက် ထိုအ တိုင်း ကွဲပြားစွာနှင့် နံပါတ်ခွဲပေးသည့်နည်းလမ်းတို့ ဖြစ်သည် ဟု အမြဲတမ်းအတွင်းဝန်က ရှင်းပြသည်။

”ကျွန်တော်တို့ဆီမှာက နိုင်ငံသားစိစစ်ရေးကတ်၊ ဧည့် နိုင်ငံသားကတ် စတာတွေရှိတော့ စဉ်းစားရတယ်”ဟု သူက ဆက်ပြောသည်။

   အင်းစိန်မြို့နယ်တွင် နေထိုင်သူ ကိုစိုးလေးက ”စက္ကူနဲ့ စာရင် စမတ်ကတ်ကို သဘောကျတယ်ဗျာ။ အတုလည်းလုပ် လို့မရဘူးလေ။ အတုလုပ်လည်း စစ်လို့လွယ်မှာပဲ”ဟုပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*